Posts

Showing posts from June, 2021

Site Grading: Golf Club Car Parking Extension Project

Image
Civil 3D Site Grading အနေနဲ့ အခု လုပ်ဖြစ်တဲ့ ဂေါက်ကွင်း ကားပါကင် တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဆွဲထားတဲ့ ပုံဖြစ်ပါတယ်။ အခြေခံ idea လေးတွ ရရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။  အားလုံး ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။ ဘေးအပေါင်း ရန်အပေါင်း ရောဂါဘယ ကပ်ဘေးအပေါင်းတို့မှ ကင်းဝေးကြပါစေ။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်   https://learnc3dmm.blogspot.com/p/training.html   မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း     https://u.pcloud.com/#page=register&invite=yqzH7ZezszOX   ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက   https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1   ကနေ အကောင့်

Civil 3D : Point အကြောင်း သိသင့်သည်များ (အပိုင်း ၁)

Image
 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Point အကြောင်း သိသင့်သည်များ အပိုင်း ၁ ကို ဗဟုသုတအဖြစ် တင်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ။                အများအားဖြင့် ရှိပြီးသား အချက်အလက်များဖြစ်တဲ့ သစ်ပင်၊စည်းရိုးထောင့် နှင့် မြေကြီးနိမ့်/မြင့်ဖတ်ချက်များ ၊ တည်နေရာသတ်မှတ်ပေးရမယ့် လျာထားလမ်းအူကြောင်းများ စသည်တို့ကို ဖော်ပြဖို့အတွက် ပွိုင့်များကို သုံးလေ့ရှိပါတယ်။                AutoCAD® Civil 3 D® ပွိုင့်များဟာ ကိုဩဒိနိတ်စနစ်ဖြင့် x, y, z တန်ဖိုးများကို သတ်မှတ်ဖော်ပြနိုင်တဲ့ အရာများ ဖြစ်ပါတယ်။ ပွိုင့်အသီးသီးမှာ မတူညီတဲ့ ပွိုင့်နံပါတ်များ ရှိပြီး စံပြုအမည်လည်း လိုအပ်လျှင် သတ်မှတ်/ရည်ညွှန်းနိုင်ပါတယ်။ အောက်ပါ ပုံကို ကြည့်လျှင်  ပွိုင့်အမှတ်အသား၊ ပွိုင့်နံပါတ်၊ ပွိုင့်အမျိုးအမည်ဖော်ပြချက်၊ ပွိုင့်နိမ့်/မြင့်တန်ဖိုး စသည်တို့ ပါဝင်သည့် စံပြုပွိုင့်တခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။  COGO Points vs. Survey Points (Coordinate Geometry ပွိုင့် နှင့် ဆာဗေးပွိုင့်)             Survey Database တည်ဆောက်ပြီး အဲဒီကနေ ထည့်သွင်းထားတဲ့ ပွိုင့် များကို ဆာဗေးပွိုင့် လို့ ရည်ညွှန်းပါတယ်။ အခုအ

Civil 3D: Need To Know

Image
Civil 3D ဆိုတာ မြန်မာအင်ဂျင်နီယာလောကမှာ AutoCAD လောက် ရေပန်းမစားတဲ့ ဆော့ဝဲလ်တခု ဖြစ်တာကြောင့် သိသင့်တဲ့ အကြောင်းအရာတချို့ ကို ရှာဖွေတင်ပြလိုက်ပါတယ်။  အချို့တွေကလည်း  Civil 3D  ရဲ့ အသုံးဝင်ပုံကို သိပ်မကြားဖူးသေးတဲ့ အတွက် ရုတ်တရက် ကြားလိုက်ရင် ထူးဆန်းတဲ့ အရာတခုလို့ ဖြစ်နေပါတယ်။ တချို့တွေက  AutoCAD နှင့်   Civil 3D ဘာအရင် သင်ရင်ကောင်းမလဲ တွေးမိပါလိမ့်မယ်။  Should I learn  AutoCAD before Civil 3D? ဆိုပြီး Google မှာ ရိုက်ရှာကြည့်ရင် အကြံပြုချက်အများစုကတော့ AutoCAD ကို အခြေခံလောက်တော့ သိထားပြီးမှာ   Civil 3D  ကို ဆက်လေ့လာဖို့  ပြောထားတာ တွေ့ရပါမယ်။ နိုင်ငံခြား  Civil 3D သင်တန်း တခုကဆိုရင်   AutoCAD ကို နာရီ ၈၀ လောက် Handon Experience ရှိမှ သူ့သင်တန်းကို တက်ရောက်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။ ဒါကတော့ အကြံပြုချက် အများစုမှာ တွေ့ရတာဖြစ်တဲ့အတွက် common sense အရ မှန်နိုင်မယ်လို့ ယူဆရပါတယ်။ လူတချို့အတွက်တော့လည်း "ဆန္ဒသိမ္မိံ နကမ္မတိ" ဆိုတဲ့ ဘုရားဟော ရှိတာမို့ ပြင်းပြတဲ့ စိတ်ဆန္ဒသာ ရှိခဲ့ရင် အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။   (ပါဠိ လို စာလုံးပေါင်းမှားခဲ့ရင် သည်းခံပါ) What'

AutoCAD Civil3D Training Center