Getting Job as a Surveyor (Surveyor တယောက်လုပ်တော့မယ်ဆိုရင်)

အခုခေတ်လို အပြိုင်အဆိုင်တွေများတဲ့ ကာလမှာ Surveyor တယောက် အဖြစ် ဘယ်လို အသက်မွေးမလဲ။

အလုပ်အကိုင် ရှာဖွေကြတဲ့အခါ စျေးကွက်က တောင်းဆိုနေတဲ့ အရည်အသွေးရှိတဲ့သူက အခွင့်အလမ်း ပိုရှိတယ်ဆိုတာ မငြင်းပယ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။ (ကိုယ်တယောက်ထဲ အမြင်သာ ဖြစ်တဲ့အတွက် မပြည့်စုံတာတွေ၊ အမြင်မတူတာတွေ၊ အငြားပွားဖွယ်ရာတွေ ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။)
ဒီတော့ Surveyor စျေးကွက်မှာ ဘာတေ တောင်းဆိုနေလဲ၊ ဘာတေလိုအပ်နေလဲ ဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကို သိလာခဲ့ရင် အဲဒါတွေကို ရှာဖွေဖြည့်ဆည်းမယ်။ ဒါဆိုရင် ကိုယ်ဟာ စျေးကွက်မှာ ပြိုင်ဆိုင်နိုင်စွမ်းရှိသူ၊ အခွင့်အလမ်းများသူ တယောက် ဖြစ်လာပါလိမ့်မယ်။ မကြာသေးခင်က အလုပ်ခေါ်ထားတဲ့ အလုပ်ခေါ်စာပုံမှာ ဆိုရင် Surveyor တယောက် လုပ်ပေးစေချင်၊ တာဝန်ယူစေချင်တဲ့ လုပ်ငန်းတာဝန်များကို မြင်တွေ့ရမှာပါ။ အဲမှာဆိုရင် တောင်းဆိုချက် ၁၂ မျိုးတောင် ပါဝင်နေတာ တွေ့ရမှာပါ။ ဒီတော့ ကျွန်တော့်အမြင်အရ တောင်းဆိုချက် အကုန်လုံးကို မဟုတ်တောင် အတော်များများကိုတော့ ဖြည့်ဆည်းထားသင့်ပါတယ်။
Surveyor Duty

သူတို့ က Surveyor ကို ဘာလုပ်စေချင်တာလဲ? 

  1.  ဆာဗေးဒေတာတွေရဲ့ တိကျမှုကို ဆန်းစစ်စေချင်တယ်။ အဲဒီလို ဆန်းစစ်ရာမှာ ကွင်းထဲမှာ လုပ်တဲ့ တိုင်းတာမှုတွေ ၊ တွက်ချက်မှုတွေကို ပါ ဆန်းစစ်စေချင်တယ်။ 
  2.  လုပ်ငန်းလိုအပ်ချက်အရ ခွင့်ပြုမိန့်ရရှိပြီးသား မြေကွက်တွေကို ဖော်ထုတ်အကွက်ရိုက်နိုင်သူ သို့မဟုတ် ညွှန်ကြားနိုင်သူ ဖြစ်စေချင်တယ်။ 
  3. တိုင်းတာမှုတွေကို မှတ်သားမယ်၊ ပုံထုတ်မယ် ။
  4.  ပြီးတော့ ကိုယ်အောက်မှာ ရှိတဲ့ အငယ် တွေကို ညွှန်ကြားနိုင်၊ လေ့ကျင့်ပေးနိုင် ရမယ်။
  5.  စီမံကိန်းနှင့်ပတ်သက်တဲ့ မြေပုံ၊ စာရွက်စာတမ်း၊ စတဲ့ အချက်အလက် အားလုံးကိုပြင်ဆင်ပေးနိုင်သူ သို့မဟုတ် ပြင်ဆင်ဖို့ ညွှန်ပြနိုင်သူ ဖြစ်စေချင်တယ်။
  6.  လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူ အားလုံးနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမယ်။
  7.   As-built Drawings လို့ခေါ်တဲ့ လုပ်ငန်းလုပ်ဆောင်ပြီးပုံကို တိုင်းတာပုံထုတ်နိုင်သူ ဖြစ်ရပါမယ်။
  8.  ဆိုဒ်က ဝန်ထမ်းတွေကို ကူညီပေးနိုင်သူ၊ အခြားဆာဗေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ ကိုယ့်အထက် Manager ကို အကျိုးအကြောင်း ပြန်လည်တင်ပြနိုင်သူ ဖြစ်ရပါမယ်။
  9.  ဆိုဒ်က ဝန်ထမ်းတွေနဲ့ ဒီဇိုင်းအဖွဲ့ကို ကူညီပြီး ပုံမှန်ဒေတာကောက်ယူနိုင်သူ၊ ဆာဗေးဒေတာတွေကို အမြဲ update လုပ်ပေးနိုင်သူ ဖြစ်စေလိုပါတယ်။
  10.  နောက်တခုကတော့ မိမိနှင့် မိမိအဖွဲ့သုံးစွဲတဲ့ Survey ပစ္စည်းများကို ပုံမှန်ချိန်ညှိပြီး မှတ်တမ်းမှတ်ရာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ 
  11.  အနီးကပ်အုပ်ချုပ်သူမှ ပေးအပ်တဲ့ အခြားတာဝန်များ လုပ်ဆောင်နိုင်သူ၊ ကိုယ့်အဖွဲ့သားများရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းကွပ်ကဲနိုင်သူ ဖြစ်စေလိုပါတယ်။

Soft Skill & Hard Skill

အဲဒီမှာ အချက် ၆,၈,၉,၁၁ က Soft Skill နှင့် သက်ဆိုင်ပြီး ကျန်တာက လုပ်ငန်းကျွမ်းကျင်မှု Hard Skill ဖြစ်ပါတယ်။ Soft Skill မရှိရင် လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်ပေါ်တတ်ပြီး Hard Skill မရှိရင်တော့ မိမိလုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အခြား သတ်မှတ်ချက်များကို အောက်ကပုံမှာ တွေ့မြင်နိုင်ပါတယ်။ 
Hard Skill ထဲက တခုဖြစ်တဲ့ Surveyor နှင့် Engineer သုံး AutoCAD Civil 3D သင်တန်း ကို https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
လိုအပ်တဲ့ ဆော့ဝဲလ်တွေ ဒေါင်းလုဒ်ဆွဲဖို့ 👇👇👇
အင်တာနက်သုံးရင်း အားလပ်ချိန်မှာ ဝင်ငွေရှာဖို့အတွက် 👇👇👇

Requirements for Surveyor
  1.  တက္ကသိုလ် သို့မဟုတ် ကောလိပ် ဘွဲ့ရ ဖြစ်ရမယ်။ လုပ်ငန်းခွင်နဲ့ ဆက်နွယ်တဲ့ အင်ဂျင်နီယာကျောင်းဆင်း ၊ ဘူမိ ၊ ပထီဝီ ၊သို့မဟုတ် မြေတိုင်းကျောင်းဆင်း ဦးစားပေးမယ်။
  2. လုပ်ငန်းကျွမ်းကျင်သူ ၊ အတွေ့အကြုံရှိသူ ဖြစ်ရမယ်။
  3.  မြန်မာနိုင်ငံနေရာအနှံ့ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်။
  4.  ရာဇဝတ်မှုမကင်းတဲ့ အသင်းအဖွဲ့များ၊ ဂိုဏ်းများတွင် ပါဝင်သူ မဖြစ်ရ။
အခြားလိုအပ်ချက်တွေကတော့
  1. လုပ်ငန်းခွင်ဆက်ဆံရေးအတွက် အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်ရမယ်။
  2. အဲဒီအတွက် TOEIC လို့ခေါ်တဲ့ မူလ အင်္ဂလိပ်စကားပြော မဟုတ်သူများအတွက် တတ်မြောက်မှု စစ်ဆေးရာမှာ အမှတ် ၅၅၀ နဲ့အထက် ရရှိဖို့ လိုအပ်ပါမယ်။
  3. ဆိုလိုရင်းကို ဖမ်းမိနိုင်သူ၊ ကွန်ပြူတာ အခြေခံတတ်မြောက်သူ ဖြစ်ရမယ်။
  4. ပူးပေါင်းဆောင်ရွက်မှု အားကောင်းသူ၊ တက်ကြွပြီး အာရုံစူးစိုက်သူ ဖြစ်ရမယ် ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ 

ဘာပြန်ရမလဲ?

သူတို့ တောင်းဆိုတာပြီးရင်တော့ သူတို့ဘာပေးမလဲဆိုတာ အောက်က ပုံမှာ တွေ့ရမှာ ဖြစ်ပါတယ်။
Company Offer

အဲဒီမှာ 
  • တနှစ်လျှင် တကြိမ် ဘောနပ်စ် ခံစားခွင့်၊ 
  • တယ်လီဖုန်း၊ဖယ်ရီ အစရှိသည်တို့နှင့် အိုဗာတိုင် ခံစားခွင့်၊
  • တနင်္ဂနွေနှင့် အများပြည်သူအလုပ်ပိတ်ရက် အစရှိသည်များ၊
ပြီးတော့ Career Oppotunity လို့ ခေါ်တဲ့
  • ရာထူးတိုး၊ လစာတိုး အခွင့်အရေး
  • လုပ်ငန်းခွင့်လေ့ကျင့်ရေး
  • ကျွမ်းကျင်မှုအသစ်တွေ ၊ နည်းပညာအသစ်အဆန်းတွေ လေ့လာနိင်မယ့် အခွင့်အရေးတွေ
 ရရှိမှာ ဖြစ်ပါတယ်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသိဉာဏ် ဗဟုသုတများ တိုးပွား၍ လုပ်ငန်းဆောင်တာများ အဆင်ပြေ၍ တိုးတက်ကြီးပွားကြပါစေ။ ဝေဖန်အကြံပြုချက်များ ၊ တောင်းဆိုချက်များကို ကြိုဆိုလျှက်ပါခင်ဗျာ။ comment box မှာ မန့်ခဲ့ပေးလို့ ရပါတယ်။
သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း 

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။ 500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။ 

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2 ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow လုပ်ထားပေးပါခင်ဗျာ။ 



ကိုးကားချက်

https://www.jobnet.com.mm/mm/job/surveyor-bago-division-fujita-corporation-yangon-branch/61033

#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial          #Infrastructure #Road #Dam   #Irrigation  #Canal #Earthwork  #Layout #Planning #Urban    #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor                      #Traverse  #Construction #Landscape  #ParkingLot


Comments

  1. လေ့လာရမှာတေ များလိုက်တာ ။ Civil 3D ကတော့ ကောင်းကောင်းသုံးနိုင်နေပါပြီ။ အင်္ဂလိပ်စာ ထပ်လေ့လာရအုံးမယ်။ ကျေးဇူးပါ။

    ReplyDelete

Post a Comment

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)