Posts

Showing posts from March, 2021

Civil 3D : Traverse ချိန်ညှိခြင်း အပိုင်း ၁

Image
  AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Traverse (ကွက်ကြဲတိုင်းတာသည့်လမ်းကြောင်းချိန်ညှိခြင်း) အပိုင်း ၁ ကို မျှဝေပေးပါရစေ။             Traverses လမ်းကြောင်းများ အသစ်ဖန်တီးချင်တာ၊ ရှိပြီးသားကို ပြင်ဆင်ချင်တာမျိုးဆိုရင် ဒီနေရာမှာ လုပ်ကိုင်နိုင်ပါတယ်။ Traverses တွေကို ကျွန်တော်တို့တိုင်းတာထားချက်များအရ တိုင်းတာရေးစက်များကနေ ရရှိတာမျိုးပဲဖြစ်ဖြစ်၊ ကွင်းအတွင်းမှာ ကောက်ယူလာတဲ့ တိုင်းတာရေးမှတ်တမ်း field notes များကနေ ပုံ ၂.၂၁ မှာ ပြထားတဲ့ Traverse Editor မှာ ကိုယ်တိုင်ရိုက်သွင်းလို့ပဲ ဖြစ်ဖြစ် ဖန်တီးနိုင်ပါတယ်။ Traverse Editor စက်ထိုင်တဲ့ Setup ကနေရရှိလာတဲ့ ရှိပြီးသား Traverses အချက်အလက်များ ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်လျှင် ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ပုံ ၂.၂၁ The Traverse Editor ကိုမြင်တွေ့ရပုံ Traverse တခု ဖန်တီးပြီးတာနဲ့ အဲဒီအပေါ်မှာ ညာကလစ်ထောက်၊ Traverse Analysis ဆိုတာကို ရွေးပြီး လိုအပ်တာကို ချိန်ညှိပြင်ဆင်နိုင်ပါတယ်။ Traverse ချိန်ညှိရာမှာ ရေပြင်ညီလမ်းကြောင်း horizontally အတိုင်းဖြစ်စေ ၊ ဒေါင်လိုက်လမ်းကြောင်း vertically အတိုင်း ဖြစ်စေ နည်းအမျိုးမျိုးနဲ့

Civil 3D : Survey Network ကိုလေ့လာခြင်း

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Survey Network အကြောင်း ပြောပြပးသွားမှာ ဖြစ်ပါတယ်။ (Survey Network ကိုလေ့လာခြင်း)             Survey Network အတွင်းသို့ ဒေတာများ ထည့်သွင်းပြီးချိန်မှာ Civil 3D ဆော့ဝဲလ်က ကျွန်တော်တို့ကို ဘယ်လို ကူညီနိုင်မလဲဆိုတာ လေ့လာကြည့်ဖို့ Toolspace > Survey အောက်မှာရှိတဲ့ Survey Network ကိုဖြန့်ချလိုက်ပါမယ်။ အဲဒီမှာ အောက်ပုံ မှာ ပြထားသလိုပဲ ဒေတာအမျိုးအစားလိုက် စုစည်းပေးထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (စံပြု survey database network တခုကို ၎င်းမှာပါဝင်တဲ့ ဒေတာများနဲ့အတူ မြင်တွေ့ရပုံ) Control Points             FBK file အမျိုးအစား ဒေတာများကို ထည့်သွင်းချိန်မှာ Control Points များကို ရရှိလေ့ ရှိပါတယ်။ အဲဒီ FBK file  ထဲမှာ Control Points များကို NE, NEZ, or LAT LONG စသည့် ရှေ့ဆက်များနဲ့တွဲလျက် မှတ်သားထားပါတယ်။ တကယ်လို့ Control Points အဖြစ်သတ်မှတ်ချင်တဲ့ အခြားပွိုင့်များရှိခဲ့တယ်ဆိုရင်လည်း ဒီမှာ right-click > new ကနေ သွားပြီး သတ်မှတ်နိုင်ပါတယ်။ Non-Control Points             ASCII file လို့ခေါ်တဲ့ TXT or CSV ဖိုင်များကနေ

TOPCON GM-100 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်

Image
 AutoCAD Civil 3D Training Myanmar ကနေ Surveyor များအတွက် မျှဝေပေးတဲ့ TOPCON GM-100 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်ဖြစ်ပါတယ်။ ES နောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အောက်ပါအမျိုးအစားများအတွက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ ။ GM-101 GM-102 GM-103 GM-105 Topcon အမျိုးအစား Totalstation များ၊ Auto Level များကို ဝယ်ယူလိုပါက မြန်မာနိုင်ငံမှာ ဆိုရင်တော့  https://concordiamyanmar.com  မှာ ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်ခင်ဗျာ။ အခြား Survey ဆက်စပ်ပစ္စည်းများကိုလည်း ရရှိနိုင်ပါတယ်။  GM-100 Series အတွက် Specification များကို အောက်ပါပုံမှာ လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ Topcon GM-100 Series Totalstation များအတွက်  Operator manual  ဒေါင်းလုဒ်ဆွဲရန် TOPCON GM-50 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် TOPCON ES Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် #Topcon #Totalstation #User #Manual #Download #Myanmar #Surveyor #Civil #Engineer #Survey #Instrument #Dealer #GM-100 Series

TOPCON GM-50 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်

Image
 AutoCAD Civil 3D Training Myanmar ကနေ Surveyor များအတွက် မျှဝေပေးတဲ့ TOPCON GM-50 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်ဖြစ်ပါတယ်။ ES နောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးအစား ဖြစ်ပါတယ်။ Topcon အမျိုးအစား Totalstation များ၊ Auto Level များကို ဝယ်ယူလိုပါက မြန်မာနိုင်ငံမှာ ဆိုရင်တော့  https://concordiamyanmar.com  မှာ ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်ခင်ဗျာ။ အခြား Survey ဆက်စပ်ပစ္စည်းများကိုလည်း ရရှိနိုင်ပါတယ်။  Topcon GM-50 Series Totalstation များအတွက်  Operator manual  ဒေါင်းလုဒ်ဆွဲရန် TOPCON GM-100 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် TOPCON ES Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် #Topcon #Totalstation #User #Manual #Download #Myanmar #Surveyor #Civil #Engineer #Survey #Instrument #Dealer #GM-50 Series

TOPCON ES Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်

Image
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Surveyor များအတွက် မျှဝေးပေးတဲ့ TOPCON ES Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ်ဖြစ်ပါတယ်။ အောက်ပါအမျိုးအစားများအတွက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။  ES-101 ES-102 ES-103 ES-105 ES-107 Topcon အမျိုးအစား Totalstation များ၊ Auto Level များကို ဝယ်ယူလိုပါက မြန်မာနိုင်ငံမှာ ဆိုရင်တော့ https://concordiamyanmar.com မှာ ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်ခင်ဗျာ။ အခြား Survey ဆက်စပ်ပစ္စည်းများကိုလည်း ရရှိနိုင်ပါတယ်။  Topcon ES Series Totalstation များအတွက် Operator manual ဒေါင်းလုဒ်ဆွဲရန် TOPCON GM-50 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် TOPCON GM-100 Series Totalstation များအတွက် အသုံးပြုသူလက်စွဲစာအုပ် #Topcon #Totalstation #User #Manual #Download #Myanmar #Surveyor #Civil #Engineer #Survey #Instrument #Dealer

AutoCAD Civil3D Training Center