Civil 3D : Traverse ချိန်ညှိခြင်း အပိုင်း ၁

 

AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Traverse(ကွက်ကြဲတိုင်းတာသည့်လမ်းကြောင်းချိန်ညှိခြင်း) အပိုင်း ၁ ကို မျှဝေပေးပါရစေ။

            Traverses လမ်းကြောင်းများ အသစ်ဖန်တီးချင်တာ၊ ရှိပြီးသားကို ပြင်ဆင်ချင်တာမျိုးဆိုရင် ဒီနေရာမှာ လုပ်ကိုင်နိုင်ပါတယ်။ Traverses တွေကို ကျွန်တော်တို့တိုင်းတာထားချက်များအရ တိုင်းတာရေးစက်များကနေ ရရှိတာမျိုးပဲဖြစ်ဖြစ်၊ ကွင်းအတွင်းမှာ ကောက်ယူလာတဲ့ တိုင်းတာရေးမှတ်တမ်း field notes များကနေ ပုံ ၂.၂၁ မှာ ပြထားတဲ့ Traverse Editor မှာ ကိုယ်တိုင်ရိုက်သွင်းလို့ပဲ ဖြစ်ဖြစ် ဖန်တီးနိုင်ပါတယ်။ Traverse Editor စက်ထိုင်တဲ့ Setup ကနေရရှိလာတဲ့ ရှိပြီးသား Traverses အချက်အလက်များ ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်လျှင် ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

The Traverse Editor

ပုံ ၂.၂၁ The Traverse Editor ကိုမြင်တွေ့ရပုံ

Traverse တခု ဖန်တီးပြီးတာနဲ့ အဲဒီအပေါ်မှာ ညာကလစ်ထောက်၊ Traverse Analysis ဆိုတာကို ရွေးပြီး လိုအပ်တာကို ချိန်ညှိပြင်ဆင်နိုင်ပါတယ်။ Traverse ချိန်ညှိရာမှာ ရေပြင်ညီလမ်းကြောင်း horizontally အတိုင်းဖြစ်စေ ၊ ဒေါင်လိုက်လမ်းကြောင်း vertically အတိုင်း ဖြစ်စေ နည်းအမျိုးမျိုးနဲ့ ချိန်ညှိနိုင်ပါတယ်။ တန်ဖိုးအသစ်များအရ ရရှိလာတဲ့ Traverse Analysis ကို text ဖိုင် အနေနဲ့လည်း သိမ်းဆည်းထားနိုင်၊ ဝေမျှနိုင်ပါတယ်။

            အခု Traverse လေ့ကျင့်ခန်းလေး လက်တွေ့လုပ်ကြည့်ကြရအောင်။

အဆင့် ၁            _AutoCAD Civil 3D (Imperial) NCS.dwt template ဖိုင်ကနေပြီးတော့ drawing အသစ် ခေါ်ယူပါမယ်။ ပြီးရင် Toolspace > Survey tab ကိုသွားပြီးတော့ Survey Databases အပေါ်မှာ Right-click ထောက်ပြီး New Local Survey Database ကို ရွေးလိုက်ပါမယ်။ ဒါဆိုရင် New Local Survey Database dialog ပွင့်လာမှာ ဖြစ်ပါတယ်။

အဆင့် ၂             New Local Survey Database dialog မှာ ကျွန်တော်တို့ရဲ့ ဆာဗေးဒေတာဘေ့စ်အသစ်ကို Traverse လို့ နာမည်ပေးပြီး OK နှိပ်ပါမယ်။ ဒါဆိုရင် Traverse ဆိုတဲ့အမည်နဲ့ ဆာဗေးဒေတာဘေ့စ်တခုကို Toolspace > Survey Databases အောက်မှာ ရရှိပါပြီ။

အဆင့် ၃            ဆာဗေးဒေတာဘေ့စ်အသစ် Traverse ကို ဖြန့်ချပြီး Networks ပေါ်မှာ Right-click ထောက်ကာ New ကို ရွေးပြီး အသစ်တောင်းလိုက်ပါမယ်။ Traverse Practice လို့ နာမည်ပေးပြီး OK နှိပ်ပါမယ်။ ဒါဆိုရင် Traverse Practice ဆိုတဲ့အမည်နဲ့ Survey Network တခုကို Toolspace > Survey Databases > Traverse အောက်မှာ ရရှိပါပြီ။

အဆင့် ၄            Traverse Practice ပေါ်မှာ Right-click ထောက်ပြီး Import > Import Field Book ကို ရွေးပါမယ်။ ပြီးရင်ဒေါင်းလုဒ်ဆွဲထားတဲ့ 0203_traverse.fbk ဖိုင်ရှိရာလမ်းကြောင်းကို  သွားရွေးပြီး Open နှိပ်ပေးပါ။ ဒါဆိုရင် Import Field Book ဝင်းဒိုးပေါ်လာမှာ ဖြစ်ပါတယ်။

အဆင့် ၅            Traverse Practice ပေါ်မှာ Right-click ထောက်ပြီး Import > Import Field Book ကို ရွေးပါမယ်။ ပြီးရင်ဒေါင်းလုဒ်ဆွဲထားတဲ့ 0203_traverse.fbk ဖိုင်ရှိရာလမ်းကြောင်းကို  သွားရွေးပြီး Open နှိပ်ပေးပါ။ 0203_traverse.fbk ဖိုင်ဒေါင်းရန်။ ဒါဆိုရင် Import Field Book ဝင်းဒိုးပေါ်လာမှာ ဖြစ်ပါတယ်။ ပုံ ၂.၂၂ မှာ ပြထားသလိုမျိုး setting လုပ်ပြီး အိုကေနှိပ်ပါမယ်။

The Import field Book dialog

ပုံ ၂.၂၂ The Import field Book dialog ကိုမြင်တွေ့ရပုံ

            ပြီးသွားရင် Zoom Extent လုပ်ဖို့ မောက်စ်မှာပါတဲ့ scroll whell ကို အပေါ်တည့်တည့်ကနေ ၂ ချက် ကလစ် နှိပ်လိုက်ပါ။ အဲလိုမဟုတ်ပဲ command line မှာ Z enter, E enter နှိပ်ပြီး သွားလည်း ရပါတယ်။ ဒီမှာတော့ Traverse အတွက် တိုင်းတာ ထားတာ ဖြစ်တဲ့အတွက် linework မပါတာကို တွေ့ရမှာပါ။ ပွိုင့် ၄ ခုသာ ပါဝင်တဲ့ Drawing ဖိုင်ကို 0203_Traverse.dwg လို့ အမည်ပေးပြီး save လုပ် သိမ်းဆည်းထားပါမယ်။ ဒီနေ့တော့ ဒါလောက်နဲ့နားကြရအောင်။  နောက်နေ့ဆက်လေ့ကျင့်တဲ့အခါ မှာ ဒါကို ထပ်သုံးပါမယ်။ 

အပိုင်း ၂ ကိုကြည့်ရန်   အပိုင်း ၃ ကိုကြည့်ရန်

ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို ဒီမှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း  https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account တလ ဖရီးအစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် 2TB အထိ သိမ်းဆည်းနိုင်တဲ့ ကိုယ်ပိုင် Pcloud Storage တနှစ်စာ သို့မဟုတ် တသက်တာ အသုံးပြုခွင့် ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အီးမေးလ် subscribe လုပ်ထားနှိင်ပါတယ်။


#ACTCMYANMAR #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)