Civil 3D : Point အကြောင်း သိသင့်သည်များ (အပိုင်း ၁)

 AutoCAD Civil 3D Training Myanmar ကနေပြီးတော့ Civil 3D မှာ ပါဝင်တဲ့ Point အကြောင်း သိသင့်သည်များ အပိုင်း ၁ ကို ဗဟုသုတအဖြစ် တင်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ။

            အများအားဖြင့် ရှိပြီးသား အချက်အလက်များဖြစ်တဲ့ သစ်ပင်၊စည်းရိုးထောင့် နှင့် မြေကြီးနိမ့်/မြင့်ဖတ်ချက်များ ၊ တည်နေရာသတ်မှတ်ပေးရမယ့် လျာထားလမ်းအူကြောင်းများ စသည်တို့ကို ဖော်ပြဖို့အတွက် ပွိုင့်များကို သုံးလေ့ရှိပါတယ်။

            AutoCAD® Civil 3 ပွိုင့်များဟာ ကိုဩဒိနိတ်စနစ်ဖြင့် x, y, z တန်ဖိုးများကို သတ်မှတ်ဖော်ပြနိုင်တဲ့ အရာများ ဖြစ်ပါတယ်။ ပွိုင့်အသီးသီးမှာ မတူညီတဲ့ ပွိုင့်နံပါတ်များ ရှိပြီး စံပြုအမည်လည်း လိုအပ်လျှင် သတ်မှတ်/ရည်ညွှန်းနိုင်ပါတယ်။ အောက်ပါ ပုံကို ကြည့်လျှင်


 ပွိုင့်အမှတ်အသား၊ ပွိုင့်နံပါတ်၊ ပွိုင့်အမျိုးအမည်ဖော်ပြချက်၊ ပွိုင့်နိမ့်/မြင့်တန်ဖိုး စသည်တို့ ပါဝင်သည့် စံပြုပွိုင့်တခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

COGO Points vs. Survey Points (Coordinate Geometry ပွိုင့် နှင့် ဆာဗေးပွိုင့်)

            Survey Database တည်ဆောက်ပြီး အဲဒီကနေ ထည့်သွင်းထားတဲ့ ပွိုင့် များကို ဆာဗေးပွိုင့် လို့ ရည်ညွှန်းပါတယ်။ အခုအခန်းမှာတော့ text ဖိုင်ကနေ ပွိုင့်ထည့်တာ နှင့် ပွိုင့်ဖန်တီးတဲ့ အသုံးချ ကိရိယာများကို သုံးပြီး ပွိုင့်တွေကို ပုံအတွင်း နေရာချထားတာ ပါဝင်ပါမယ်။ ဒီလိုနည်းနဲ့ ဖန်တီးထားတဲ့ ပွိုင့်များကို COGO ပွိုင့် လို့ သတ်မှတ်ပါတယ်။ ပုံ ၃.၂ မှာ COGO ပွိုင့် နှင့် ဆာဗေးပွိုင့်တို့ရဲ့ မတူညီတဲ့ contextual tab များကို မြင်တွေ့ရမှာပါ။ 


ပုံ ၃.၂

 COGO ပွိုင့် နှင့် ဆာဗေးပွိုင့်တို့ရဲ့ မတူညီတဲ့ contextual tab များကို မြင်တွေ့ရပုံ 


            COGO ပွိုင့် နှင့် ဆာဗေးပွိုင့်တို့အကြား ကွဲပြားခြားနားချက်ဟာ သိမ်မွေ့ပေမယ်ဲ့ မှတ်သားထားစရာတွေ ရှိပါတယ်။ COGO ပွိုင့်များဟာ ပုံမှန်အနေနဲ့ lock မလုပ်ထားတာဖြစ်လို့ ၎င်းတို့ကို မျက်မြင်ကိုင်တွယ်၍ဖြစ်စေ ၊ ပွိုင့်ဇယားကနေဖြစ်စေ ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။ တဘက်မှာတော့ ဆာဗေးပွိုင့်ကို ပြင်ဆင်ပြောင်းလဲဖို့ ဆိုရင် unlock လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဆာဗေးပွိုင့်ဟာ မူရင်းဒေတာဖိုင်နဲ့ ဆက်နွယ်နေပြီး COGO ပွိုင့်ကတော့ သူ့လာရာ မူရင်းဖိုင်နဲ့ ဆက်နွယ်နေခြင်း မရှိပါဘူး။ ဒီ ၂ ချက်က လွှဲရင် ကျန်တာအားလုံး အတူတူပဲ ဖြစ်ပါတယ်။ 

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow လုပ်ထားပေးပါခင်ဗျာ။ 



#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)