Civil 3D Site Design Course for Engineer and Q.S

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ 

အခု ACTC Myanmar ကနေ ထပ်မံစီစဉ်ထားတဲ့ သင်တန်းလေးတခုကတော့ AutoCAD Civil 3D ကို အသုံးပြုပြီးတော့ Site Design ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများကို Autodesk University speaker တဦးဖြစ်သလို Autodesk မှာ software development team နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေသူတဦးဖြစ်တဲ့ Civil 3D Instructor Mr. Eric Chappell ရဲ့ သင်ကြားပို့ချချက်များကို မှီငြင်းပြုစုထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ဒီသင်တန်းမှာဆိုရင် Site Design ပြုလုပ်ရာမှာ အဓိကအရေးပါတဲ့ အချက် ၂ ခု ဖြစ်တဲ့ Grading နဲ့ Strom Water Management အကြောင်းတို့ကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ လိုအပ်တဲ့ ဒီဇိုင်းကိုပုံဖော်နိင်ဖို့အတွက် အသုံးပြုတဲ့ feature line အကြောင်း သိသင့်စရာအစုံ နှင့် Grading Objects များ အကြောင်း ၊ Surface များ ဖွဲ့စည်း/တည်းဖြတ် အသုံးပြုပုံခြင်း စတဲ့ အကြောင်းအရာစုံ တို့ကို လေ့လာတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မျက်နှာပြင် Surface Water ကို အလိုရှိရာ သွယ်ယူပို့ဆောင်နိုင်မယ့် Pipe Network အကြောင်းကိုလည်း လေ့လာသင်ယူရမှာပါ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ သွယ်ယူလာတဲ့ ရေကို ခေတ္တထိန်းသိမ်း သိုလှောင်ထားမယ့် Detention Pond ရေစုကန် ပြုလုပ်ပုံကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများကို ပြီးဆုံးအောင် လေ့လာပြီးပါက Site Design ပြုလုပ်ရာမှာ အသုံးပြုရမယ့် နည်းလမ်းများ ၊ command များ ကို သေချာသိရှိသွားပြီးတော့ မိမိတို့ အလိုရှိရာကို ဆင့်ပွား ဖန်တီး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းဖိုင်များကိုလည်း ဒေါင်းလုဒ် လုပ်ယူလေ့လာနိုင်အောင် စီစဉ်ထားပါတယ်။ သင်တန်းအကြောင်းအရာများကို https://learnc3dmm.blogspot.com/p/training.html မှာ ဝင်ရောက်လေ့လာ စာရင်းပေးသွင်းနိုင်ပါတယ်။ 


အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်အတွက်ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow လုပ်ထားပေးပါခင်ဗျာ။



#Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #Traverse #Construction #Landscape #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)