Civil 3D: Need To Know

Civil 3D ဆိုတာ မြန်မာအင်ဂျင်နီယာလောကမှာ AutoCAD လောက် ရေပန်းမစားတဲ့ ဆော့ဝဲလ်တခု ဖြစ်တာကြောင့် သိသင့်တဲ့ အကြောင်းအရာတချို့ ကို ရှာဖွေတင်ပြလိုက်ပါတယ်။

 အချို့တွေကလည်း Civil 3D ရဲ့ အသုံးဝင်ပုံကို သိပ်မကြားဖူးသေးတဲ့ အတွက် ရုတ်တရက် ကြားလိုက်ရင် ထူးဆန်းတဲ့ အရာတခုလို့ ဖြစ်နေပါတယ်။ တချို့တွေက AutoCAD နှင့် Civil 3D ဘာအရင် သင်ရင်ကောင်းမလဲ တွေးမိပါလိမ့်မယ်။ 

Should I learn AutoCAD before Civil 3D?

ဆိုပြီး Google မှာ ရိုက်ရှာကြည့်ရင် အကြံပြုချက်အများစုကတော့ AutoCAD ကို အခြေခံလောက်တော့ သိထားပြီးမှာ  Civil 3D ကို ဆက်လေ့လာဖို့  ပြောထားတာ တွေ့ရပါမယ်။ နိုင်ငံခြား Civil 3D သင်တန်း တခုကဆိုရင် AutoCAD ကို နာရီ ၈၀ လောက် Handon Experience ရှိမှ သူ့သင်တန်းကို တက်ရောက်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။ ဒါကတော့ အကြံပြုချက် အများစုမှာ တွေ့ရတာဖြစ်တဲ့အတွက် common sense အရ မှန်နိုင်မယ်လို့ ယူဆရပါတယ်။ လူတချို့အတွက်တော့လည်း "ဆန္ဒသိမ္မိံ နကမ္မတိ" ဆိုတဲ့ ဘုရားဟော ရှိတာမို့ ပြင်းပြတဲ့ စိတ်ဆန္ဒသာ ရှိခဲ့ရင် အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ (ပါဠိ လို စာလုံးပေါင်းမှားခဲ့ရင် သည်းခံပါ)

What's the difference between AutoCAD and Civil 3D

ဒါကတော့ အရင်ပို့စ်တခုမှာလည်း ရှင်းပြထားတာ ရှိပါတယ်။ 

အရင်ပို့စ်ကို ပြန်ကြည့်ရန်

AutoCAD ဆိုတာကတော့ ပုံမှန် အများသုံးနေကြ ကွန်ပြူတာအသုံးချပုံဆွဲဆော့ဝဲလ် တခု ဖြစ်ပါတယ်။ Civil 3D ကတော့ အဲဒီ အများသုံးနေကြ AutoCAD အပေါ်မှာ မြို့ပြအင်ဂျင်နီယာလုပ်ငန်းလိုအပ်ချက်များ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ရည် ထပ်ပေါင်းထည့်ပေးထားတဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်။ Land Development လို့ ခေါ်တဲ့ မြေယာဖော်ထုတ်ခြင်းလုပ်ငန်းများ ၊ ရေပေးဝေရေးလုပ်ငန်းများ ၊ သယ်ယူပို့ဆောင်ရေးနှင့်သက်ဆိုင်တဲ့ လမ်း၊တံတား၊ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းများ ၊ ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းများ ကို ပုံစံထုတ်ဖို့ Civil Drafter ၊ Designer များက အသုံးပြုကြပါတယ်။ Project managers နှင့် Engineers များကလည်း ပစ္စည်းအရေအတွက် ၊ လုပ်သားအင်အား ၊ ကုန်ကျစရိတ် အစရှိသည်တို့ကို ဆုံးဖြတ်နိုင်ဖို့ အကူအညီရအောင် သုံးစွဲကြပါသေးတယ်။

Can I use Civil 3D as AutoCAD?

ဆော့ဝဲလ်စဖွင့်ဖွင့်ချင်းမှာ ပုံမှန် သုံးနေကြ AutoCAD လုပ်ဆောင်ချက်များကို အရင်ခေါ်တင်တာ ဖြစ်ပါတယ်။ ခဏနေမှ Civil 3D လုပ်ဆောင်ချက်များကို ထပ်ခေါ်တင်တာ ဖြစ်တဲ့အတွက် Civil 3D ကို ပုံမှန် AutoCAD လို အသုံးပြုနိုင်ပါတယ်။ ဒါအပြင် ဆော့ဝဲလ် Install လုပ်ချိန်မှာ Module အကုန် ရွေးခဲ့ရင် Civil 3D As AutoCAD ဆိုတဲ့ shortcuts ကို Desktop မှာ တွေ့ရမှာဖြစ်ပြီး အဲဒါကို Double Click နှိပ်ဖွင့်ပြီး သာမန် AutoCAD လို့ သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ပဲ workspace ချိန်းသုံးမယ်ဆိုလည်း ရပါတယ်။ အောက်က အပိုဒ်မှာ workspace ဘယ်လိုချိန်းမလဲ ဆက်ဖတ်ကြည့်ရအောင်။ 

How do I switch between AutoCAD and Civil 3D?

Quick Access Toolbar မှာ ပါတဲ့ drop-down menu ကနေပြီး ကိုယ်သုံးချင်တဲ့ workspace ရွေးသုံးနိုင်ပါတယ်။ နောက်တနည်းအနေနဲ့ application status bar မှာပါတဲ့ Workspace Switching button ကို သုံးပြီးလည်း ချိန်းနိုင်ပါတယ်။ 

What is the difference between Civil 3D and Revit?

Civil 3D မှာ surfaces, alignments, profiles, corridors, အစရှိတဲ့ တခုနဲ့တခု အပြန်အလှန် အကျိုးသက်ရောက်နေပြီး parametrically edit လုပ်နိုင်တဲ့ dynamically interacted custom civil objects များ ပါဝင်နေပါတယ်။ အဲလိုပဲ Revit မှာလည်း walls, doors , windows အစရှိတဲ့ တခုနဲ့တခု အပြန်အလှန် အကျိုးသက်ရောက်နေပြီး parametrically edit လုပ်နိုင်တဲ့ dynamically interacted custom architectural objects များပါရှိနေတာ တွေ့ရမှာပါ။ ဒီတော့ သဘောတရားတူပြီး အသုံးချနေရာခွဲထားတာလို့ ပြောရင် မှားမယ်မထင်ပါဘူး။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်ပဲ ကြည့်ရှုနိုင်ရန် အောက်က social network များမှာလည်း Like, follow and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ 

Telegram     https://t.me/ACTC_Myanmar

Facebook    https://www.facebook.com/LearnC3D

Youtube       https://www.youtube.com/channel/UC3rTnRUndFmHnhBWvQjuBTQ




#AutoCAD        #Civil3D            #Training          #Myanmar        #Engineer         #Surveyor             #Tutorial          #Infrastructure #Road #Dam   #Irrigation        #Canal #Earthwork             #Layout            #Planning #Urban         #Drainage         #Grading          #Alignment             #Surface           #Contour          #Profile             #Corridor                      #Traverse             #Construction               #Landscape                  #ParkingLot

Comments

Post a Comment

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)