Posts

Civil 3D Training (Dam Modelling Course)

Image
AutoCAD Civil 3D Training Center - Myanmar   ကနေပြီး  AutoCAD Civil 3D 2018 Version  ကို အသုံးပြုလျှက်  Civil 3D Training - Dam Modelling Course ကို Online Class  ဖွင့်လှစ်သင်ကြားပေးနေပါပြီခင်ဗျာ။ ဘယ်သူတွေ တက်သင့်လဲ? More Prefer for Civil Engineer, Surveyor , Quantity Surveyor or Estimator Civil Engeinnering  နယ်ပယ်ဖြစ်တဲ့ လမ်းလုပ်ငန်း၊ မြို့ကွက်ဖော်ထုတ်ခြင်းလုပ်ငန်း ၊ ဆည်မြောင်းတာတမံ ရေစီးရေလာလုပ်ငန်း ၊ မြေသားလုပ်ငန်းတွက်ချက်ခြင်းတို့ အတွက် များစွာအသုံးဝင်တဲ့ အတွက်  မြို့ပြအင်ဂျင်နီယာများ ၊ ဆည်မြောင်း နဲ့ မြေတိုင်းပညာရှင်များ တက်ရောက်ကြတာ များပါတယ်။  irregular shape  ဖြစ်တဲ့ မြေကြီးလုပ်ငန်းတွက်ချက်ရာမှာ အများကြီး လွယ်ကူလျင်မြန်တာကြောင့် မြို့ပြလုပ်ငန်းနှင့် ဆက်နွယ်နေတဲ့  Quantity Surveyor  များလည်း တက်ရောက်သင့်ပါတယ်။ AutoCAD အခြေခံ ရှိပြီးသူ၊ Civil 3D အနည်းအကျဥ်း အသုံးပြုနိုင်သူ ဖြစ်ရင် ပိုကောင်းပါတယ်။ ဘယ်လို သင်ကြားရမှာလဲ? Google Classroom  ကို အသုံးပြုထားတာ ကြောင့် အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို သင်ယူနိုင်တဲ့ အားသာချက် ရှိပြီး မရှင်းလင်းသည်များကိုလည်း  Viber Group  မှာ မေးနိုင်တာကြ

Civil3D Tutorial : Create Profile Without Surface & Alignment

Image
           အခု ACTC MYANMAR က ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Land Surveyor များ၊ Drafter များ နှင့် Project Engineer များအတွက် များစွာ အဆင်ပြေ အသုံးတည့်မယ့်နည်းလမ်းလေး တခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သိချင်တဲ့အချက်ကို Short to the Point တိုက်ရိုက် သိနိုင်မယ့် နည်းလမ်းလေး ဖြစ်လို့ပါပဲ။ ဒါဆိုဘာဖြစ်မလဲ ဆက်လေ့လာကြည့်ရအောင်။            ဥပမာ ပြောရရင် ကျွန်တော်တို့က ဆိုဒ်ထဲမှာ Critical ဖြစ်တဲ့ နေရာတခုရဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံကို အရေးတကြီး သိချင်တယ်ဆိုပါစို့။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် Survey တိုင်းတာထားတဲ့ ဒေတာကို ဒေါင်းလုဒ်ချပြီးတာနဲ့ Civil 3D အတွင်းထည့်သွင်းလိုက်တာနဲ့ ကိုယ်လိုချင်တဲ့ Profile ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ တန်းမရပါဘူး။ Surface ဖွဲ့ရအုံးမယ်၊ လိုချင်တဲ့လမ်းကြောင်းအတိုင်း Alignment ဆွဲသားရအုံးမယ်။ ပြီးတော့မှ Profile ထုတ်ယူရရှိမှာ ဖြစ်ပါတယ်။            အခုပြောပြမယ့်နည်းလမ်းကတော့ Surface ဖွဲ့ရခြင်း၊ Alignment ဆွဲသားရခြင်းဆိုတဲ့ အဆင့်တွေကိုကျော်ပြီး Survey Data ဒေါင်းလုဒ်ချ ထည့်သွင်းပြီးတာနဲ့ ဒေါင်လိုက်ဖြတ်ပိုင်းပုံစံ Profile ထုတ်ယူဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ

Civil 3D Tutorial : How To Trim and Divide AutoCAD Block

Image
  အားလုံးမင်္ဂလာပါခင်ဗျာ။ ACTC MYANMAR မှ ကြိုဆိုပါတယ်။ အခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ မိမိတို့ အလုပ်ထဲမှာ ပုံဆွဲနေရင်း AutoCAD Block များကို ဖြတ်တောက်၊ပိုင်းခြားဖို့ လိုအပ်လာပါက အလွယ်တကူ လျင်မြန်စွာ လုပ် ယူနိုင်တဲ့ နည်းလမ်းလေး အကြောင်း ဖြစ်ပါတယ်။             အားလုံးသိကြတဲ့အတိုင်းပါပဲ။ ရိုးရိုး AutoCAD Object များဖြစ်တဲ့ line ၊ polyline ၊ arc အစရှိသည်တို့ရဲ့ ပိုနေတဲ့အစွန်းထွက်တွေ ဖြတ်တောက်ဖို့ ကျွန်တော်တို့ အများစု အသုံးပြုနေကြ Trim Command ကို အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ သို့သော်လည်း Object များစွာပါဝင်ဖွဲ့စည်းထားတဲ့ AutoCAD Block များကို ဖြတ်တောက်ပိုင်းခြားဖို့ ကြုံလာခဲ့ရင်တော့ အခက်အခဲ ဖြစ်ရပါပီ။             ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အများစု အသုံးပြုနေကြ Trim Command က AutoCAD Block တွေကို မဖြတ်တောက်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲလိုအခါမျိုးမှာ အခက်အခဲမရှိ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အသေးစိတ်ကိုတော့ အောက်က ဗီဒီယိုမှာ ဆက်ကြည့်ပေးပါခင်ဗျာ။ အလုံးစုံ မဟုတ်ရင်တောင် တစုံတခုသော အတိုင်းအတာအထိ အကျိုးရှိမယ်လို့ ယုံကြည်ပါတ

Civil 3D Tutorial : Convert Blocks To Civil 3D Points Quickly and Easily

Image
အားလုံးမင်္ဂလာပါခင်ဗျာ။ ACTC MYANMAR မှ ကြိုဆိုပါတယ်။ အခုတပတ် ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Attibutes ပါတဲ့ Acad Block များကို Civil 3D Cogo Points များ အဖြစ် အလွယ်တကူ လျင်မြန်စွာ ပြောင်းယူနိုင်တဲ့ နည်းလမ်းလေး အကြောင်း ဖြစ်ပါတယ်။             ကျွန်တော်တို့ အလုပ်အတွက် ရလာတဲ့ ဒေတာများက အမြဲတမ်း အဆင်သင့် အသုံးပြုနိုင်တဲ့ အနေအထားနဲ့ ရရှိနိုင်တာ မဟုတ်ပဲ အခြားအခြေအနေများနဲ့လည်း ရလာနိုင်ပါတယ်။ ဥပမာ အရင်တုန်းက တိုင်းထားတဲ့ Survey Data တွေတော့ ရှိတယ်ဆိုပြီး မိမိအလုပ်အတွက် ပေးလာတာမှာ ပွိုင့်ဒေတာ CSV ဖိုင်လည်း မဟုတ်၊ AutoCAD မှာ Block တွေနဲ့ ဖြစ်နေတယ် ဆိုပါစို့။ အဲလိုအခါမျိုးမှာ ဒီလိုနည်းလမ်းလေးတေ သိမထားဘူးဆိုရင် အခက်အခဲတွေ့ရ၊ စိတ်ညစ်ရ ဖြစ်တတ်ပါတယ်။ အဲလို စိတ်မညစ်ရအောင် အောက်ကနည်းလမ်းလေးကို ဆက်ဖတ်ကြည့်မယ်နော်။             အခု ပြောပြမယ့်နည်းလမ်းမှာ အဓိက အားဖြင့် အဆင့် ၄ ဆင့် ပါဝင်ပါတယ်။ Ø   အဆင့် ၁ Civil 3D Cogo Point တခု ဖန်တီးမယ်။ Ø   အဆင့် ၂ ဖန်တီးထားတဲ့ Civil 3D Cogo Point ကို Block အဖြစ် ပြောင်းယူမယ်။ Ø   အဆင့် ၃ မူလရှိထားပြီး Acad Block များကို Civil 3D Cogo Point က ပ

Civil 3D Tutorial : MSLIDE and VSLIDE

Image
ACTC-MYANMAR ကနေပြီးတော့ knowledge share အနေနဲ့  မိမိဆွဲထားတဲ့ပုံများကို အခြားသူနဲ့ မျှဝေလိုတဲ့အခါ အသုံးပြုနိုင်မယ့် Old School နည်းလမ်းလေးတခု အကြောင်း ပြောပြချင်ပါတယ်။ အခုနည်းလမ်း အသုံးပြုမယ်ဆိုရင်တော့ အခြားဆော့ဝဲလ်များမလိုအပ်ပဲ AutoCAD အခြေခံဆော့ဝဲလ်များရှိရုံနဲ့ ၎င်းဖိုင်များကို ဖွင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် Text Editor အသုံးပြုပြီး script ဖိုင်တခု ရေးသားကာ animation ဆန်ဆန် ပြုလုပ်ကြည့်နိုင်ပါသေးတယ်။ အဲဒီအတွက် ဘာတွေ အသုံးပြုရမလဲဆိုတော့ MSLIDE နှင့် VSLIDE ဆိုတဲ့ command ၂ ခု အသုံးပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ MSLIDE ဆိုတာကတော့ Make Slide ဖြစ်ပြီး လက်ရှိမြင်ကွင်းကို slide ဖိုင်တခုအနေနဲ့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ VSLIDE ဆိုတာကတော့ View Slide ဖြစ်ပြီး ဖန်တီးထားတဲ့ slide ဖိုင်ကို ဖွင့်ကြည့်ဖို့ ဖြစ်ပါတယ်။ မိမိမျှဝေလိုတဲ့ မြင်ကွင်းကို အလျင်အမြန် မျှဝေနိုင်သလို၊ မိမိ ပြသချင်တဲ့ အနေအထားမျိုးစုံကိုလည်း slide အသီးသီး ပြုလုပ်ပြီး အဆင့်လိုက် ပြသနိုင်ပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်က video လေးမှာ ကြည့်ရှုပေးပါခင်ဗျာ။

Civil 3D Tutorial : Close Xref Windows by Right Click

Image
ACTC-MYANMAR ကနေ အခုပြောပြတဲ့ နည်းလမ်းလေးကို CIVIL 3D နှင့် AUTOCAD ၂ မျိုးလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ တခါတရံ Civil 3D or AutoCAD မှာ ကိုယ်ဖွင့်ထားတဲ့ Application Window များရဲ့ Title Bar က ကြက်ခြေခတ်ပုံသင်္ကေတကို ( အောက်ကနမူနာပုံလို) အလွယ်တကူ ရှာမတွေ့လို့ ဖြစ်စေ၊ ဒီအတိုင်း အလွယ်ပိတ်ချင်လို့ ဖြစ်စေ အသုံးပြုနိုင်မယ့် နည်းလမ်းလေး တခု မျှဝေပေးချင်ပါတယ်။ အခုနည်းလမ်းကို နမူနာအဖြစ် External Reference Window ပုံနဲ့ ပြထားသော်လည်း Properties Window, Design Center Window အစရှိသည့် အခြားသော Window များမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Right Click Menu မှာ ပါဝင်တဲ့ Close Option ကို အသုံးပြု ပိတ်ခြင်းပဲ ဖြစ်ပါတယ်။ မိမိ Right Click ထောက်တဲ့နေရာပေါ် မူတည်ပြီး ပေါ်လာတဲ့ Menu များကတော့ ကွာခြားချက်ရှိပါတယ်။ နမူနာအဖြစ် အောက်ကပုံတွေကို လေ့လာကြည့်ရအောင်။ File Reference Window အတွင်းရှိ Drawing Aera မှာ Right Click ထောက်လိုက်မယ်ဆိုရင် အောက်ကပုံလို External Reference အဖြစ် ထည့်သွင်းနိုင်တဲ့ ဖိုင်အမျိုးအစားများနှင့်

Civil 3D : Easily Image Selecting and Placing Blocks with Divide or Measure

Image
  အားလုံး မင်္ဂလာပါခင်ဗျာ။ ACTC-MYANMAR မှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ACTC-MYANMAR ကနေပြီးတော့ အပတ်စဉ် စနေနေ့ညတိုင်းမှာ CIVIL 3D နှင့် သက်ဆိုင်တဲ့ အကြောင်းအရာများကို ကြိုးစားတင်ဆက်လျှက်ရှိတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ။ ဒီနေ့ခေတ်ရဲ့ CIVIL ENGINEERING WORK ဖြစ်တဲ့ ရထားလမ်း၊ကားလမ်း တည်ဆောက်ရေးလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်တော့မယ် ဆိုရင် CIVIL 3D ကျွမ်းကျင်မှု လိုအပ်ချက် တနေ့တခြား မြင့်မားလာတာ မြင်တွေ့ကြားသိနေရမှာပါ။ ဒါကြောင့် မိမိစွမ်းဆောင်ရည်ကို မိမိကိုယ်တိုင်မြှင့်တင်နိုင်မယ့် ကိုယ်အားလပ်ချိန်မှာ အလွယ်တကူ သင်ယူနိုင်မယ့် Google Classroom အသုံးပြု Civil 3D သင်တန်းများ စီစဉ်ပေးထားပါတယ်ခင်ဗျာ။                Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Road Design Essential သင်တန်းသင်ရိုး အကြောင်းကို Road Design Essential Course မှာ ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ Essential တန်းရဲ့ Learn at yourself-paced Google Classroom အတန်းက ၁၂၀,၀၀၀/- ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ

AutoCAD Civil3D Training Center