Posts

Showing posts with the label Job Oppotunity

Wanted Civil 3D Drafter

Image
သင်ဟာ AutoCAD or Civil 3D ကို သုံးပြီး ပုံဆွဲနိုင်သူဖြစ်ပါသလား? ဟုတ်တယ်ဆိုရင် ဒီမှာ သင့်အတွက် အခွင့်အလမ်း ရှိပါတယ်။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်သွယ်ရမယ့်သူ ပြောပေးပါမယ်။ ကျန်တဲ့လစာကိစ္စ ဘာညာ မိမိဘာသာ စကားပြောကြပါခင်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင် ဆက်သွယ်ရမယ့်သူကို 👉  Comment box မှာ ရေးပေးထားပါတယ်ခင်ဗျာ။  ဘယ်လုပ်ငန်းအတွက် ခေါ်တာလဲ ? လမ်းလုပ်ငန်းအတွက်လို့ သိရပါတယ်။ အခု အလုပ်ခေါ်တဲ့ အကိုက ဆာဗေးကုမ္ပဏီလည်း ရှိတဲ့အတွက် Surveyor တွေ အတွက်လည်း အခွင့်အလမ်း ရှိနိုင်မယ်လို့ ထင်ပါတယ်။  အားလုံး ဘေးရန်အန္တရာယ်အပေါင်း ၊ ရောဂါဘယ အပေါင်းတို့မှ ကင်းဝေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေကြပါစေ ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းဘေးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ တကယ်လို့ Civil 3D သင်တန်းတက်ဖို့ လိုအပ်တယ်ဆိုရင် 👉  https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သင်တန်းကြေးကိုလည်း 👉  Mobile Banking နဲ့ ပေးချေနိုင်ပါတယ်။  အင်တာနက်သုံးရင်း အပျင်းပြေ ကြော်ငြာကလစ်ပြီး ဝင်ငွေရှာဖို့ 👉  https://incomeby.blogspot.com/

Getting Job as a Surveyor (Surveyor တယောက်လုပ်တော့မယ်ဆိုရင်)

Image
အခုခေတ်လို အပြိုင်အဆိုင်တွေများတဲ့ ကာလမှာ Surveyor တယောက် အဖြစ် ဘယ်လို အသက်မွေးမလဲ။ အလုပ်အကိုင် ရှာဖွေကြတဲ့အခါ စျေးကွက်က တောင်းဆိုနေတဲ့ အရည်အသွေးရှိတဲ့သူက အခွင့်အလမ်း ပိုရှိတယ်ဆိုတာ မငြင်းပယ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။ (ကိုယ်တယောက်ထဲ အမြင်သာ ဖြစ်တဲ့အတွက် မပြည့်စုံတာတွေ၊ အမြင်မတူတာတွေ၊ အငြားပွားဖွယ်ရာတွေ ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။) ဒီတော့ Surveyor စျေးကွက်မှာ ဘာတေ တောင်းဆိုနေလဲ၊ ဘာတေလိုအပ်နေလဲ ဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကို သိလာခဲ့ရင် အဲဒါတွေကို ရှာဖွေဖြည့်ဆည်းမယ်။ ဒါဆိုရင် ကိုယ်ဟာ စျေးကွက်မှာ ပြိုင်ဆိုင်နိုင်စွမ်းရှိသူ၊ အခွင့်အလမ်းများသူ တယောက် ဖြစ်လာပါလိမ့်မယ်။ မကြာသေးခင် က အလုပ်ခေါ်ထားတဲ့ အလုပ်ခေါ်စာ ပုံမှာ ဆိုရင် Surveyor တယောက် လုပ်ပေးစေချင်၊ တာဝန်ယူစေချင်တဲ့ လုပ်ငန်းတာဝန်များကို မြင်တွေ့ရမှာပါ။ အဲမှာဆိုရင် တောင်းဆိုချက် ၁၂ မျိုးတောင် ပါဝင်နေတာ တွေ့ရမှာပါ။ ဒီတော့ ကျွန်တော့်အမြင်အရ တောင်းဆိုချက် အကုန်လုံးကို မဟုတ်တောင် အတော်များများကိုတော့ ဖြည့်ဆည်းထားသင့်ပါတယ်။

Surveying Job in Myanmar

Image
Surveying Job Oppotunity for Myanmar Surveyor အလုပ်အကိုင် ရှားပါးနေတဲ့ အခုလို အချိန်မှာ ဒီလို အခွင့်အလမ်း ပေါ်လာတာ ဝမ်းသာစရာပါ။ ဘယ်နေရာမှာ ဘာလုပ်ငန်းလုပ်ရမှာလဲ။ မြဝတီမှာ လုပ်ရမယ့် မြေသားလုပ်ငန်းအတွက် နဲ့ ဂွမြို့မှာ လုပ်ရမယ့် ဟိုတယ်စီမံကိန်း အတွက် Surveyor ကူရှာပေးဖို့ အကူအညီ တောင်းလာတဲ့ အတွက် ဒီမှာ တင်ပေးလိုက်တာပါ ခင်ဗျာ။ စီမံကိန်း ၂ ခု ဆိုတော့ အနည်းဆုံး ၂ ယောက်လောက်တော့ ခန့်မယ့် သဘောပါ။ ကိုယ့်အမျိုးတွေ ဘယ်သူပဲ အလုပ်ရရ ဝမ်းသာပါတယ်ခင်ဗျာ ။ 

AutoCAD Civil3D Training Center