Civil 3D : Translate Survey Network သုံးစွဲခြင်း (အပိုင်း ၁)

 AutoCAD Civil 3D Training Myanmar ကနေပြီး Translate Survey Network အကြောင်း အပိုင်း ၁ ကို 
ဝေမျှပေးပါရစေ။ 

မကြာခဏဆိုသလိုပဲ assumed coordinate စနစ်နဲ့ တိုင်းတာထားချက်များကို known coordinate စနစ်သို့ လိုက်လျောညီထွေ ချိန်ညှိပြောင်းလဲပေးရလေ့ ရှိပါတယ်။ ဒီလို ကိုဩဒိနိတ်စနစ်ပြောင်းလဲရာမှာ တိုင်းထားချက်များကို မှန်ကန်တဲ့လားရာဦးတည်ရပ်များသို့ လှည့်ပေးရပါတယ်။ နောက်တခုကတော့ assumed elevations ကနေလည်း known datum သို့ ပြောင်းလဲပေးရလေ့ ရှိပါတယ်။ အခု ဥပမာ မှာတော့ အလိုရှိတဲ့ ကိုဩဒိနိတ်စနစ်က known points ၂ ခု ပါဝင်တဲ့ ပုံကို အသုံးပြုမှာ ဖြစ်ပါတယ်။ ကနဦး import လုပ်ထားတဲ့ ဆာဗေးဖိုင်ဟာ assumed coordinate စနစ်နဲ့ တိုင်းတာထား တာဖြစ်လို့ known points ရတဲ့အခါမှာ translate command ကို သုံးပြီးတော့ known ကိုဩဒိနိတ်စနစ်နဲ့ လိုက်လျောညီထွေ ရွှေ့ပြောင်းလှည့်ပေးရမှာ ဖြစ်ပါတယ်။

            အခု ကျွန်တော်တို့ ဒေါင်းယူထားတဲ့ 0204_Translate.dwg  ဆိုတဲ့ပုံကို ဖွင့်လိုက်ပါမယ်။ ဒီမှာ သို့ ဒီကဒေါင်းပါခင်ဗျာ။ အဲဒီမှာ Point 10000 နှင့် Point 10001 ဆိုပြီး Known Point ၂ ခု ပါဝင်တာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုစလုပ်ရအောင်။

အဆင့် ၁            Toolspace > Survey Tab > Survey Databases မှာ Right-Click > New Local Survey Database ကို ရွေးပါမယ်။ New Local Survey Database Dialog ပွင့်လာရင် Translate လို့ နာမည်ပေးပြီး 

အိုကေနှိပ်ပါမယ်။ ဒါဆိုရင် Translate အမည်နဲ့ဒေတာဘေ့စ်တခုကို Survey Databases အောက်မှာ ရရှိပါပြီ။

အဆင့် ၂             Translate အောက်က Networks ကို Right-Click လုပ်ပြီး New ကိုရွေးပါမယ်။ New Network Dialog ပွင့်လာရင် Translate  လို့ပဲအမည်ပေးပြီး အိုကေနှိပ်ပါမယ်။ ဒါဆိုရင် Translate အမည်နဲ့ Survey Network တခုကို ရရှိပြီ ဖြစ်ပါတယ်။

အဆင့် ၃            Translate အမည်နဲ့ Survey Network  ကို Right-Click လုပ်ပြီး Import > Import Point file  ကို ရွေးပါမယ်။ ပြီးရင်ဒေါင်းလုဒ်ဆွဲထားတဲ့ 0204_Translate.txt  ရှိရာ ဖိုင်လမ်းကြောင်းကိုရွေးပေးပြီး Open  နှိပ်လိုက်ရင် Import Point file dialog  ပွင့်လာမှာဖြစ်ပါတယ်။ ဒီက သို့ ဒီမှာ ဒေါင်းရန်။ 

အဆင့် ၄            အဲဒီမှာ ပွိုင့်ဖိုင်အမျိုးအစား PNEZD (Comma Delimited)  ဖြစ်ရပါမယ်။ မဟုတ်ရင် 

ပြင်ပေးပါ။ Insert Survey Points option  ကိုလည်း အမှန်ခြစ် Yes လုပ်ပြီး OK  နှိပ်ပါမယ်။

Import Point File ပြုလုပ်ပြီး Zoom Extents ပြုလုပ်ထားသည် ကိုမြင်တွေ့ရပုံ

အဆင့် ၅            ပုံအတွင်း ပွိုင့်များမမြင်ရလျှင် Prospector > Point Groups ကို update လုပ်ပေးပါ။ ပြီးရင် 

ပွိုင့်ရှိရာ မြင်တွေ့ရဖို့ Zoom extents လုပ်ပေးပါ။ အခု ထည့်သွင်းလိုက်တဲ့ပွိုင့်များထဲမှာ Point 1 နှင့် Point 47 တို့ဟာ အမှန်ရှိတဲ့ ကိုဩဒိနိတ်စနစ်က Point 10000 နှင့် Point 10001 တို့ ဖြစ်ပါတယ်။ Translate လုပ်ဖို့ လိုအပ်တဲ့အချက်အလက်များကို အဲဒီကနေ ယူမှာဖြစ်ပါတယ်။ နောက်အဆင့်လုပ်ဖို့အတွက် ဒီပွိုင့်များကို panning and zooming လုပ်ပြီး ရွေးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ Osnap မှာ Node ကို မဖွင့်ရသေးရင် 

ဖွင့်ပေးထားပါ။

မနက်ဖန် ဆက်လေ့ကျင့်ပါမယ်ခင်ဗျာ ။ ဒီနေ့တော့ ဒီလောက်နဲ့ ခဏနားအောင်နော်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500GB အထိ သိမ်းဆည်းနိုင်တဲ့ တလ ၅ ဒေါ်လာတန် Premium Account တလ ဖရီးသုံးချင်ပါက

 https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် 2TB အထိ သိမ်းဆည်းနိုင်သော တနှစ်စာ သို့မဟုတ် တသက်တာကိုယ်ပိုင် Pcloud Storage အသုံးပြုခွင့်ကို ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ စျေးသက်သက်သာသာ နဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 

Translate Survey Network ကို လက်တွေ့သုံးစွဲခြင်း (အပိုင်း ၂) ကြည့်ရန်

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် follow and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ 

 #ACTCMyanmar    #Civil3D     #Training     #Engineer     #Surveyor     #Infrastructure     #Road     #Dam #Irrigation     #Canal     #Earthwork     #Layout     #Planning     #Urban     #Drainage     #Grading #Myanmar     #AutoCAD     #Alignment     #Surface     #Contour     #Profile     #Corridor     #Units #Tutorial     #drawing     #setting     #Zone     #transformation     #Save     #Traverse     #Construction #Landscape     #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)