Civil 3D Import Survey Data Exercise

AutoCAD Civil 3D Training Myanmar ကနေ Civil 3D user များအတွက် survey data import လုပ်ခြင်းအကြောင်း မျှဝေပါရစေ။  

Software စတင်အသုံးပြုသူအများစုဟာ သူတို့လုပ်ချင်တာကို စမ်းကြည့်ဖို့ အရမ်းစိတ်အားထက်သန် တတ်ကြပါတယ်။ ဒီတော့ စိတ်အဆာပြေအနေနဲ့ basic project တခုကို စလုပ်ကြည့်ရအောင်။ ပြီးမှ အဆင့်မြင့် ဖက်ကို ထပ်ကူးကြတာပေါ့။ သီးခြားဖော်ပြထားတာ မရှိရင် dialog default options တွေကို မပြောင်းဖို့ အကြံပြုပါတယ်။

အဆင့်            ပထမဦးစွာ 0101QuickStart.dwg ကိုဖွင့်ပါ။ ဒီလင့်မှာဒေါင်းပါ။

ဒီ drawing မှာ assembly တခုပါဝင်ပါတယ်။ Assemblies and Subassemblies အကြောင်းကို Chapter 8 မှာ အသေးစိတ်ပါပါမယ်။

အဆင့် Ribbon Home tab> Create ground data panel> Click Import survey data ကိုနှိပ်ပါ။ Chapter 2 မှာ survey data ထည့်သွင်းခြင်း ထပ်ရှင်းပြထားပါတယ်။



အဆင့် Create new survey database ကို ကလစ်နှိပ်ပါ။

အဆင့် New Local survey database dialog ပေါ်လာရင် QuickStart လို့ နာမည်ပေးပြီး အိုကေနှိပ်ပါ။

 


အဆင့် Next ကိုနှိပ်ပါ။

အဆင့် Import Survey Data – Specify Data Source dialog box မှာ အောက်ပါအတိုင်းပြုလုပ်ပေးပါ။

က. Data source type မှာ point file ကို ရွေးပေးပါ။

.  Selected files box ညာဖက်မှာရှိတဲ့ + လက္ခဏာ ကိုနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားတဲ့ 0101_QuickStart.txt ရှိရာဖိုင်လမ်းကြောင်းကိုရွေးပေးပါ။ ဒီလင့်မှာဒေါင်းပါ။

.  Specify Point file format မှာ PNEZD (Comma delimited) ကို ရှာရွေးပေးပြီး Next နှိပ်ပါ။

            အထက်ပါအဆင့်အတိုင်းလုပ်လာတာမှန်တယ်ဆိုရင် Preview အကွက်မှာ

Point Number, Northing, Easting, Raw Description စသည့်တန်ဖိုးများကို မြင်နေရမှာဖြစ်ပါတယ်။



            အဆင့် Create new network ကို ကလစ်နှိပ်ပါ။

            အဆင့် QuickStart Network လို့ နာမည်ပေးပြီး အိုကေနှိပ်ပါ။

            အဆင့် QuickStart Network ကို ရွေးပြီး Next ကိုနှိပ်ပါ။



            အဆင့် ၁၀          Import survey data – Import options dialog မှာ ဒါလေးတွေပြုလုပ်ပေးပါ။

က.  Process Linework during Import အကွက်မှာ အမှန်ခြစ် လုပ်ပါ။

.   Insert figure objects အကွက်မှာ အမှန်ခြစ် လုပ်ပါ။

.   Insert survey Points အကွက်မှာ အမှန်ခြစ်လုပ်ပြီး ကျန် options များကို default settings အတိုင်းထားပြီး Finish နှိပ်ပါမယ်။


            အခုဆိုရင် Toolspace>Survey tab>Survey Databases အောက်မှာ QuickStart နာမည်နဲ့ survey database တခုတွေ့ရပါပြီ။ Drawing area မှာ ပွိုင့်မမြင်ရရင် Z enter, E enter နှိပ်လိုက်ပါ။

တင်သမျှဖိုင်များကို မဒေါင်းသေးပဲ ကိုယ်ပိုင်သိမ်းဆည်းထားလိုပါက Pcloud အကောင့်ဖွင့်ရန် ဒီကိုနှိပ်ပါ။

Premium Account တလ အစမ်းသုံးချင်ပါက ဒီလင့်ကိုနှိပ်ပြီး အကောင့်ဖွင့်ပါ။ တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အီးမေးလ် subscribe လုပ်ထားနှိင်ပါသည်။

Pcloud Storage ဝယ်လိုပါက ဒီလင့်ကိုနှိပ်ပြီး ဝယ်ယူနိုင်ပါသည်။ 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)