Civil 3D : Traverse ချိန်ညှိခြင်း အပိုင်း ၃

AutoCAD Civil 3D Training Myanmar ကနေမျှဝေပေးတဲ့ Traverse(ကွက်ကြဲတိုင်းတာသည့်လမ်းကြောင်းချိန်ညှိခြင်း) အပိုင်း ၃ ဖြစ်ပါတယ်ခင်ဗျာ။

ဒီအပိုင်းကတော့ Traverse Analysis လုပ်ပြီး ရရှိလာတဲ့ text ဖိုင်များကို ရှင်းပြပေးတာ ဖြစ်ပါတယ်။

ပုံ ၂.၂၅ မှာတော့ analysis လုပ်ပြီးရလာတဲ့ Traverse1 Raw Closure.trv နှင့် Traverse 1 Vertical Adjustment.trv ဖိုင်များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Raw closure file မှာ ကျွန်တော်တို့သတ်မှတ်ထားခဲ့တဲ့ တိကျမှုတန်ဖိုး ထက်ပိုကောင်းတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲသလိုပဲ vertical adjustment ဖိုင်မှာဆိုရင်လည်း ဘယ်လောက်ချိန်ညှိထားတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပုံ ၂.၂၅ အလျားလိုက်နှင့်ဒေါင်လိုက် traverse လမ်းကြောင်းအား ချိန်ညှိထားသည့်တန်ဖိုးများနှင့် သက်ရောက်မှုများ ကိုမြင်တွေ့ရပုံ

တတိယဖိုင် Traverse 1.lso ကိုတော့ ၃ ပိုင်းခွဲပြီး ပြောပါမယ်။ ပုံ ၂.၂၆ မှာဆိုရင် ပထမဆုံး အပိုင်းမှာပါဝင်တဲ့ ကနဦးတိုင်းတာချက်များနှင့် standard deviations များ၊ ချိန်ညှိပြီးတန်ဖိုးများ နှင့် residual အစရှိသည်တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပုံ ၂.၂၆ တိုင်းတာထားသည့် အချက်အလက်များနှင့် အခြေအနေ ကိုမြင်တွေ့ရပုံ

ပုံ ၂.၂၇ မှာတော့ ဒုတိယပိုင်းဖြစ်တဲ့ ချိန်ညှိပြီးသား ကိုဩဒိနိတ်တန်ဖိုးများ၊ ၎င်းတို့ရဲ့ standard deviation များ၊ နှင့် error ellipses တို့ကို မြင်တွေ့ရမှာပါ။ တကယ်လို့ ကိုယ်လက်ခံနိုင်တဲ့ deviations ထက်သိပ်များနေတယ်ဆိုရင် အရင်ဆုံး Instrument settings နှင့် equipment database တို့မှာ သတ်မှတ်ထားတဲ့ tolerances ကိုစစ်ကြည့်ပေးပါ။ အဲဒီမှာ သတ်မှတ်ထားတာလဲ ကိုယ်လိုချင်တာနဲ့ ကိုက်ညီမှန်ကန်တယ်ဆိုရင်တော့ Traverse Anaylsis ပြန်လုပ်တာ (သို့) field book ဒေတာကို ပြင်ဆင်တာမျိုး ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ 

ပုံ ၂.၂၇ ချိန်ညှိပြီးသား ကိုဩဒိနိတ်တန်ဖိုး အချက်အလက်များ ကိုမြင်တွေ့ရပုံ

ပုံ ၂.၂၈ မှာဆိုရင်တော့ Blunder Detection/Analysis ဆိုပြီး Civil 3D ကနေ network အတွင်းမှာပါဝင်တဲ့ အချက်အလက်များကို ရှာဖွေဆန်းစစ်ပြီး ဘယ်ဟာကမှားတယ်၊ ဘာကိုတော့ ယူသုံးမယ်ဆိုပြီး ကိုယ်သတ်မှတ်ပေးလိုက်တာကို သုံးပြီး တွက်ချက်ထားတဲ့ အချက်အလက်များကို မြင်တွေ့ရမှာပါ။ တကယ်လို့များ အချက်အလက်မပြည့်စုံတဲ့ bad shot များတွေ့ခဲ့ရင် ဆော့ဝဲလ်က သူ့ဘာသာပြင်ဆင်နိုင်စွမ်းမရှိတာကြောင့် အဲဒီဒေတာကို ကိုယ်တိုင်ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုပြင်ဆင်ရာမှာ ကွင်းဆင်းပြီး ပြန်သွားတိုင်းတာမလား ၊ field book ဒေတာကိုပြင်ဆင်ရုံနဲ့ပဲ အဆင်ပြေမလားဆိုတာကတော့ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ပုံ ၂.၂၈   Blunder Analysis အချက်အလက်များ ကိုမြင်တွေ့ရပုံ

အခု Traverse ပိုင်း အားလုံးပြီးသွားပြီ ဖြစ်ပါတယ်ခင်ဗျာ။ 
အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို ဒီမှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း  https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500GB အထိ သိမ်းဆည်းနိုင်တဲ့ တလ ၅ ဒေါ်လာတန် Premium Account တလ ဖရီးအစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် 2TB အထိ သိမ်းဆည်းနိုင်တဲ့ ကိုယ်ပိုင် Pcloud Storage တနှစ်စာ သို့မဟုတ် တသက်တာ အသုံးပြုခွင့် ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ စျေးသက်သက်သာသာ နဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အီးမေးလ် subscribe လုပ်ထားနှိင်ပါတယ်။

#ACTCMYANMAR #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)