Civil 3D: Toolspace

 Civil 3D Toolspace အကြောင်း လေ့လာရမှာ ဖြစ်ပါတယ်။

            Toolspace ဆိုတာကတော့ Civil 3D နဲ့သာ သက်ဆိုင်တဲ့ palettes အုပ်စုတခု ဖြစ်ပါတယ်။ ကျွန်တော်တို့ Civil 3D နဲ့ အလုပ်လုပ်နေစဉ်မှာ ဘယ်အချိန်မဆို toolspace ကိုမြင်လိုပါလိမ့်မယ်။ တကယ်လို့မတွေ့ဘူးဆိုရင် home tab > palettes panel မှာ ရှိတဲ့ toolspace ကို နှိပ်ပြီးဖွင့်လိုက်ရုံပါပဲ။ Toolspace မှာ ဒေတာတွေကို စီမံနိုင်ဖို့ tab ခု ပါဝင်ပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Ø  Prospector
  • Ø  Settings
  • Ø  Survey
  • Ø  Toolbox

ဒီ Tab အဖွင့်အပိတ်ကို palettes panel မှာရှိတဲ့ icon ကို ကလစ်လုပ်ပြီး ထိန်းချုပ်နိုင်ပေမယ့် အချိန်တိုင်း အားလုံးဖွင့်ထားတာပဲ အကောင်းဆုံးဖြစ်နိုင်ပါတယ်။ Tab တိုင်းဟာ အရေးပါတဲ့ အခန်းမှာပါဝင်နေပြီး Prospector နှင့် Settings tab တို့ဟာ အသုံးပြုရဆုံးဖြစ်ပါတယ်။ Survey နှင့် Toolbox tab တို့ကိုတော့ သာမန်မဟုတ်တဲ့အသုံးပြုမှုများနဲ့ နောက်အခန်းတွေမှာ တွေ့ရှိရပါမယ်။

Prospector

            Prospector ရဲ့အလုပ်ကတော့ Civil 3D object များရဲ့အချက်အလက်များကို ပြသပေးဖို့ဖြစ်ပါတယ်။ Prospector ရဲ့ထိပ်ပိုင်းမှာ Drawing နှင့်သက်ဆိုင်တဲ့ အချက်အလက်များကို တွေ့ရမှာပါ။ Civil 3D object များကို လုပ်ငန်းစဉ်အတိုင်း ထိပ်မှအောက်သို့ စီထားတာမြင်နိုင်ပါတယ်။ အဓိကအုပ်စုကြီးများအဖြစ်စုစည်းမှု ကိုတော့ သက်ဆိုင်ရာ icon ရှေ့မှာ + သင်္ကေတ နှင့် တွေ့ရမှာဖြစ်ပြီး collection အဖြစ်ရည်ညွှန်းပါတယ်။ + သင်္ကေတ ကို ကလစ်နှိပ်ပြီး ဖွင့်ချလိုက်ရင်တော့ အဲဒီအုပ်စုမှာပါဝင်တာများကို တွေ့ရမှာပါ။ Civil 3D ဒေတာများကို dynamically link ချိတ်ထားခြင်းကြောင့် ဆက်နွယ်နေတဲ့ object များကိုပါ မြင်တွေ့နိုင်ပါတယ်။ Tree structure ကို ဖြန့်ချပြီး object တခုချင်းကို select လုပ်ခြင်းအားဖြင့် ၎င်းနှင့်သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက်များ လေ့လာနိုင်ခြင်းကို Figure 1.4 မှာမြင်နိုင်ပါတယ်။

    Collection အုပ်စုတခုပေါ်မှာ right click လုပ်ပြီး ၎င်းအုပ်စုအတွင်းရှိအရာများအားလုံးမှာ သုံးစွဲနိုင်တဲ့ command များရွေးချယ်သုံးစွဲနိုင်ပါတယ်။ ဥပမာ Point group collection ကို right click လုပ်ရင်ပေါ်လာမယ့် menus ကို Fig 1.5 ဘယ်ဖက်မှာတွေ့နိုင်ပြီး အုပ်စုအတွင်းရှိသီးခြား object တခုချင်းကို right click လုပ်ရင်ပေါ်လာမယ့် menus ကို ညာဖက်မှာပြထားပါတယ် အဲဒီမှာပါဝင်တဲ့ Zoom to, Pan to စသည်တို့ကို သုံးစွဲခြင်းအားဖြင့် parcel, point, cross section စတဲ့ Civil 3D object များစွာကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။



ဥပမာ ACQUISITION 7 လို့ နာမည်ပေးထားတဲ့ parcel ကို Zoom to command သုံးပြီး ရှာဖွေမယ်ဆိုရင် Toolspcae>Prospector tab>Site collection ကိုသွားပြီး parcel ကို ကလစ်လုပ်ရွေးပါ Prospector အောက်ခြေမှာ parcel list ပေါ်လာပါမယ်။ အဲဒီထဲက ACQUISITION 7 ကို right click>zoom to လုပ်ပါ။ Drawing window မှာ ACQUISITION 7 ရှိရာနေရာပေါ်လာမှာ ဖြစ်ပါတယ်။

            Toolspace ထိပ်နားမှာ Active Drawing View နှင့် Master view ပြောင်းတဲ့ pull down menu တခုရှိပါတယ်။

            Active Drawing View မှာ

·        The current drawing

·        Data shortcuts ဆိုတဲ့ items နှစ်ခု ပါဝင်ပြီး

Master View မှာတော့

·        Open drawings

·        Data shortcuts

·        Drawing templates

·        Refresh icon စတဲ့ items လေးခု ပါဝင်ပါတယ်။

Master view မှာဆိုရင် ဖွင့်ထားတဲ့ drawing အားလုံးနှင့် ၎င်းတို့မှာပါဝင်တဲ့အရာများအားလုံးကို templates များအပါ မြင်တွေ့နိုင်ပါတယ်။ တကယ်လို့ Master view မှာရောက်နေတာဆိုရင် လက်ရှိသုံးနေတဲ့ drawing ကို ထိပ်ဆုံးမှာ bold တင်ထားတဲ့အနေအထားနဲ့ တွေ့ရမှာပါ။ Drawing တခုကို ပြောင်းသုံးချင်တယ် ဆိုရင် အဲဒီ Drawing ကို prospector tab မှာ ရှာပြီး right click>switch to လုပ်လိုက်ရင် ရပါပြီ။ User အများစုကတော့ Active Drawing View ကိုသုံးရတာ ပိုကြိုက်ပါတယ်။ Drawing များစွာဖွင့်ထားနိုင်ပေမယ့် လက်ရှိသုံးနေတဲ့ Civil3D data များသာမြင်တွေ့ရလို့ဖြစ်ပါတယ်။ Active Drawing view မှာ ကိုယ်ပြောင်းလဲ အသုံးပြုတဲ့ Drawing ရဲ့ ဒေတာများကိုအချိန်နှင့်တပြေးညီ ပြောင်းလဲမြင်တွေ့ရမှာပါ။

ဒီထက်နည်းနည်းအသေးစိတ်ကြည့်ရအောင်။ Prospector tab မှာ အတန်းလိုက် icon ခုကို ထိပ်မှာမြင်တွေ့ရမှာပါ။ အဲဒါတွေကတော့


 
Item Preview Toggle (item
တခုကို ကလစ်လုပ်ချိန် Prospector tab အောက်ခြေမှာ မြင်တွေ့ရမယ့် preview မြင်ကွင်းကို အဖွင့်/အပိတ်လုပ်ခြင်း)


 Preview Area Display Toggle (ဒီဟာက Toolspace ကို undock လုပ်ထားချိန်မှသာ active ဖြစ်ပါတယ်။ Preview area ကို အောက်နဲ့ ညာဖက်ဘေး ပြောင်းလဲပြသပေးတာဖြစ်ပါတယ်။)

 Panorama Display Toggle (ဒီ icon ဟာ panorama view ကို အပိတ်/အဖွင့်လုပ်နိုင်တဲ့နည်းလမ်းများစွာ ထဲက တခုဖြစ်ပါတယ်။ Panorama view မှာဒေတာကြည့်မနေရင် သို့မဟုတ် warning message မရှိရင် မှိန်နေမှာဖြစ်ပါတယ်။

 Event Viewer (တကယ်လို့ warning message ကို ဂရုမထားပဲပိတ်ပစ်ခဲ့ရင်တောင်မှ Home>Palettes panel>Event viewer ကနေ အချိန်မရွေးပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။)

 


Help button ကိုလည်း အထင်သေးလို့မရပါဘူး။ ကိုယ်မသိသေးတာများစွာကို ကူညီပြသပေးနိုင်ပါတယ်။

            Toolspace မှာတွေ့မြင်ရမယ့် သင်္ကေတများကို Table 1.1 မှာ ရှင်းပြထားပါတယ်။

*      သင်္ကေတကို Icon or Object များမှာ မြင်တွေ့နိုင်ပြီး သူတို့ကိုသုံးထားတဲ့အရာများရှိကြောင်း သင်္ကေတဖြစ်ပါတယ်။ဥပမာ Surface တခုမှာ ဒီသင်္ကေတတွေ့ပြီဆိုရင် သူ့ဒေတာကိုသုံးစွဲထားတဲ့ profile ရှိကြောင်းသိနိုင်ပါတယ်။

*    သင်္ကေတကိုတွေ့ရင်တော့ သူနဲ့သက်ဆိုင်တဲ့အုပ်စုကို ဖြန့်ကြည့်နိုင်ကြောင်း သိနိုင်ပါတယ်။

*    သင်္ကေတကိုတွေ့ရင်တော့ သူနဲ့သက်ဆိုင်တဲ့အုပ်စုကို ပြန်စုစည်းနိုင်ကြောင်း ပြထားတာ ဖြစ်ပါတယ်။

*     သင်္ကေတကိုတွေ့ရင်တော့ သူနဲ့သက်ဆိုင်တဲ့အချက်အလက်အများစုကို Toolspace အောက်ခြေမှာ ရှာကြည့်နိုင်ကြောင်း ဖော်ပြထားတာပါ။

*   သင်္ကေတကတော့ Object တခုကို rebuild or update ပြုလုပ်ဖို့လိုအပ်နေကြာင်း သိသာစေမှာပါ။

*    သင်္ကေတကတော့ Object တခုကို processing ပြုလုပ်နေခြင်း သို့မဟုတ် Prospector မှ အရာတခုကို refresh လုပ်ဖို့လိုအပ်နေခြင်းကို ညွှန်ပြပါတယ်။

*    သင်္ကေတကတော့ Data shortcuts ကို ကိုယ်စားပြုတာဖြစ်ပါတယ်။


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)