Civil 3D Interoperability Between Versions (2018 - 2022)
AutoCAD Civil 3D Training Myanmar ကနေ Civil 3D ဗားရှင်းများ အကြားအပြန်အလှန်အသုံးပြုနိုင်မှု ( ၂၀၁၈ မှ ၂၀၂၂ အထိ ) အကြောင်းလေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Autodesk Civil 3D 2022 အသုံးပြုဆွဲသားထားသောပုံများကို ဆော့ဝဲ၏ယခင်ဗားရှင်းများမှာ
မည်သို့ ကြည့်ရှုရမည်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Autodesk
Civil 3D 2022 နှင့် ယခင်ဗားရှင်းများအကြား
အပြန်အလှန် အသုံးပြုနိုင်စွမ်း ကိုလည်း ဖော်ပြထားပါတယ်။
Autodesk
Civil 3D 2022 ပုံများကို ယခင်ဗားရှင်းများမှာ ဖွင့်ကြည့်ခြင်း
Autodesk Civil 3D 2022 တွင် ဆွဲပြီး သိမ်းဆည်းထားသောပုံများကို Autodesk Civil 3D 2021၊ Autodesk Civil 3D 2020, Autodesk Civil 3D 2019 နှင့် AutoCAD Civil 3D 2018 တို့မှာ ဖွင့်အသုံးပြုနိုင်ပါတယ်။
Autodesk Civil 3D 2022 တွင် ဆွဲသားထားသော Civil 3D အရာဝတ္ထုများကို
AutoCAD Civil 3D 2018 ဗားရှင်းတွင်ကြည့်ရှုနိုင်ရန်၊
ပုံဆွဲခြင်းနှင့်အတူဂရပ်ဖစ်များကိုသိမ်းဆည်းရန်အတွက် PROXYGRAPHICS variable တန်ဖိုးကို 1 ဟု Civil 3D 2022 ဗားရှင်းမှာ အရင်သတ်မှတ်ပါ။ ပြီးရင် Save As command ကိုသုံးပြီးတော့
ယခင်ဗားရှင်း အနိမ့်နဲ့ သိမ်းဆည်းပါ ။ ဒါဆိုရင် Civil
3D ဆော့ဝဲလ်၏ ယခင်ဗားရှင်း
တွင် ဖွင့်ကြည့်သောအခါ Autodesk Civil 3D အရာဝတ္ထုများကို proxy
graphics အဖြစ်ပြပါလိမ့်မယ်။
Autodesk
Civil 3D 2022
နှင့်ယခင်ဗားရှင်းများအကြားအပြန်အလှန်အသုံးပြုနိုင်ခြင်း
ဒီအပိုင်းမှာတော့
Autodesk Civil 3D 2022၊ Autodesk Civil 3D 2021၊ Autodesk Civil 3D 2020၊ Autodesk Civil 3D 2019 သို့မဟုတ် AutoCAD
Civil 3D 2018 အကြား အပြန်အလှန်
အသုံးပြုနိုင်စွမ်းကို ဖော်ပြထားပါတယ်။
မျဉ်းကွေးအုပ်စုများပါဝင်သောလမ်းအူကြောင်း (Alignments with
new curve groups)
Autodesk Civil 3D 2022 တွင်ဆွဲသားခဲ့သော alignment-curve အမျိုးအစားအသစ်များကိုယခင် Civil 3D version တွင် တည်းဖြတ်နိုင်ရန်
fixed entities ပုံသေအရာများ အဖြစ် ပြောင်းလဲနိုင်ပါတယ်။ မျဉ်းကွေး Curve များ ပါဝင်သော လမ်းအူကြောင်း တစ်ခုကို fixed entities ပုံသေအရာများ အဖြစ် ပြောင်းလဲရန် Convert
to Fixed command ကိုသုံးနိုင်ပါတယ်
။ ဒီ command ဟာ curve group မှာ ပါဝင်တဲ့ အရာအားလုံးကို ယခင်ဗားရှင်းမှာ ပြင်ဆင်တည်းဖြတ်နိုင်တဲ့
fixed entities ပုံသေအရာများ အဖြစ်ပြောင်းလဲပေးပါလိမ့်မည်။
ဒီ Command ကိုအသုံးပြုပြီးချိန်မှာ
မည်သည့် curve အုပ်စုများကိုမဆို သတ်မှတ်ထားသော ကန့်သတ်ချက်များနှင့် အရာတခုချင်းစီ
အဖြစ်ပြောင်းလဲပါလိမ့်မယ်။ မျဉ်းကွေးများကို မူသေအမှတ်သုံးမှတ်ပါ မျဉ်းကွေးများ အဖြစ်လည်းကောင်း၊
မျဉ်းဖြောင့်များကို သတ်မှတ်ထားသော မူသေအမှတ်၂မှတ်ပါမျဉ်းများ အဖြစ်သို့
လည်းကောင်း ပြောင်းသွားပါတယ်။
မူသေမသတ်မှတ်ထားတဲ့
မည်သည့်ဂျီသြမေတြီမျိုးကိုမဆို ပြောင်းလဲရန်အတွက်လည်း ဒီ command ကို သုံးနိုင်ပါတယ်။
ဥပမာအားဖြင့်၊ free curve ကို သတ်မှတ်ထားသော မူသေအမှတ်သုံးမှတ်ပါ fixed curve အဖြစ်
ပြောင်းလဲနိုင်ပါတယ်။
အသုံးပြုနည်းကတော့
ပြောင်းလဲလိုတဲ့ alignment ကိုရွေးချယ်ပါ။
Alignment
contextual tab တွင်၊ Modify panel မှာ Convert to Fixed ကိုနှိပ်ပါ။
ဒီနေရာမှာ static alignment များကိုသာပြောင်းလဲနိုင်ပါတယ် ။ အကယ်၍ dynamic alignment ကို ရွေးချယ်ပါက ၎င်းကို static သို့ပြောင်း/မပြောင်း သင့်အား မေးမြန်းသည့် ဇယားကွက်ပေါ်လာလိမ့်မည်။ ပြောင်းမယ်ဆို အိုကေကိုနှိပ်ပါ။
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ်
ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။
ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ Premium Account တလ အစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။
ဒါကတော့ professional များအတွက် ကိုယ်ပိုင် Pcloud
Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် follow and
subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
ကိုးကား
https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-589C3DC0-EC98-40BC-B8CD-4623AA79D763
https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-5F1F6F3D-7936-4483-BE2D-1577E027D5BA
#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot
Comments
Post a Comment