AutoCAD Civil3D Training | Northing Easting သုံးပြီး လိုင်းဆွဲမယ်

ACTC-Myanmar ကနေ ဒီတခါ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Northing/Easting တန်ဖိုးများ ရိုက်ထည့်ပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။

 မိမိဆွဲထားတဲ့ ပုံမှာ လိုအပ်ချက် အနည်းငယ်ရှိလို့ ထပ်ဖြည့်ချင်တယ်၊ Point Import လည်း မလုပ်ချင်တော့ဘူး။ Coordinate တွေလည်း ဒီအတိုင်းပဲ ရေးမှတ်လာခဲ့တယ်ဆိုရင် ဒီနည်းကို အသုံးပြု ဆွဲသားနိုင်ပါတယ်။ လိုအပ်ချက်အနေနဲ့ ကောက်ယူထားတဲ့ Coordinate အချက်အလက်တွေ ရှိရပါမယ်။ ဒီမှာတော့ လွယ်လွယ်ကူကူ Assumed Coordinate နဲ့ ရေးဆွဲပြထားပါတယ်။ အောက်ဆုံးမှာ လက်တွေ့ရေးဆွဲပြထားတဲ့ video ထည့်ပေးထားတဲ့အတွက် Beginners များအကြိုက် ဖြစ်မှာပါ။

1.      အရင်ဆုံး Home Tab > Draw Panel > Create Line by Northing/Easting command ကို သွားယူပါမယ်။

2.      လိုင်းစဆွဲချင်တဲ့နေရာ ပထမပွိုင့်ရဲ့ northing တန်ဖိုး ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။

3.      ပထမပွိုင့်ရဲ့ easting တန်ဖိုး ဆက်ထည့်ပြီး enter ခေါက်ပေးပါ။

4.      ဆက်ဆွဲမယ့်နေရာရဲ့ northing တန်ဖိုး ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။

5.      ဆက်ဆွဲမယ့်နေရာရဲ့ easting တန်ဖိုး ဆက်ထည့်ပြီး enter ခေါက်ပေးပါ။

6.      အဲဒီနည်းအတိုင်း ကိုယ်ဆွဲချင်တဲ့လိုင်းအဆုံးထိကို Coordinate ပြောင်းပြီး ထပ်ခါထပ်ခါ ရိုက်ထည့်ဆွဲသား နိုင်ပါတယ်။

လိုင်းဆွဲပြီးသွားရင် Esc ၂ ချက် နှိပ်ပြီး Command ပြန်ထွက်ပါမယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။
တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။ 


ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ 

သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်

  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)