Civil 3D: Other Survey Features (အပိုင်း ၁)

 AutoCAD Civil 3D Training Myanmar မှ Civil 3D မှာ ပါဝင်တဲ့ Survey features များ အကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Other Survey Features in Civil 3D

            ဆာဗေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် အခြားလုပ်ဆောင်ချက်များလည်း Civil 3D မှာ ပါဝင်ပါတယ်။ အဲဒါတွေကတော့

  • ·         AstronomicDirection Calculator
  • ·        Geodetic Calculator
  • ·        Mapcheck reports နှင့်
  • ·        Coordinate Geometry Editor တို့ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်များအားလုံးကို Ribbon > Analyze tab > Survey အောက်မှာ ရယူသုံးစွဲ နိုင်ပါတယ်။

Astronomic Direction Calculator       

Astronomic Direction Calculator ကို ပုံ ၂.၃၀ မှာ မြင်တွေ့နိုင်ပြီး နေကြည့်ခြင်း/ကြယ်ကြည့်ခြင်းလို့ခေါ်တဲ့ Sun Shots or Star Shots လုပ်ငန်းတွက်ချက်မှုများအတွက် သုံးနိုင်ပါတယ်။ ဒီလိုတိုင်းတာမှုများအတွက် လိုအပ်တဲ့ အချက်အလက် များကို အလွယ်တကူ ထည့်သွင်းအသုံးပြုစေနိုင်တဲ့ အလွန်အဆင်ပြေတဲ့ လုပ်ဆောင်ချက် တခု ဖြစ်ပါတယ်။

ပုံ ၂.၃၀ Astronomic Direction Calculator တွင်ပါဝင်သည့် လုပ်ဆောင်ချက်များ ကိုမြင်တွေ့ရပုံ

Geodetic Calculator

Geodetic Calculator ကိုကြတော့ ပွိုင့်တခုရဲ့ Local and Grid Coordinates ကနေ Latitude and Longitude ကို တွက်ထုတ်နိုင်ဖို့ သုံးပါတယ်။  ဒါ့အပြင် ပွိုင့်တခုရဲ့ Local Coordinates သို့မဟုတ် Latitude and Longitude ကို သိတယ်ဆိုရင် အဲဒါကို အခြေခံပြီး တခြား unknown points များကို တွက်ချက်ဖန်တီး နိုင်ပါတယ်။ Geodetic Calculator ကို သုံးချင်တယ်ဆိုရင်တော့ Drawing Settings dialog မှာ coordinate စနစ်တခုကို ရွေးချယ်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုတော့ သတိထားပေးပါ။ ဒါ့အပြင် transformation settings မှာ တခုခု သတ်မှတ်ထားခဲ့ရင်လည်း Geodetic Calculator မှာ လာပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ပုံ ၂.၃၁

 ပုံ ၂.၃၁ Geodetic Calculator တွင်ပါဝင်သည့် လုပ်ဆောင်ချက်များ ကိုမြင်တွေ့ရပုံ


Mapcheck reports နှင့် Coordinate Geometry Editor တို့ ကို နောက်တပိုင်း ထပ်တင်ပေးပါမယ်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ Premium Account တလ အစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် follow and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ 

Other Survey Features in Civil 3D Part 2 (အခြားဆာဗေးအသုံးချနည်း အပိုင်း ၂) ကြည့်ရန်


#Mastering     #Civil3D     #Training     #Myanmar     #Engineer     #Surveyor #Infrastructure     #Road     #Dam     #Irrigation     #Canal     #Earthwork     #Layout #Planning     #Urban     #Drainage     #Grading      #AutoCAD     #Alignment     #Surface #Contour     #Profile     #Corridor     #Units     #Tutorial     #drawing     #setting     #Zone #transformation     #Save     #Traverse     #Construction     #Landscape     #ParkingLot 


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)