Civil 3D Tutorial | Create Line by Point # Range

 AutoCAD Civil 3D Training Center Myanmar ကနေ Civil 3D မှာ Point Number အသုံးပြုပြီး လိုင်းဆွဲနည်း တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Civil 3D မှာ လိုင်းဆွဲသားနည်း မျိုးစုံပါဝင်ပြီး အဲဒီအထဲက တခုကတော့ ပွိုင့်နံပါတ်အသုံးပြုပြီး လိုင်းဆွဲသားခြင်း ဖြစ်ပါတယ်။ အသုံးလိုအပ်သူများနဲ့ လေ့လာသင်ယူစ ညီအကိုမောင်နှမများအတွက် ဒီနည်းကို အဆင့်လိုက် ဖော်ပြပေးထားတဲ့အပြင် လက်တွေ့ရေးဆွဲထားတဲ့ ဗီဒီယိုပါ ပူးတွဲထည့် ပေးထားပါတယ်ခင်ဗျာ။ လေ့ကျင့်ခန်းမှာ အသုံးပြုထားတဲ့ ဒေတာဖိုင်ကိုလည်း ဒေါင်းလုဒ်ဆွဲ လေ့ကျင့်နိုင်ဖို့ ဒေါင်းလုဒ်လင့် ထည့်ပေးထားပါတယ်။

  1. ဒေါင်းလုဒ်ဆွဲထားတဲ့ ဒေတာဖိုင်ကို Civil 3D မှာ ဖွင့်လိုက်ပါ။ FC ကုဒ်နံပါတ်နဲ့ ပွိုင့်များ ပါဝင်တာ တွေ့ရပါမယ်။
  2. Home Tab > Draw Panel က Line > Create Line by Point # Range ကို ကလစ်လုပ်လိုက်ရင် Command Line မှာ Enter point number ဆိုပြီး တောင်းပါမယ်။
  3. ပွိုင့်နံပါတ် 287 ကနေ 290 အထိ လိုင်းဆွဲဖို့ 287-290 လို့ ရိုက်ထည့်ပြီး enter နှိပ်ပေးပါ။ ပွိုင့်နံပါတ် 287 ကနေ 290 အထိ လိုင်းဆွဲသွားတာ တွေ့ရပါမယ်။
  4. Esc ၂ ကြိမ် နှိပ်ပြီး command ပြန်ထွက်ပေးပါ။
  5. ပုံ ဘယ်ဖက်အောက်ထောင့်နားကို zoom & pan လုပ်သွားပေးပါ။
  6. Home Tab > Draw Panel က Line > Create Line by Point # Range ကို ပြန်ကလစ်လုပ်ပြီး Command ပြန်တောင်းပါမယ်။
  7. ပွိုင့်နံပါတ် 59 ကနေ 67 အထိ လိုင်းဆွဲဖို့ 59-67 လို့ ရိုက်ထည့်ပြီး enter နှိပ်ပေးပါ။ လိုင်းရရှိလာပြီး Command Line မှာ Enter point number ဆိုပြီး ဆက်ဆွဲချင်တဲ့ နံပါတ်တောင်းနေဆဲမို့ သူ့အဆုံးနားက ပွိုင့်နံပါတ် ၇၄ ကို ဆက်ဆွဲဖို့ 74 လို့ ရိုက်ထည့်ပြီး enter နှိပ်ပေးပါ။
  8. သူ့နောက်က ပွိုင့်နံပါတ် ၇၇ ကနေ ၈၅ အထိ ဆက်ဆွဲမှာမို့ 77-85 လို့ ထပ်ရိုက်ထည့်ပြီး enter နှိပ်ပေးပါ။
  9. ပထမဆုံးဆွဲထားတဲ့လိုင်းနဲ့ ဆက်ဖို့ ကြားထဲမှာ ပွိုင့်နံပါတ် ၈၆ ခံနေတာ တွေ့ရပါမယ်။
  10. ဆက်ဆွဲဖို့ Command Line မှာ 86,287 လို့ရိုက်ထည့်ပြီး enter နှိပ်ပေးပါ။ လိုင်း ၂ ခု ဆက်သွားပြီ ဖြစ်ပါတယ်။
  11. Esc ၂ ကြိမ် နှိပ်ပြီး command ပြန်ထွက်ပေးပါ။

အခုဆို Create Line by Point # Range Command အသုံးပြုပြီး လိုင်းအမျိုးမျိုး ရေးဆွဲတတ်ပြီလို့ ယုံကြည်ပါတယ်။ အောက်က လက်တွေ့ရေးဆွဲထားတဲ့ ဗီဒီယိုကိုကြည့်ပြီးလည်း ရေးဆွဲနိုင်ပါတယ်။



မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင် Like,Share and Subscribe လုပ်ပြီး အားပေးကြပါအုံးခင်ဗျာ။ သင်တန်းတက်ရောက်လိုပါကလည်း ဖုန်းနံပါတ် 09-977108606 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အခြားလေ့ကျင့်ခန်းများကို လေ့လာလိုပါက https://www.actcmyanmar.com မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ဘေးကင်းလုံခြုံ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ပါစေ။ download exercise file လေ့ကျင့်ခန်းဒေတာဖိုင် ဒေါင်းရန် 👉 https://ouo.io/OtlSS3

#ACTCMyanmar #Civil3D #Training #Myanmar #Surveyor #Engineer #Road #Design #Grading

Please Follow To Read Every Post  

👇👇👇





Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Road Design Essential Course)