What is Civil 3D? Civil 3D ဆိုတာ ဘာလဲ
AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D ဆော့ဝဲလ် ရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြချင်ပါတယ်ခင်ဗျာ။
Civil 3D ဆိုတာ ဘာလဲ။ ????
အဲဒါကို Engineer , Surveyor , Quantity Surveyor တွေက ဘယ်လို အသုံးချကြလဲ။ ????
ဘယ်လိုနေရာတွေမှာ အသုံးများသလဲ။ ??????
တချို့လည်း ဒါတွေကို သိချင်ကြမယ် ထင်ပါတယ်။
Civil 3D ဆိုတာကတော့ အများသုံးနေကြတဲ့ ရိုးရိုးသာမန် AutoCAD ကို မြို့ပြအင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ tool တွေ command တွေ ထပ်ဆောင်းဖြည့်ပေးထားတဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမြေမျက်နှာသွင်ပြင် အနေအထားကို ဖော်ပြပေးနိုင်တဲ့ contour surface တွေ၊ အဲဒီအပေါ်မှာ ကိုယ်အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့ လျာထားလမ်းအူကြောင်းတွေ၊ လမ်းအူကြောင်းတလျှောက်ရှိ အလျားလိုက်ဖြတ်ပိုင်းပုံစံတွေ တို့ကို လွယ်လွယ်ကူကူ ရေးဆွဲဖော်ပြနိုင် ၊ မြေကြီးလုပ်ငန်းပမာဏတွေ တွက်ချက်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် Surveyor က တိုင်းတာထားတဲ့ ဒေတာတွေကို သုံးပြီးတော့ အလွယ်တကူ ကွန်တိုမြေပုံထုတ်နိုင်မယ်။ Engineer များက မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လမ်းတွေ၊ ဆည်မြောင်းတွေကို အလွယ်တကူ လျာထားပုံထုတ်နိုင်/ သုံးဖက်မြင်ပုံစံတွေနဲ့ ကြည့်ရှုစစ်ဆေးနိုင်မယ်။
Quantity Surveyor တွေကလည်း အဲဒီပုံစံတွေကနေ BOQ ရေးဆွဲဖို့ ခန့်မှန်းမြေကြီးလုပ်ငန်း ပမာဏတွေ အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် ကိုယ်လုပ်ထားတဲ့ ဒီဇိုင်းဒေတာကို Revit ထဲကို ထည့်ပြီး BIM အတွက် တခါတည်း အသုံးပြုနိုင်ပါသေးတယ်။
ဒီလို များစွာအသုံးဝင်တဲ့ Civil 3D software ကို လေ့လာသင်ကြားချင်တယ်ဆိုရင်ဖြင့် ကျွန်တော့်ဆီမှာ online class တက်ရောက် သင်ကြားနိုင်ပါတယ်ခင်ဗျာ။
သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ Premium Account တလ အစမ်းသုံးချင်ပါက https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။
ဒါကတော့ professional များအတွက် ကိုယ်ပိုင် Pcloud
Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 ကနေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် follow and
subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot
Comments
Post a Comment