ACTC-MYANMAR : Create Reference Base Points in Google Earth

တခါတရံမှာ မိမိ project အတွက် တိကျတဲ့ Bench Mark များ မရနိုင်တဲ့အခါမျိုးမှာ ဖြစ်စေ၊ အကြမ်းဖျဉ်း လျာထား ကြည့်ချင်တဲ့အခါမျိုးမှာ ဖြစ်စေ Google Earth ကနေ coordinate တန်ဖိုးများ ထုတ်ယူသုံးစွဲဖို့ လိုအပ်လာပါတယ်။

တိကျဖို့ လိုအပ်တဲ့ လုပ်ငန်းများအတွက်တော့ မသင့်တော်ပါဘူး ခင်ဗျာ။ ဒီအတွက် လိုအပ်လာခဲ့ရင် အသုံးပြုနိုင်အောင် မျှဝေပေးရခြင်း ဖြစ်ပါတယ်။ အခု စလုပ်ကြည့်ရအောင်။ ရေးပြထားတာ သိပ်မရှင်းရင် လက်တွေ့လုပ်ပြထားတဲ့ video လေးကို ကြည့်နိုင်ပါတယ်ခင်ဗျာ။

1. Google Earth ကို ကလစ် ၂ ချက် ဆင့်ခေါက်ပြီး ဖွင့်လိုက်ပါ။ Google Earth မရှိသေးသူများ ဒေါင်းလုဒ်ဆွဲရန် https://ouo.io/sp7kGkS

2. ပွင့်လာရင် ကိုယ်အလိုရှိတဲ့နေရာကို ရှာဖွေသွားရောက်လိုက်ပါ။

3. ပွိုင့်ချဖို့ Toolbar က Add Placemark ကို ကလစ်နှိပ်လိုက်ရင် screen မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ icon လေး ပေါ်လာပါမယ်။

4. ကိုယ်လိုချင်တဲ့နေရာကို ရောက်ဖို့ အဲဒီ icon လေးကို ကလစ်ဖိဆွဲပြီး လိုချင်တဲ့နေရာရောက်ရင် လွှတ်ချပေးပါ။

5. ပေါ်လာတဲ့ Google Earth – New Placemark dialog က Name အကွက်မှာ မိမိမှတ်မိနိုင်တဲ့ အမည်မျိုး ပေးပြီး OK နှိပ်ပါ။

6. သူ့အောက်မှာ သက်ဆိုင်ရာ Coordinate Zone နဲ့ Coordinate တန်ဖိုးများကို တွေ့ရပါမယ်။

7. ဒီနည်းအတိုင်း ကျန်ပွိုင့်များကို ဆက်ဖန်တီးပေးပါ။

8. Name အကွက် ညာဖက်က icon ပုံကို ကလစ်နှိပ်ပြီး ပေါ်လာတဲ့ Icon dialog မှာ မိမိ အလိုရှိတဲ့ icon ပုံစံ နှင့် အရောင်၊ Scale ၊ ဖောက်ထွင်းမြင်နိုင်မှုတို့ကိုလည်း ပြောင်းလဲ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 

9. ကိုယ်တိုင်ပြုလုပ်ထားတဲ့ icon ပုံစံများထည့်သွင်းချင်တယ်ဆိုရင် အောက်က Add Custom Icon ကနေ တဆင့် ခေါ်ယူထည့်သွင်းနိုင်ပါတယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက
https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက
https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2
ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Tutorial #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Alignment #Surface #Contour #Profile #Corridor #Traverse #Construction #Landscape #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)