Civil 3D : Survey Database Component ရှင်းလင်းချက်

AutoCAD Civil 3D Training Myanmar ကနေ Civil 3D နဲ့ပတ်သက်တဲ့ သိသင့်စရာများ ရှယ်ပေးပါရစေ။

 Networks  

Survey network ဆိုတာကတော့ ကွင်းဆင်းတိုင်းတာကောက်ယူထားတဲ့အချက်အလက်ဆိုင်ရာများကို စုစည်းထားတဲ့ နေရာတခု ဖြစ်ပါတယ်။ အဲဒီထဲမှာ စက်အထိုင်ချတဲ့နေရာတွေ၊ control points တွေ၊ non-control points များဖြစ်တဲ့ ဖတ်ချက်တွေ၊ Backsight directions တွေနဲ့ traverses စသည်တို့ ပါဝင်ပါတယ်။ Survey ဒေတာဘေ့စ်တခုမှာ Survey network တခုထက်မက များစွာပါဝင်နိုင်ပါတယ်။ ဒါကြောင့် စီမံကိန်း အပိုင်းလိုက် ကွဲပြားခြားနားတဲ့ Survey network များ သတ်မှတ်သုံးစွဲ စေနိုင်ပါတယ်။

Network Groups

            Network groups ဆိုတာကတော့ Survey ဒေတာဘေ့စ်တခုအတွင်းရှိ တခုထက်မကသော Survey network များစွာပါဝင်တဲ့ အစုအဝေးကို ခေါ်ဆိုတာဖြစ်ပါတယ်။ များစွာသော Survey network များကို drawing အတွင်းသို့ drag and drop ဖိဆွဲထည့်သွင်းလိုက်ခြင်းဖြင့် Network groups ကို ရိုးရှင်းစွာဖန်တီးရယူနိုင်ပါတယ်။

Figures

            ကွင်းဆင်းတိုင်းတာစဉ်က ထည့်သွင်းကောက်ယူထားတဲ့ ပွိုင့်ကုဒ်များ၊ special commands များကို အသုံးပြုပြီး lineworks ပြုလုပ်ခြင်းကနေတဆင့်ရရှိလာတဲ့အရာများကို Figures လို့ ခေါ်ပါတယ်။ Point description မှာထည့်သွင်းထားချက် အတိုင်း Figure အမည်များရရှိလေ့ ရှိပါတယ်။

Figure Groups

            Figure Groups ကတော့ Network groups နဲ့ အလားတူစွာ figure များကို စုစည်းထားတဲ့ အစုအဝေး ဖြစ်ပါတယ်။ Figure အများအပြားကို drawing အတွင်းထည့်သွင်းခြင်းကနေ ရရှိဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

 

Survey Points

            တိုင်းတာချက်အသီးသီးကနေရရှိလာတဲ့ survey point များဟာ survey database ရဲ့ အခြေခံအကျဆုံးအစိတ်အပိုင်း တွေထဲက တခုပဲ ဖြစ်ပါတယ်။ Survey Points များဟာ အမြင်အားဖြင့် ပုံမှန် Civil 3D ပွိုင့်များလိုပဲဖြစ်ပြီး အလွယ်တကူ မြင်စေနိုင်/ဖုန်းကွယ်နိုင်စေပါတယ်။ အဓိကကွာခြားချက်ကတော့ Survey Points များကို ပုံမှန် Civil 3D ပွိုင့်များလိုပဲ drawing အတွင်းမှာ edit လုပ်လို့မရတာပဲ ဖြစ်ပါတယ်။ Survey Points များကို survey database ကနေ lock လုပ်ထားခြင်းကြောင့် သူတို့ကို edit လုပ်ဖို့တခုတည်းသော နည်းလမ်းကတော့ ကွင်းဆင်းတိုင်းတာချက် observation များကို သွားရောက်ပြင်ဆင်ခြင်း ပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ တိုင်းတာထားတဲ့ပွိုင့်များကို မတော်တဆ မှားယွင်းဖျက်မိခြင်း/ပြင်ဆင်မိခြင်း တို့မှ ကာကွယ်ပေးထားတာမို့ surveyor အတွက်ကတော့ အလွန်ကြိုက်နှစ်သက်စရာပါ။ Figures များလိုပဲ Survey Points များကို လည်း drag and drop ဖိဆွဲထည့်သွင်းနိုင်သလို Toolspace > Survey tab > Surveying Points ပေါ်မှာ ညာကလစ် ထောက်ပြီး  ွြစ်ပါတPoints > Insert Into Drawing option ကို ရွေးချယ်ခြင်းဖြင်လည်း ထည့်သွင်းနိုင်ပါတယ်။

Survey Point Groups

            Network groups နှင့် figure groups များလိုပဲ Survey Point groups များဟာ drawing အတွင်းမှာ ထည့်သွင်းထားတဲ့/အလွယ်တကူ ထည့်သွင်းနိုင်တဲ့  Survey Point များကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ Survey Point groups များကို drawing အတွင်းသို့ ထည့်သွင်းလိုက်ချိန်မှာတော့ ၎င်း Survey Point groups များနဲ့ အမည်တူ Civil 3D point group များကို ရရှိမှာဖြစ်ပါတယ်။ အဲဒီ Civil 3D point group များကို သုံးပြီး ပွိုင့်စတိုင်၊ အညွှန်းစတိုင် စသည်တို့ကို အုပ်စုလိုက် ပြောင်းလဲ ပြင်ဆင်နိုင်စေပါတယ်။



#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)