Civil 3D : Point အကြောင်း အပိုင်း ၂

 AutoCAD Civil 3D Training Myanmar မှ Civil 3D Points အကြောင်း အပိုင်း ၂ ကို ထပ်မံမျှဝေပေးထားပါတယ်။

Creating Basic Points (အခြေခံပွိုင့်ဖန်တီးခြင်း)

            Ribbon > Home Tab > Create Ground Data panel အောက်က ပွိုင့်မီနူးအောက်မှာ ပွိုင့်ဖန်တီးခြင်းနည်းလမ်း များစွာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဒေတာဘေ့စ်များ၊ AutoCAD ပွိုင့်များကနေ ပြောင်းလဲခြင်း၊ text ဖိုင်ကနေပြီး ခေါ်ယူထည့်သွင်းခြင်း အစရှိသည့် နည်းလမ်းများဖြင့် ပွိုင့်များ ဖန်တီးနိုင်ပါတယ်။

Point Settings (ပွိုင့်ချိန်ညှိခြင်း)

            ပွိုင့်ချိန်ညှိခြင်းဟာ command settings လိုပဲ ပထမဆုံး လေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ Civil 3D objects အားလုံးနှင့် သက်ဆိုင်တဲ့ ချိန်ညှိချက်များကို Toolspace > Setting အောက်မှာ တွေ့ရမှာပါ။ ပွိုင့်အတွက်ဆိုရင်လည်း အဲဒီမှာပဲ အလွယ်တကူ ရှာပြောင်းနိုင်ပါတယ်။ ဒီလိုပြောင်းလဲသတ်မှတ်မှုဟာ ကျွန်တော်တို့ သုံးစွဲမယ့် template settings များအပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်ပြောင်းလဲထားတာကို အမြဲတမ်း ဆက်သုံးနိုင်ဖို့ဆိုရင် အောက်ပါအချက်များ လုပ်ဆောင်ထားဖို့ လိုပါတယ်။

 1 . Toolspace > Setting အောက်က ပွိုင့်ကို ဖြန့်ချပါ။

 2 . Commands ကိုရှာပြီး အပေါင်းလက္ခဏာ နှိပ်ပြီး ထပ်ဖြန့်ချပါ။

 3 . ပုံ ၃.၃ မှာ ပြထားသလို CreatePoints Commands ကို ညာကလစ်ထောက်ပြီး Edit Command ကို ရွေးပါ။ ပြီးရင် save Command Changes to settings မှာ ပုံမှာပြထားသလို Yes လုပ်ပေးထားပါ။

Save Command Changes to Setting "Yes"

ပုံ ၃.၃

 Civil 3D template မှာ Save Command Changes to settings ကို အမှန်ခြစ်ထည့်ထားပုံ



4 . General ကိုဖြန့်ချ ပြီးရင် save Command Changes to settings မှာ ပုံမှာပြထားသလို Yes လုပ်ပေးထားပါ။ လုပ်ထားပြီးသားဆို ထပ်လုပ်ဖို့ မလိုပါ။

            Default Layer နှင့် Points Creation စတဲ့ အခြား command settings များကို ဆက်လေ့လာကြည့်ရအောင်။ Save Command Changes To Settings မှာ Yes လို့ ထားခြင်းအားဖြင့် CreatePoints toolbar မှာ ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း နောက်တခါ အဆင်သင့်အဲဒီအတိုင်း သုံးစွဲနိုင်အောင် အလိုအလျောက် save လုပ် ပေးမှာ ဖြစ်ပါတယ်။

            Create Points toolbar ကို Home tab > Create Ground Data panel > Points > Point Creation Tools ဆိုပြီး သွားရောက်အသုံးပြုနိုင်ပါတယ်။ toolbar ပွင့်လာရင် ညာဖက်က chevron button လို့ ခေါ်တဲ့ မြှားနှစ်ထပ်သင်္ကေတ ကို နှိပ်ပြီး ဖြန့်ချနိင်ပါတယ်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ အပိုင်း ၃ ကို ဆက်လက်တင်ပေးသွားမှာ ဖြစ်ပါတယ်။ Point အကြောင်း အပိုင်း ၁ ကို ဒီမှာ ကြည့်နိုင်ပါတယ်။  ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow လုပ်ထားပေးပါခင်ဗျာ။ 



#AutoCAD        #Civil3D            #Training          #Myanmar        #Engineer         #Surveyor             #Tutorial          #Infrastructure #Road #Dam   #Irrigation        #Canal #Earthwork             #Layout            #Planning #Urban         #Drainage         #Grading          #Alignment             #Surface           #Contour          #Profile             #Corridor          #drawing             #setting            #Zone   #transformation            #Traverse #Construction             #Landscape      #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)