Civil 3D : Survey Database and Edit Linework လေ့ကျင့်ခန်း

 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ကို ကိုယ်တိုင်လ့လာသင်ယူလိုသူများအတွက် လက်တွေ့လေ့ကျင့်နိုင်ဖို့ sharing လုပ်ပေးတာပါခင်ဗျာ။ 

အသုံးဝင်တယ်ဆိုရင် မိမိသူငယ်ချင်းများ လေ့လာနိုင်ဖို့ ထပ်ဆင့်မျှဝပေးပါခင်ဗျာ။

Exercise For Survey Database and Linework

            ဒီလက်တွေ့လေ့ကျင့်ခန်းမှာတော့ ဆာဗေးဒေတာများပါဝင်တဲ့ ASCII file ကိုသုံးပြီး survey databasenetwork၊ အစရှိသည်တို့ကို import လုပ်ဖန်တီးသွားမှာ  ဖြစ်ပါတယ်။

            အဆင့် ၁ 

ပထမဦးစွာ ပေယူနစ်သုံးမှာဖြစ်တဲ့အတွက် _AutoCAD Civil 3D (Imperial) NCS.dwt template file က နေပြီးတော့ drawing အသစ်တခု ဖွင့်ပါမယ်။ ကျွန်တော်တို့က အရင်သင်ခန်းစာကနေ လာတာမဟုတ်ပဲ ပုံအသစ်ခေါ်ယူလာခြင်းဖြစ်တာမို့ Mastering Civil 3D.fdb_xdef ဆိုတဲ့ဖိုင်ကို C:\ProgramData\Autodesk\C3D 2014\enu\Survey အောက်ကို ကူးယူထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ Civil 3D 2018 အတွက်ဆိုရင်တော့ C:\ProgramData\Autodesk\C3D 2018\enu\Survey အောက်ကို ပေါ့။ ဒီဖိုင်လမ်းကြောင်းကို ပုံမှန်အားဖြင့် ကွန်ပြူတာဝင်းဒိုးစနစ်က ဖွက်ထားတာကြောင့် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Windows Explorer ရဲ့ folder view options ကိုပြောင်းလဲခြင်းဖြင့်ဖြစ်စေ/ သို့မဟုတ် အထက်ပါဖိုင်လမ်းကြောင်းကို ကူးယူပြီး Windows Explorer ရဲ့ address bar မှာ paste လုပ်ထည့်သွင်းခြင်းဖြင့် ဖြစ်စေ သွားရောက်ရမှာ ဖြစ်ပါတယ်။ အဲလိုကူးယူထည့်သွင်းပြီးတာနဲ့ Civil 3D ဆော့ဝဲလ်ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ Toolspace > Survey Tab > Figure Prefix Databases အောက်မှာ Mastering Civil 3D နာမည်နဲ့တခု ရောက်နေတာကို တွေ့မြင်ရမှာပါ။ Mastering Civil 3D.fdb_xdef ဒေါင်းရန်

            အဆင့် ၂  

ထို့နောက် Ribbon > Home Tab > Create Ground Data panel မှာရှိတဲ့ Import Survey Data ကို ကလစ်နှိပ်ပြီး Import Survey Data Wizard ကို ဖွင့်ပါမယ်။

              အဆင့် ၃            

Create New Survey Database ကို ကလစ်နှိပ်ပါမယ်။

                အဆင့် ၄            

ကျွန်တော်တို့ရဲ့ ဆာဗေးဒေတာများသိမ်းဆည်းမယ့် ဖိုလ်ဒါအမည်ကို Roadway လို့ ထည့်သွင်းပြီး  အိုကေ နှိပ်ပါမယ်။ ဒါဆိုရင်  Roadway  ဆိုတဲ့ နာမည်နဲ့ survey database စာရင်းမှာ ထည့်သွင်းပြီး ဖြစ်ပါတယ်။

                 အဆင့် ၅ 

ကျွန်တော်တို့လုပ်ထားတဲ့ Roadway  ဆိုတဲ့ နာမည်နဲ့ survey database  ကိုရွေးပြီး Edit Survey Database Settings  ကို နှိပ်ပါမယ်။ ပြီးရင်အဲမှာ US Foot  ကို ရွေးထားတာ ဟုတ်/မဟုတ် ယူနစ် စစ်ကြည့်ပါ။ မဟုတ်ရင် ပြောင်းပေးပါ၊ ဟုတ်နေရင် အိုကေ နှိပ်ပြီး ပြန်ထွက်ပါမယ်။

                အဆင့် ၆            

Next  ကိုနှိပ်ပါ။ Data Source Type  မှာ Point File  ကို ရွေးပေးပါ။  Selected Files ဝင်းဒိုး ညာဖက်မှာ ရှိတဲ့ အပေါင်းလက္ခဏာသင်္ကေတ ကိုနှိပ်ပြီး  ဒေါင်းလုဒ်လုပ်ယူထားတဲ့ 0202_import points.txt ဖိုင်ရှိရာ လမ်းကြောင်းကို သွားပါ။  ပြီးရင် ဖိုင်ကို ရွေးပေးပြီး  Open ကိုနှိပ်လိုက်ရင် ပုံ ၂.၁၅ မှာ ပြထားသလို စာရင်းသွင်းရွေးချယ် ပေးထားတာ မြင်တွေ့ရမှာပါ။ 0202_import points.txt ဖိုင်ဒေါင်းရန်

               အဆင့် ၇            

Specify Point File Format အောက်မှာ PNEZD (Comma Delimited) ကိုရှာပြီး ရွေးချယ်ပေးပါ။ မှန်ကန်တဲ့ဒေတာဖော်မက်ကို ရွေးချယ်လိုက်တာနဲ့ ပုံ ၂.၁၅ အောက်ပိုင်းမှာ မြင်နေရတဲ့ အတိုင်း preview မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Next နှိပ်ပြီး ဆက်သွားပါမယ်။

            အဆင့် ၈            

Create New Network ကို နှိပ်လိုက်ရင် New Network ဝင်းဒိုးပေါ်လာမှာ ဖြစ်ပါတယ်။ Roadway 4-22-2013 လို့ အမည်ပေးပြီး  အိုကေနှိပ်ထွက်ပါမယ်။ ပြီးရင် အခုဖွဲ့ထားတဲ့ Roadway 4-22-2013 Network  ကို ရွေးပြီး Next နှိပ်ပါမယ်။

            အဆင့် ၉            

Import Options ဝင်းဒိုးက Current Figure Prefix Database  မှာ Mastering Civil 3D  ကိုရှာပြီး ရွေးချယ်ပေးပါ။  ပြီးရင် အဲဒီအောက်ကပ်လျက်က Process Linework During Import option ကို Yes လုပ်ပေးပါမယ်။ Insert Figure Objects options နှင့် Insert Survey Points options တို့ကိုလည်း Yes လုပ်ပေးပါ။  


        အဆင့် ၁၀          

ပုံ ၂.၁၆ မှာပြထားတဲ့အတိုင်း  ဟုတ်/မဟုတ် စစ်ကြည့်ပြီး လိုအပ်ရင်ပြင်ဆင်ပေးပါ။ အားလုံးမှန်နေတယ်ဆိုရင် Finish ကို နှိပ်ပြီး အဆုံးသတ်လိုက်ပါမယ်။ အခုဆိုရင်တော့ ပွိုင့်များထည့်သွင်းပြီးဖြစ်သလို Auto linework လည်း လုပ်ပြီးဖြစ်တဲ့အတွက် အောက်မှာ ပြထားတဲ့ပုံအတိုင်း ဆာဗေးပွိုင့်များနဲ့ figure လိုင်းများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ပုံကို 0202_RoadwayFigures.dwg လို့ နာမည်ပေးပြီး save လုပ်ထားပေးပါ။ အောက်မှာ နောက်ဆုံးအဆင့် ရလာတဲ့ ပုံကို တင်ထားပေးပါတယ်။ 


အခု ကျွန်တော်တို့ Civil3D ဘာတွေလုပ်နိုင်စွမ်းတယ်ဆိုတာ မြည်းစမ်းကြည့်ခဲ့ကြပါပြီ  ဒါတွေဟာ Civil3D လုပ်ဆောင်ချက်တချို့ရဲ့ ဥပမာသက်သက်သာဖြစ်ပြီးတော့ အသေးစိတ်ကျတာတွေကို ဆက်လေ့လာဖို့ အဆင်သင့်ဖြစ်စေဖို့သာ ဖြစ်ပါတယ်။ တကယ်လို့ စိတ်ဝင်စား၍ သင်တန်းတက်ရောက်လိုပါက ဖုန်းနံပါတ် 09977108606 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ ။ Viber ကနေလည်း ယခုဖုန်းကို ဆက်သွယ်နိုင်ပါတယ်။

တင်သမျှဖိုင်များကို မဒေါင်းသေးပဲ ကိုယ်ပိုင်သိမ်းဆည်းထားလိုပါက Pcloud အကောင့်ဖွင့်ရန် https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

Premium Account တလ အစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အီးမေးလ် subscribe လုပ်ထားနှိင်ပါတယ်။

#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save



Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)