How to download from Ouo.io (Step by Step Guide)

ကျွန်တော်တို့ရဲ့ AutoCAD Civil 3D Training Center Website ကဖြစ်စေ၊ အခြား Website များကဖြစ်စေ ကိုယ်လိုအပ်တာလေးတွေ ဒေါင်းဖို့ ကြုံလာရင် အလွယ်တကူ ဒေါင်းလုဒ်ဆွဲထားနိုင်ဖို့ ဒီ video လေးကို ပြုလုပ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

အရင် တင်ပေးထားဖူးတဲ့ adf.ly က ဒေါင်းလုဒ်ဆွဲနည်းနဲ့ ဆင်တူပါတယ်။ ဒီ ouo.io က ဒေါင်းလုဒ်ဆွဲရ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ ဒေါင်းလုဒ်ဆွဲနည်း အဆင့်ဆင့်ကို စာနဲ့ရှင်းပြထားသလို လက်တွေ့ဒေါင်းလုဒ်ဆွဲပြထားတဲ့ ဗီဒီယိုကိုလည်း တင်ပေးထားတာမို့ အဆင်ပြေမယ် ထင်ပါတယ်။ ကဲ စလိုက်ကြရအောင်။

  1. ဒေါင်းလုဒ်လင့်ကို အရင် ကလစ်နှိပ်ပါ။ 
  2. လက်ရှိဝက်ဘ်ဆိုဒ်ကနေ ထွက်သွားမှာမို့ သတိပေးချက်ပေါ်လာရင် Go To Site ကို ကလစ်နှိပ်ပြီး ဆက်သွားပါမယ်။
  3. Notification ပြဖို့ ခွင့်တောင်းလာရင် Allow နှိပ်ပြီး ခွင့်ပြုပေးပါ။
  4. အောက်က I'M A HUMAN ကို ဆက်နှိပ်ပြီး Bot မဟုတ်ကြောင်း အတည်ပြုပေးပါ။
  5. Count Down Timer မှာ 0 စက္ကန့် အထိရောက်အောင် စောင့်ရပါမယ်။
  6. 0 စက္ကန့် ရောက်ရင် အောက်က GET LINK ကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ်လင့် တောင်းပါ။
  7. Browser မှာ Tab အသစ်ပွင့်လာပါမယ်။ ခဏစောင့်ပြီး မူလ Tab ကို ကလစ်နှိပ် ပြန်ပြောင်းပါ။
  8. မူလ Tab ရောက်ရင် GET LINK ကို ထပ်ကလစ်နှိပ်ပြီး ဒေါင်းလုဒ်လင့် တောင်းပါ။ 
  9. Tab အသစ်ထပ်ပွင့်လာပါမယ်။ ခဏစောင့်ပြီး မူလ Tab ကို ကလစ်နှိပ် ပြန်ပြောင်းပါ။
  10. မူလ Tab ရောက်ရင် GET LINK ကို ထပ်ကလစ်နှိပ်ပြီး ဒေါင်းလုဒ်လင့် တောင်းပါ။
  11. ဗီဒီယိုမှာ ပြထားသလို မူလ Tab အဝိုင်းလည်ပြီး အလုပ်လုပ်နေရင် ခဏစောင့်ပေးပါ။
  12. ဒေါင်းလုဒ်ဆွဲရမယ့် ဖိုင် ပေါ်လာပါပြီ။ Download ကို ကလစ်နှိပ်ပြီး ဒေါင်းနိုင်ပါပြီ။
  13. ဒေါင်းလုဒ်ဆွဲတာ ပြီးအောင်စောင့်ပြီး ဘေးက မြှားပုံလေးကို ကလစ်နှိပ်ကာ Open နှိပ်လိုက်ရင် ကိုယ်ဒေါင်းထားတဲ့ဖိုင်က သက်ဆိုင်ရာ ဆော့ဝဲလ်နဲ့ ပွင့်လာပါမယ်။

မရှင်းရင် အောက်က ဗီဒီယိုမှာ လက်တွေ့ဒေါင်းပြထားတာကို ကြည့်နိုင်ပါတယ်ခင်ဗျာ။



မိတ်ဆွေတို့အတွက် ဒီဗီဒီယိုလေးက အကျိုးရှိတယ်ဆိုရင် Like,Share and Subscribe လုပ်ပြီး အားပေးကြပါအုံးခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာ ဘေးကင်းလုံခြုံ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ပါစေ။

ပို့စ်အသစ်တင်တိုင်း သိနိုင်ဖို့ အောက်က follow ခုလုတ်ကို ကလစ်နှိပ်ပြီး follow လုပ်ထားနိုင်ပါတယ်။

Please Click This Button To Subscribe
👇👇👇



Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)