Civil 3D 2022 New Installation Experience, User Profile and PurgeAECData

 AutoCAD Civil 3D Training Myanmar ကနေ Civil 3D 2022 Version မှာ ပါဝင်လာတဲ့ New Installation Experience (What's New in 2022) ဆော့ဝဲလ်ထည့်သွင်းခြင်းအတွေ့အကြုံသစ်လေး မျှဝေချင်ပါတယ်။

ဆော့ဝဲလ်ထည့်သွင်းခြင်း လုပ်ငန်းစဉ်ကို ရိုးရှင်းစွာ လုပ်ဆောင်နိုင်ပါသည်။

 ယခုအခါ အချို့သော အစိတ်အပိုင်းများကို အဓိက ထည့်သွင်းတပ်ဆင်ခြင်း main installation တွင် ထည့်သွင်းထားပါတယ်။သည်။ ၎င်းတို့တွင် Autodesk Civil 3D အတွက် DynamoBatch Save Utility (standalone version)Object EnablerHydraflow extensions နှင့် Survey Data Collection Link extension တို့ပါဝင်သည်။

မီတာယူနစ် နှင့် ပေလက်မယူနစ် (Meter and Imperial) ပရိုဖိုင်းနှစ်ခုလုံးကို ယခုအခါ ဘာသာစကား ဗားရှင်း အားလုံးအတွက် အခြေခံ တပ်ဆင်မှု လုပ်ငန်းစဉ် အတွင်း အလိုအလျောက် ဖန်တီးနိုင်ပါတယ်။

Storm နှင့် Sanitary Analysis ကိုလည်း ယခုဗားရှင်းမှာ Autodesk Desktop App သို့မဟုတ် Autodesk Account မှ သီးခြား installation လုပ် တပ်ဆင်ခြင်း တစ်ခုအဖြစ် ရရှိနိုင်မှာပါ။

Project Explorer နှင့် Grading Optimization စတဲ့ လုပ်ဆောင်ချက် ၂ ခုကတော့ AEC Collection subscribers နှင့်လုပ်ငန်းသုံး ဖောက်သည်များ အတွက် ရရှိနိုင်သော အပိုဆောင်း အစိတ်အပိုင်းများ ဖြစ်ပါတယ်။

User Profile (What's New in 2022)

နောက်ထူးခြားချက်တခုကတော့ User Profile ဖြစ်ပါတယ်။ မိမိ အလုပ်အကိုင် နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တင်ပြခြင်းဖြင့် အသုံးပြုသူ ပရိုဖိုင်တစ်ခုကို ဖန်တီးရယူခြင်း ဖြစ်ပါတယ်။
Civil 3D ကို installation လုပ် ပြီး ပထမဆုံးအကြိမ် ဖွင့်သည့်အခါ အသုံးပြုသူပရိုဖိုင်း ဇယားကွက် user profile dialog ပေါ်လာလိမ့်မည်။ Civil 3D ကို မိမိအသုံးပြုသည့် အလုပ်အကိုင် နှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုပြီး user profile ထုတ်ယူနိုင်တာ ဖြစ်ပါတယ်။


ဖြေကြားပေးသောအဖြေများကိုတော့ မိမိဟာ Civil 3D ကို ဘယ်လိုအသုံးပြုသည်ကို ပိုမိုနားလည်ရန် နှင့်  အသုံးပြုသူ အတွေ့အကြုံ user experience တိုးတက်စေရန် Autodesk က အသုံးပြုမှာ ဖြစ်ပါတယ်။

PurgeAECData Command (What's New in 2022)

မိမိပုံမှ မမြင်ရသော AEC ဒေတာအချက်အလက်များကို ရှင်းလင်းရန် command တစ်ခုဖြစ်ပါတယ်။

Object-enabled AutoCAD session ကိုအသုံးပြုတဲ့အခါ ဒါမှမဟုတ် Civil 3D ကို AutoCAD အဖြစ် အသုံးပြုတဲ့အခါ၊ PurgeAECData command ကို သုံးပြီးတော့ ပုံမှာရှိတဲ့ မမြင်ရတဲ့ AEC ဒေတာ အချက်အလက် များကို ဖယ်ရှားနိုင်ပါတယ်။ Civil 3D objects ကဲ့သို့သော ပုံတွင်မြင်နိုင်သော AEC ဒေတာ အချက်အလက်များ ရှိရင်တော့ ဒီ command က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow လုပ်ထားပေးပါခင်ဗျာ။ 



ကိုးကား

https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-8D6379D4-3065-4273-B830-D588BC3C8B1E

https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-28C992FB-DD87-4582-A77D-EF9AE238CCC2

https://help.autodesk.com/view/CIV3D/2022/ENU/?guid=GUID-9CBA3777-D7CB-47F8-9954-FBAB52255A9B


#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)