Civil 3D 2022 New in ArcGIS Workflows

AutoCAD Civil 3D Training Myanmar ကနေ ပြောပြချင်တဲ့ အကြောင်းအရာကတော့ New in ArcGIS Workflows (What's New in 2022) ပဲ ဖြစ်ပါတယ်။

 ArcGIS အတွက် အသစ်ပါဝင်လာမှုများ (၂၀၂၂ ဗားရှင်း)

ArcGIS အတွက် မကြာသေးမီက ထည့်သွင်းလိုက်တဲ့ အဆင့်မြှင့်တင်မှုများ အကြောင်း လေ့လာရမှာပါ။

  • ArcGIS ကနေပြီးတော့ တင်သွင်းလိုက်တဲ့ raster ပုံရိပ်တွေကို ယခု ArcGIS မှ refresh လုပ်နိုင်ပါတယ်။  

  1. မိမိပုံထဲမှာရှိတဲ့ ArcGIS Datasets ကို အွန်လိုင်း ArcGIS Datasets နှင့် ကိုက်ညီစေရန် data Source Manager dialog box ထဲမှာရှိတဲ့ Refresh option ကို သုံးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ အွန်လိုင်းမှာရှိတဲ့ ဒေတာဗေ့စ်ကို အဆင့်မြှင့်လိုက်တယ်ဆိုပါက နောက်ဆုံးပြင်ဆင်မှုများကို မိမိပုံမှာ ရရှိဖို့ Refresh option ကို သုံးနိုင်ပါတယ်။ Datasets ကို Refresh လုပ်ခြင်းသည် ArcGIS မှာ အသစ်တင်ထားသောအရာဝတ္ထုများနှင့် attribute data များကို မိမိပုံအတွင်း တောင်းယူထည့်သွင်းခြင်း ဖြစ်ပါတယ်။
  2. Insert tab > ArcGIS panel > Data Source Manager ကို ကလစ်လုပ်လျှင် Data Source Manager dialog ပွင့်လာပါမယ်။
  3. အဲဒီမှာ ကိုယ် refresh လုပ်ချင်တဲ့ Datasets နောက်က အကွက်လေးတွေမှာ အမှန်ခြစ်ထည့်ပြီး refresh ကို နှိပ်ပါ။
  4. Raster ဒေတာပါတဲ့ Datasets ဆိုရင် Refresh Raster Data from ArcGIS Dialog Box ပွင့်လာပြီး မိမိ refresh လုပ်ချင်တဲ့ raster ပုံရိပ်ရဲ့ resolution ကို အဲဒီမှာ သတ်မှတ်နိုင်ပါတယ်။

  • Raster အချက်အလက် များကို တင်သွင်းခြင်း နှင့် အသစ်တင်သည့်အခါမှာ သက်ဆိုင်တဲ့ အလွှာတစ်ခုစီ အတွက် resolution ကို သီးခြားစီ configure လုပ်နိုင်လာပါတယ်။
  • ArcGIS raster အချက်အလက်များကို တင်သွင်းရာမှာလည်း ရရှိနိုင်သော resolution ကို အဆင့်၁၉ မှ အဆင့်၂၃ သို့ တိုးမြှင့်ထားပါတယ်။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ ပုံမှန်ထက် စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ 



ကိုးကား

https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-F700B474-D10A-4F48-B2C7-052F5D79CBAF

#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)