Posts

Showing posts from November, 2021

ACTC-MYANMAR : Create Line by Station/Offset

Image
ATCT-MYANMAR ကနေ ဒီနေ့ ပြောပြပေးမှာကတော့ alignment  တခုရဲ့  Station/Offset တန်ဖိုးများကို ကိုးကားပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။ မဆွဲခင် ဘာတေလိုအပ်မလဲ။ အခု ပြောပြမယ့်နည်းကို အသုံးပြုဖို့ alignment တခု ရှိရပါမယ်။ alignment မှာပါဝင်တဲ့ Station လို့ ခေါ်တဲ့ အကွာအဝေး သတ်မှတ်ချက်များနဲ့ ဘယ်/ညာ Offset တန်ဖိုးများကို အသုံးပြုရတာမို့ သာမန် line, polyline တို့မှာ ဒါကို အသုံးပြုလို့ မရပါဘူးခင်ဗျာ။ အောက်မှာထည့်ပေးထားတဲ့ လက်တွေ့ရေးဆွဲထားတဲ့ video ကို ကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်ခင်ဗျာ။ လက်တွေ့စဆွဲပါမယ်။ အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Station/Offset ကို သွားကလစ်ပါမယ်။ Alignment ရွေးခိုင်းနေပြီ ဖြစ်တဲ့အတွက် မိမိ အကိုးအကားပြုလိုတဲ့ alignment တခုကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံမှာပါတဲ့ Alignment ကို ကလစ်လုပ် ရွေးပေးပါ။ Alignment ရွေးပြီးချိန်မှာ Station တန်ဖိုး တောင်းနေပါပြီ။ ဒီအတွက် အစမှတ်ရှိမယ့် Station ကို 80 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။ အခုဆိုရင် Alignment ကနေ ဘယ်လောက်ကွာဝေးမယ်ဆိုတဲ့ Offset တန်ဖိုး သတ်မှတ်ပေးရပါတော့မယ်။ အစမှတ်က Align

Civil 3D မှာ Deflection Angle အသုံးပြု လိုင်းဆွဲသားနည်း

Image
 AutoCAD Civil 3D Training Center Myanmar က အခု ပြောပြတင်ဆက် ပေးချင်တာကတော့ Deflection Angle အသုံးပြု လိုင်းဆွဲသား  နည်း ဖြစ်ပါတယ်။  လည်ထောင့်တန်ဖိုးများကို မူတည်ရပ်ကနေ နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ အောက်မှာ လက်တွေ့ဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။ စဆွဲကြည့်ရအောင်။ အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Deflection ကို သွားကလစ်ပါမယ်။ အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။ Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။ .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။ . G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။ အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။ အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ

Civil3D Tutorial : Create Line by Angle

Image
AutoCAD Civil3D Training Center - Myanmar ကနေ  အခု ပြောပြချင်တာကတော့ Create Line by Angle နည်း ဖြစ်ပါတယ်။  လည်ထောင့်တန်ဖိုးများကို နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ Video ဖိုင်လည်း အောက်မှာ ထည့်ပေးထားတဲ့အတွက် အဆင်ပြေမယ် ထင်ပါတယ်။ Step by Step Guide အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Angle ကို သွားကလစ်ပါမယ်။ အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။ Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။ .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။ . G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။ အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။ အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ။ ၄၅ ဒီဂရီ လိုင်းလိုချင်တာ ဖြစ်တဲ့အတွက

Civil3D Tutorial : Lines and Curves

Image
ACTC-MYANMAR က တင်ပေးပြီးခဲ့တာလေးတွေသုံးပြီး လက်တွေ့ဆွဲကြည့်ရအောင်ပါ။ ဘယ်လိုဆွဲမလဲ?  ပထမ လိုင်းတခုကို ကိုဩဒိနိတ် သုံးပြီးဆွဲမယ်။ အဲဒီကနေ မျဉ်းကွေးတခု ထပ်ဆွဲမယ် ။ နောက်ထပ်ပြောင်းပြန်မျဉ်းကွေးတခု ထပ်ဆွဲမယ်။ နောက်ဆုံးမှာ လိုင်းတခုနဲ့ ပြန်အဆုံးသတ်ပါမယ်။ command ၄ ခု သုံးကြည့်ပါမယ်။ ဘယ်ဖိုင်ကိုသုံးမှာလဲ?  အရင်တလောက လက်တွေ့ဆွဲပီး Save ထားတဲ့ 0105_Legal_Parcel.dwg ဆိုတဲ့ဖိုင်ကိုပဲ ဆက်သုံးကြည့်ပါမယ်။ အရင်လေ့ကျင့်ခန်းလုပ်မထားသူများကတော့ လုပ်ပြီးသားဖိုင်ကို   https://ouo.io/yRp7NT   မှာ ဒေါင်းနိုင်သလို http://j.gs/FzVk မှာလည်း ဒေါင်းနိုင်ပါတယ်။ ဒေါင်းလုဒ်ဆွဲနည်းကို  download-from-ouo.html မှာ ကြည့်ပေးပါ။ အရင်လေ့ကျင့်ခန်း ပြန်ကြည့်လိုပါက  line-traverse.html မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။ ဒေါင်းပြီး စဆွဲပါမယ်။ ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကိုဩဒိနိတ်များကိုသုံးပြီး လိုင်းတခုဆွဲဖို့ Home Tab> Draw Panel > Line Drop-down menu > Create Line By Northing/Easting command ကို ရွေးပါမယ်။  ပြီးရင်အစ northing အတွက် 184898.42 ထည့်ပြီး enter လုပ်ပါမယ်။  နောက်ထပ် Easting အတွက် 2305136.46 ထည့်ပြီး

ACTC-MYANMAR : Azimuth သုံးပြီး လိုင်းဆွဲနည်း

Image
ဒီတခါ AutoCAD Civil 3D Training Center ကနေ တင်ဆက်ပေးလိုက်တဲ့ Civil 3D Tutorials ကတော့ Azimuth သုံးပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။  ဘာနဲ့ဆင်တူသလဲ ဒီနည်းကလည်း bearing/distance နည်းနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ လည်ထောင့် သတ်မှတ်ပုံပဲ ကွာသွားတာပါ။ Azimuth ဆိုတဲ့အတွက် လည်ထောင့်တွက်ချက်ရာမှာ မြောက်အရပ်ကနေပဲ စတင်တွက်ချက် ထည့်သွင်း ပေးရပါမယ်။ ဒါကြောင့် ဒီနည်းအတိုင်းဆွဲရာမှာ Quadrant သတ်မှတ်ဖို့ တောင်းဆိုတာ တွေ့ရမှာ မဟုတ်ပါဘူး။ အခု စဆွဲကြည့်ပါမယ်။ Home > Draw Panel > Line Drop-down list > Create Line by Azimuth ကို ကလစ်လုပ်ရွေးပါမယ်။ Base Point အတွက် အဆင်ပြေတဲ့ တနေရာကို ကလစ်ချ သတ်မှတ်ပေးပါ။ Azimuth တန်ဖိုး သတ်မှတ်ပေးဖို့ တောင်းနေတာ တွေ့ရပါမယ်။ Azimuth 0 ဒီဂရီ နှင့် စဆွဲဖို့ 0 လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ အကွာအဝေး သတ်မှတ်ဖို့ ထပ်တောင်းပါမယ်။ 200’ ရိုက်ထည့်ပြီး enter ဆက်ခေါက်ပေးပါ။ အလျား ၂၀၀’ ရှိတဲ့ တောင်မြောက်လိုင်း ရပြီဖြစ်သလို နောက်တလိုင်း ဆက်ဆွဲဖို့ Azimuth တန်ဖိုး ထပ်တောင်းနေတာ တွေ့ရပါမယ်။ ဒီနည်းအတိုင်း Azimuth 60,120,180 တို့နှင့် အလျား 200’ စီ ရှိတဲ့လိုင်းများ ဆက်ဆွဲပ

Civil 3D Tutorials : Create Line By Bearing

Image
 Surveyor များ ရင်းနှီးပြီးသား Bearing/Distance ကို အသုံးပြုပြီး လိုင်းဆွဲတာကို ACTC-Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒါကိုကြည့်ပြီးရင် ကျွန်တော်တို့ ဘာကြောင့် AutoCAD မသုံးပဲ Civil 3D ကို သုံးရသလဲဆိုတာ ပိုသိသာထင်ရှား လာပါလိမ့်မယ်။  မိတ်ဆက် ဒီ command ဟာ ကျွန်တော်တို့ မကြာခဏသုံးစွဲနေတဲ့ line command နဲ့ ဆင်တူပါတယ်။ ဦးစွာ စမှတ် ကိုသတ်မှတ်ပါမယ်။ ပြီးရင် သူဆက်တောင်းတဲ့ Quadrant, Bearing, Distance values စတာတွေ အစဉ်လိုက် သတ်မှတ်ပေးသွားရမှာ ဖြစ်ပါတယ်။ အဲဒီတန်ဖိုးများကို command line မှာ ရိုက်ထည့်ခြင်း၊ screen မှာ graphically ကလစ်လုပ်ခြင်းစသည်တို့နဲ့ သတ်မှတ်ပေးနိုင်ပါတယ်။ Glyphs လို့ခေါ်တဲ့ သရုပ်ပြပုံလေးဟာ အဆင့်တိုင်းမှာ ကျွန်တော်တို့ကို လမ်းညွှန်ပေးနေမှာ ဖြစ်ပါတယ်။ လိုင်းတခုဆွဲပြီးတာနဲ့ နောက်လိုင်းကို bearing နည်းဖြင့်ဖြစ်စေ၊ Draw panel က အခြားလိုင်းဆွဲတဲ့နည်းလမ်းများ ပြောင်းပြီးဖြစ်စေ ဆက်ဆွဲနိုင်ပါတယ်။  သိထားသင့်သည့်များ ပုံမှာ Coordinate System သတ်မှတ်ထားသည် ဖြစ်စေ ၊ မထားသည်ဖြစ်စေ ဒီနည်း အသုံးပြု ဆွဲသားနိုင်မှာပါ။ ရပ်ညွှန်းထောင့် ကို တောင်/မြောက်လိုင်းကို အခြေပြု တိုင်းတာသတ်မှတ်တာ ဖြ

Civil 3D Training : Latitude/Longitude တွေသုံးပြီး လိုင်းဆွဲမယ်

Image
ACTC-Myanmar ကနေပြီးတော့ Latitude၊ Longitude တန်ဖိုးများ အသုံးပြုပြီး လိုင်းဆွဲသားနည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ စာနဲ့ရေးသားပေးထားသလို လက်တွေ့ရေးဆွဲထားတဲ့ video လည်း ပူးတွဲထည့်ပေးထားပါတယ်ခင်ဗျာ။ တခါတလေမှာ ဒေတာတွေကို လတ္တီတွဒ်၊ လောင်ဂျီတွဒ် တန်ဖိုးများနဲ့သာ ရနိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလို အခါမျိုးမှာ ဒီနည်းကို အသုံးပြု ရေးဆွဲနိုင်ပါတယ်။ သို့မဟုတ် ထူးထူးဆန်းဆန်း နည်းလေးတွေကို ကိုယ်တိုင်ကလည်း သဘောကျတယ်၊ စမ်းကြည့်ချင်တယ်ဆိုရင်လည်း ဒါကို စမ်းကြည့်နိုင်ပါတယ်။ ဒီမှာ သုံးစွဲထားတဲ့ ဒေတာများကို Google Earth ကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ အရေးကြီးတာတခုက  Drawing မှာ Coordinate system တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ အောက်မှာ  Coordinate system  သတ်မှတ်နည်းအတွက် လင့်ထည့်ပေးထားပါတယ်။ ပထမဆုံး Civil 3D မှာ Home Tab > Draw Panel > Line Drop-down list ကနေ Create Line by Latitude/Longitude ကို ကလစ်ပြီး command ယူပါမယ်။ command အသက်ဝင်လာရင် Latitude တန်ဖိုး တောင်းနေတာ တွေ့ရပါမယ်။ ပထမပွိုင့်ရဲ့ Latitude တန်ဖိုးကို Text ဖိုင်ကနေ Ctrl+C နဲ့ ကူးယူပြီး command လိုင်

AutoCAD Civil3D Training Center