ACTC-Myanmar | Point Name သုံးပြီး လိုင်းဆွဲမယ်

 AutoCAD Civil 3D Training Center Myanmar ကနေ မိတ်ဆွေတို့အတွက် Create Line by Point Name အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

ပုံမှန်သုံးနေကြနည်းတွေနဲ့ ဆွဲရတာ ပျင်းလာရင် ဒီနည်းလေး သုံးကြည့်ပါ။ ဒါကတော့ ပွိုင့်အမည်တွေကို အသုံးပြုပြီး လိုင်းဆွဲရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်လေ့ကျင့်ချင်သူများအတွက် ဒေတာဖိုင်ကို https://ouo.io/OtlSS3 မှာ ဒေါင်းနိုင်သလို http://j.gs/FvNk မှာလည်း ဒေါင်းယူနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆုံးမှာ လက်တွေ့ရေးဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်။ ကဲ စလိုက်ရအောင်။

1.      ပထမဆုံး Home > Draw Panel > Create Line by Point Name ကို ကလစ်လုပ်ပါမယ်။

2.      ပြီးရင် စဆွဲမယ့်ပွိုင့်အမည်ကို ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ကိုယ်ထည့်လိုက်တဲ့ ပွိုင့်အမည်ကို command line မှာ မြင်နေရပါမယ်။

3.      ဆက်ဆွဲမယ့် ပွိုင့်အမည်ကို ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။

4.      ဒီနည်းအတိုင်း ကိုယ်ဆွဲချင်တဲ့ လိုင်းအဆုံးမှတ်အထိ ထပ်ကာထပ်ကာ လုပ်ပေးပါ။

5.      အဆုံးရောက်သွားရင်တော့ Esc ၂ ချက် နှိပ်ပြီး command အဆုံးသတ်လိုက်ပါ။

အခုဆို ပွိုင့်အမည်တွေသုံးပြီး လိုင်းဆွဲတာကို ကောင်းစွာနားလည်ခဲ့ပါပြီ။ 

သတိထားစရာ အချက်ကတော့ Survey Instrument တချို့သာ Point Name ကို သုံးစွဲကြပြီး Instrument အများစုကတော့ Point Description ခေါ် Point Code ကိုသာ သုံးစွဲကြပါတယ်။ 

ယခုလေ့ကျင့်ခန်းအတွက် သုံးစွဲပြနိုင်အောင် Point Name ကို Civil 3D ထဲမှာ မိမိဘာသာ edit လုပ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://learnc3dmm.blogspot.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။ 


#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot 



Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)