Civil 3D Import Survey Data Exercise
AutoCAD Civil 3D Training Myanmar ကနေ Civil 3D user များအတွက် survey data import လုပ်ခြင်းအကြောင်း မျှဝေပါရစေ။ Software စတင်အသုံးပြုသူအများစုဟာ သူတို့လုပ်ချင်တာကို စမ်းကြည့်ဖို့ အရမ်းစိတ်အားထက်သန် တတ်ကြပါတယ်။ ဒီတော့ စိတ်အဆာပြေအနေနဲ့ basic project တခုကို စလုပ်ကြည့်ရအောင်။ ပြီးမှ အဆင့်မြင့် ဖက်ကို ထပ်ကူးကြတာပေါ့။ သီးခြားဖော်ပြထားတာ မရှိရင် dialog default options တွေကို မပြောင်းဖို့ အကြံပြုပါတယ်။ အဆင့် ၁ ပထမဦးစွာ 0101QuickStart.dwg ကိုဖွင့်ပါ။ ဒီလင့်မှာဒေါင်းပါ။ ဒီ drawing မှာ assembly တခုပါဝင်ပါတယ်။ Assemblies and Subassemblies အကြောင်းကို Chapter 8 မှာ အသေးစိတ်ပါပါမယ်။ အဆင့် ၂ Ribbon Home tab> Create ground data panel> Click Import survey data ကိုနှိပ်ပါ။ Chapter 2 မှာ survey data ထည့်သွင်းခြင်း ထပ်ရှင်းပြထားပါတယ်။ အဆင့် ၃ Create new survey database ကို ကလစ်နှိပ်ပါ။ အဆင့် ၄ New Local survey database dialog ပေါ်လာရင် QuickStart လို့ နာမည်ပေးပြီး အိုကေနှိပ်ပါ။