How to Assign Coordinate System to Drawing by ACTC-MYANMAR
ကိုယ်ဆွဲထားတဲ့ပုံကို Google Earth မှာ ကြည့်လိုတဲ့အခါမျိုးမှာ သို့မဟုတ် တကယ့် Coordinate System နဲ့ ချိတ်ဆက်ချင်တဲ့အခါမျိုးမှာဆိုရင် ကျွန်တော်တို့ဆွဲထားတဲ့ပုံကို ဘယ် coordinate စနစ် အသုံးပြုထားတယ် ဆိုတာ သတ်မှတ်ပေးဖို့ လိုအပ်လာပါတယ်။ ဒါကို ဘယ်လိုသတ်မှတ်ရမလဲဆိုတာ ဒီ video မှာ ကြည့်ရှုနိုင်ပါ တယ်ခင်ဗျာ။ 1. Home Palettes က Toolspace ကို ကလစ်နှိပ် ဖွင့်ပါမယ်။ 2. Toolspace ပွင့်လာရင် Settings Tab ကို ကလစ်နှိပ် ပြောင်းလိုက်ပါ။ 3. ပြီးရင် Drawing name မှာ right-click ထောက်ပြီး Edit Drawing Settings ဆိုတာကို ရွေးပေးပါ။ 4. Drawing Settings dialog ပွင့်လာပါမယ်။ 5. Units and Zone ကို သွားပေးပါ။ 6. Zone က Categories ဆိုတာမှာ ကလစ်ချပြီး သုံးလိုတဲ့ coordinate စနစ် ရွေးပေးပါ။ 7. ဒီမှာတော့ Myanmar ကို ရွေးပြထားပါတယ်။ Myanmar အောက်မှာ သုံးစွဲနိုင်တဲ့ coordinate ဇုန် ၅ မျိုး ပါရှိပါတယ်။ 8. မိမိ အသုံးပြုလိုတာကို ရွေးချယ်ပြီး OK နှိပ်လိုက်ပါ။ ညာဖက်အောက်ထောင့်မှာ coordinate စနစ် သတ်မှတ်ထားကြောင်း ပြတဲ့ အနီစက်လေး ပေါ်လာပါမယ်။