ACTC-MYANMAR : How to Change Projection in Google Earth

Google Earth ကနေ မိမိလိုအပ်တဲ့ပွိုင့်များကို ထုတ်ယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တခုကတော့ ကိုယ်လုပ်ငန်းခွင်မှာ သုံးစွဲတဲ့ coordinate စနစ်နဲ့ ကိုက်ညီအောင် ပြောင်းလဲပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

ဒီလိုအပ်ချက်ကို Menu Bar > Tools > Options ကနေ တဆင့် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ UTM စနစ်ကနေ Lat/Long ကို ပြောင်းလွှဲသုံးစွဲချင်လို့ ဒါလေးကို ပြောင်းလဲပြထားပါတယ်။ လက်တွေ့လုပ်ဆောင်ထားတဲ့ Video ကိုလည်း အောက်မှာ ထည့်ပေးထားပါတယ်။

1.      ပထမဆုံး ရှိပြီးသား ပွိုင့်ကို right-click ထောက်ပြီး properties က တဆင့် လက်ရှိသုံးထားတဲ့ coordinate စနစ် စစ်ကြည့်ပါမယ်။ အခုကျွန်တော်ကတော့ UTM စနစ် သုံးစွဲထားတာ တွေ့ရပါမယ်။ OK နှိပ်ပြီး ပိတ်လိုက်ပါ။

2.      Menu Bar > Tools ကို ကလစ်ပြီး ပေါ်လာတဲ့ အထဲက Options ကို ရွေးယူပါ။

3.      Google Earth Options ပေါ်လာပါမယ်။ အဲဒီက 3D View tab ကို ကလစ်နှိပ် ပြောင်းလိုက်ပါ။

4.      အဲဒီမှာ Show Lat/Long မှာ ပြောင်းလဲအသုံးပြုနိုင်တဲ့ Projection စနစ်များကို တွေ့ရပါမယ်။

5.      မိမိအသုံးပြုလိုတဲ့ Projection စနစ်ကို ရွေးချယ်ပြီး OK နှိပ်ပေးပါ။ ကျွန်တော်ကတော့ Degree Minute Second စနစ်ကို ရွေးထားပါတယ်။

6.      ပွိုင့်တခုကို right-click ထောက်ပြီး properties ပြန်ဝင်ကြည့်ရင် ပြောင်းထားတဲ့ Projection စနစ် နှင့် coordinate တန်ဖိုးများကို တွေ့ရပါမယ်။

7.      ပွိုင့် coordinate များကို နောင်အခါ အသုံးပြုနိုင်ဖို့ Copy/Paste နဲ့ ကူးယူသိမ်းဆည်း ထားနိုင်ပါတယ်။

ဒီမှာတော့ Text ဖိုင် နဲ့ ကူးယူသိမ်းဆည်းထားပါတယ်။ မိမိနှစ်သက်ရာ format နဲ့ သိမ်းဆည်းနိုင်ပါတယ်။



အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။ Google Earth မှာ reference point ထည့်နည်းကို ကြည့်လိုပါက https://www.actcmyanmar.com/2021/11/create-point-ge.html မှာ ကြည့်နိုင်ပါတယ်။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD
  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)