Civil 3D : Survey Query ဆိုတာဘာလဲ? ဘယ်လိုသုံးရမှာလဲ?

 AutoCAD Civil 3D Training Myanmar ကနေ Civil 3D မှာ ပါတဲ့ Survey Query အကြောင်း ပြောပြပါရစေ။

Survey Queries ဆိုတာဘာလဲ? ဘယ်လို၊ဘယ်နေရာမှာ၊ဘာအတွက်သုံးတာလဲ ဆိုတာအတွက် ဖြစ်ပါတယ်။

            Survey queries ကို အသုံးပြုပြီးတော့ survey database အတွင်းမှာ ရှိတဲ့အချက်အလက်များကို ရှာဖွေနိုင်ပါတယ်။ Query ကိုသုံးပြီးတော့ သူနဲ့ သက်ဆိုင်ဆက်နွယ်တဲ့ survey points အုပ်စု၊ figures အစရှိသည်တို့ကို ဖော်ပြနိုင်ပါတယ်။ ဥပမာ - ဓါတ်တိုင်များကို ကိုယ်စားပြုတဲ့ survey points query ကိုသုံးပြီး Power lines figures များကို ဖော်ပြနိုင်ပါတယ်။ Utilities များပါဝင်တဲ့ query တခု ဖန်တီးလိုက်တယ်ဆိုရင် ကျွန်တော်တို့ဟာ figures နှင့် points များကို isolate လုပ်နိုင်၊ အခြား drawing တခု အတွင်းသို့ ထည့်သွင်းနိုင်ပါတယ်။ survey query ကို surface နဲ့ဆက်စပ်သုံးစွဲမယ်ဆိုရင် အကောင်းဆုံး စွမ်းဆောင်ရည် ရရှိမှာ ဖြစ်ပါတယ်။ figures နှင့် points များပါဝင်တဲ့ query တခုကို surface model တခုထဲ ထည့်လိုက်မယ်ဆိုရင် figures များကို breaklines အဖြစ် အလိုအလျောက် အသုံးပြုနိုင်တာ တွေ့ရမှာပါ။ surface data အတွက်သုံးနိုင်တဲ့ နမူနာ survey query ကို ပုံ ၂.၁၄ မှာ တွေ့နိုင်ပါတယ်။

            ကိုယ်လုပ်ထားတဲ့ Survey query ကို အခြားဒေတာဘေ့စ်များမှာ သုံးစွဲလို့အဆင်ပြေတယ်၊ သုံးစွဲလိုတယ်ဆိုလျှင် Survey Queries ပေါ်မှာ ညာကလစ်ထောက်ပြီး Export or Import the query ကနေတဆင့် export/import လုပ်လို့  ရပါတယ်။


#AutoCAD #Civil3D #Online #Training #Myanmar #Surveyor #Engineer #Infrastructure #Road #Dam #Irrigation #Survey #Design #Surface #Grading #Corridor #Daylight

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)