Civil 3D: The Basics

AutoCAD® Civil 3D® program ကို ဆရာတဆူလို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သုံးစွဲနိုင်ဖို့ဆိုရင် စိတ်ရှည်ပြီး လေ့ကျင့်ချိန်ပေးနိုင်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။ 

အခြေခံအဆင့်တွေကို ပထမဦးစွာ နားလည်တတ်ကျွမ်းဖို့ လိုအပ်မယ်ဆိုတာတော့ အထူးအထွေ ပြောစရာမလိုမယ့် ကိစ္စပါ။ AutoCAD® Civil 3D® program မှာ မြောက်မြားလှစွာသော dialogs, ribbons, menus, and icons စတာတွေပါဝင်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ လန့်စရာကြီး ငါသုံးလို့လွယ်ပါ့မလား လို့ ထင်စရာပါ။ ဒီ tools တွေကို သုံးစွဲဖို့ဆိုရင် ဘယ်နားမှာ ဘာရှိတယ် ဘယ်လိုအသုံးဝင်တယ် ဆိုတာတွေကို ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အခု ပညာရပ်ဆိုင်ရာဝေါဟာရများ နှင့် User Interface အသုံးပြုပုံများကို ကျွန်တော်တို့ လေ့လာသွားမှာဖြစ်ပါတယ်။ အဲဒါအပြင် lines and curves တွေကို ဘယ်လိုတိတိကျကျဆွဲမလဲ ဆိုတဲ့နည်းလမ်းများကိုလည်း မိတ်ဆက်ပေးသွားပါမယ်။

ဟုတ်ပြီ။ ဘာတွေလေ့လာကြမလဲဆိုတာ ထပ်ပြောပြမယ်။

1.      1.    ဘယ်လို Civil 3D object မျိုးကိုမဆို ကလစ်အနည်းငယ်နဲ့ ရှာဖွေတာပါမယ်။

2.    2.      Drawing scale နှင့် default object layers များ ပြောင်းလဲတာ ပြုပြင်တာ ပါမယ်။

3.      3.    Ribbon’s contextual tabs တွေကို ဘယ်လိုခေါ်ထုတ်မလဲဆိုတာ ပါမယ်။

4.      4.    Line တခုရဲ့အဆုံးမှာ Tangency မှန်မှန်နဲ့ Curve တခု ဘယ်လိုဆွဲမလဲဆိုတာ ပါမယ်။

5.     5.     lines and curves များကို label ဘယ်လိုတပ်မလဲ ဆိုတာ ပါမယ်။ နောက်ထပ် တင်ဆက်ပေးသွားမှာကို စောင့်မျှော် အားပေးပါအုံးခင်ဗျာ။

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)