Civil 3D Surface Creation from Imported Point Groups လေ့ကျင့်ခန်း

AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D software မှာ surface creation ပြုလုပ်ခြင်းအကြောင်း ပြောပြပါရစေ။ 

အရင်သင်ခန်းစာမှ အဆက်ဖြစ်ပါတယ် ။ အရင်သင်ခန်းစာကို ကြည့်လိုပါက ဒီကို နှိပ်ပါ။ 

အခု import လုပ်ထားသောပွိုင့်များကိုသုံး၍ surface ဖွဲ့ပါမယ်။ အဆင့် ၁ Home tab > Create Ground data panel > Surface > Create Surface ကို ကလစ်နှိပ်ပါ။

ပွိုင့်ဒေတာဖိုင်ဒေါင်းရန် ဒီလင့်မှာဒေါင်းပါ

အဆင့် Create surface dialog မှာ name ကို Existing လို့ နာမည်ပေးပြီး အိုကေ နှိပ်ပါ။

အဆင့် Toolspace > Prospector tab > Surface ကို ဖြန့်ချပြီး Existing ကိုထပ်ဖြန့်ချပါ။ Definition ကိုထပ်ဖြန့်ပြီး > Point Groups ကို Right Click နှိပ်ပြီး Add ကိုထပ်နှိပ်ပါ။ All points ကိုရွေးပြီး အိုကေနှိပ်ပါ။ အခုဆိုရင် ကျွန်တော်တို့ ကွန်တိုလိုင်းများပါဝင်တဲ့ Surface တခုကို ရပါပြီ။

အခု Surface edit နဲနဲထပ်လုပ်ကြည့်ပါမယ်။

အဆင့် Toolspace > Survey tab > Figures ကို Right Click နှိပ်ပြီး Create Breaklines ကို ကလစ်နှိပ်ပါ။ 

 Create Breaklines dialog မှာ  သင်္ကေတပြထားတဲ့ Check-All option ကို ကလစ်နှိပ်ပြီး အိုကေနှိပ်ပါ။ 

Add Breaklines dialog ပေါ်လာရင် အိုကေထပ်နှိပ်ပါ။ 

အခုဆိုရင် ကျွန်တော်တို့ ပြည့်စုံတဲ့ Surface တခု ရပါပြီ။ 

0101QuickStart_SurfaceCompleted လို့ ဖိုင်နာမည်ပေးပြီး save လိုက်ပါ။ 

နောက်သင်ခန်းစာမှာ ဒီဖိုင်ကို ဆက်သုံးပါမယ်။

ပြုလုပ်ပြီးဖိုင်ဒေါင်းရန် ဒီလင့်မှာဒေါင်းပါ

တင်သမျှဖိုင်များကို မဒေါင်းသေးပဲ ကိုယ်ပိုင်သိမ်းဆည်းထားလိုပါက Pcloud အကောင့်ဖွင့်ရန်

 ဒီကိုနှိပ်ပါ။

Premium Account တလ အစမ်းသုံးချင်ပါက 

ဒီလင့်ကိုနှိပ်ပြီး အကောင့်ဖွင့်ပါ။ 

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အီးမေးလ် subscribe လုပ်ထားနှိင်ပါသည်။

Pcloud Storage ဝယ်လိုပါက ဒီလင့်ကိုနှိပ်ပြီး ဝယ်ယူနိုင်ပါသည်။



facebook တွင် စောင့်ကြည့်ရန် https://web.facebook.com/LearnC3D/

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)