Civil 3D: Other Survey Features (အပိုင်း ၂)

AutoCAD Civil 3D Training Myanmar ကနေ Civil 3D မှာ ပါဝင်တဲ့ Survey features များ အကြောင်း အပိုင်း ၂ ကို ဆက်လက်မျှဝေပေးလိုက်ပါပြီခင်ဗျာ။

 Other Survey Features in Civil 3D Part 2 (အခြားဆာဗေးအသုံးချနည်း အပိုင်း ၁) ကို ကြည့်ရန်

Mapcheck

            Mapcheck report ဟာ ကျွန်တော်တို့ ဆွဲသားထားတဲ့လိုင်းများ၊ မျဉ်းကွေးများကို သုံးပြီး Closure တန်ဖိုး တွက်ထုတ်ပေးနိုင်ပါတယ်။ ဘာဒေတာထည့်ပေးရမလဲဆိုတော့ line, curve, or parcel segment labels စတာတွေကို ထည့်ပေးဖို့ လိုပါတယ်။ လက်တွေ့လေ့ကျင့်ခန်း လုပ်ကြည့်ရအောင်။ ဒေါင်းလုဒ်ဆွဲထားတဲ့ 0205_Mapcheck.dwg ကို ဖွင့်လိုက်ပါမယ်။ ဒီမှာဒေါင်းပေးပါခင်ဗျာ ။ ပြီးရင်

အဆင့် ၁            Ribbon > Analyze tab > Survey အောက်မှာ Mapcheck ကိုရှာပြီး ကလစ်နှိပ်ပါ။ Mapcheck Analysis palette ပေါ်လာပါမယ်။ ထိပ် Menu Bar မှာ  New Mapcheck ဆိုတာကို ရှာပြီး ကလစ်နှိပ်ပါမယ်။ Command လိုင်းမှာ Mapcheck အမည်တောင်းတာတွေ့ရမှာပါ။ Record Deed လို့ ရိုက်ပေးပြီး Enter နှိပ်ပါ။

အဆင့် ၂             Mapcheck Analysis palette မှာ Record Deed အမည်နဲ့ ပေါ်လာပါပြီ။ စမှတ်တောင်းနေပြီ ဖြစ်တဲ့အတွက် ပုံမှာပါဝင်တဲ့ အကွက်ရဲ့ ညာဖက်ခြမ်း အရှည်ဆုံးလိုင်း မြောက်ဘက်အဆုံးပွိုင့်ကို ကလစ်ချပေးပါ။ ဒါဆိုရင် အနီရောင် glyph ပေါ်လာတာတွေ့ရသလို Analysis palette မှာလည်း ကိုဩဒိနိတ်အချက်အလက်များ ပေါ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။

အဆင့် ၃            ဆက်ပြီးတော့ နာရီလက်တံအတိုင်း parcel label တခုချင်းစီကို ကလစ်လုပ်သွားပါမယ်။ ပုံရဲ့အနောက်တောင်ဖက်ခြမ်းက အသေးဆုံး အပိုင်းလေးကို ကျော်မသွားဖို့ သတိပြုပေးပါ။ ပုံရဲ့ အနောက်မြောက်ဘက်ပိုင်းမှာ parcel label တခု က လားရာပြောင်းပြန်ဖြစ်နေတာ တွေ့ရပါမယ်။ ဒါကို Mapcheck Reverse command သုံးပြီး ပြင်ဆင်ပါမယ်။ Command လိုင်းမှာ Select a label or [Clear/Flip/New/Reverse]: ပေါ်နေတဲ့အထဲက ပြန်လှည့်ဖို့အတွက် R enter လို့ ရိုက်ပြီးတာနဲ့ glyph ဟာ ပုံ ၂.၃၂ မှာလိုပဲ အမှန်လားရာအတိုင်း ပြန်လှည့်သွားတာ မြင်ရမှာ ဖြစ်ပါတယ်။

ပုံ ၂.၃၂

လားရာအမှန်ပြင်ဆင်ပြီး Mapcheck Glyph ကို မြင်တွေ့ရပုံ


အဆင့် ၄            မြောက်ဘက်ဆုံးက နောက်ဆုံး label ကို ကလစ်လုပ်ပြီးတာနဲ့ Mapcheck အတွက် ဒေတာထည့်သွင်းတာ ပြီးစီးပြီဖြစ်လို့ enter ခေါက်ပြီး အဆုံးသတ်ပေးပါ။ စုစုပေါင်း အနား ၁၂ နား ပါဝင်မှာ ဖြစ်ပါတယ်။

အဆင့် ၅            ထိပ် Menu Bar မှာ  Output View ဆိုတာကို ရှာပြီး ကလစ်နှိပ်လိုက်ရင် ပုံ ၂.၃၃ မှာလိုပဲ Closure တန်ဖိုးများ ပြသပေးမှာ ဖြစ်ပါတယ်။

ပုံ ၂.၃၃

Output View နှိပ်ပြီး Closure အချက်အလက်များနှင့် ထည့်သွင်းထားသည့် ဒေတာများ ကို Mapcheck Analysis palette တွင် မြင်တွေ့ရပုံ


အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ Premium Account တလ အစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အောက်က social network များမှာလည်း Like, follow and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ 

Telegram     https://t.me/ACTC_Myanmar

Facebook    https://www.facebook.com/LearnC3D

Youtube       https://www.youtube.com/channel/UC3rTnRUndFmHnhBWvQjuBTQ


 #Civil3D     #Training     #Myanmar     #Engineer     #Surveyor     #Infrastructure     #Road #Dam     #Irrigation     #Canal     #Earthwork     #Layout     #Planning     #Urban     #Drainage     #Grading     #AutoCAD     #Alignment     #Surface     #Contour     #Profile #Corridor     #Units     #Tutorial     #drawing     #setting     #Zone     #transformation     #Save     #Traverse     #Construction     #Landscape     #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)