ACTC-MYANMAR : Azimuth သုံးပြီး လိုင်းဆွဲနည်း

ဒီတခါ AutoCAD Civil 3D Training Center ကနေ တင်ဆက်ပေးလိုက်တဲ့ Civil 3D Tutorials ကတော့ Azimuth သုံးပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။ 


ဘာနဲ့ဆင်တူသလဲ


ဒီနည်းကလည်း bearing/distance နည်းနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ လည်ထောင့် သတ်မှတ်ပုံပဲ ကွာသွားတာပါ။ Azimuth ဆိုတဲ့အတွက် လည်ထောင့်တွက်ချက်ရာမှာ မြောက်အရပ်ကနေပဲ စတင်တွက်ချက် ထည့်သွင်း ပေးရပါမယ်။ ဒါကြောင့် ဒီနည်းအတိုင်းဆွဲရာမှာ Quadrant သတ်မှတ်ဖို့ တောင်းဆိုတာ တွေ့ရမှာ မဟုတ်ပါဘူး။

အခု စဆွဲကြည့်ပါမယ်။


  • Home > Draw Panel > Line Drop-down list > Create Line by Azimuth ကို ကလစ်လုပ်ရွေးပါမယ်။
  • Base Point အတွက် အဆင်ပြေတဲ့ တနေရာကို ကလစ်ချ သတ်မှတ်ပေးပါ။
  • Azimuth တန်ဖိုး သတ်မှတ်ပေးဖို့ တောင်းနေတာ တွေ့ရပါမယ်။ Azimuth 0 ဒီဂရီ နှင့် စဆွဲဖို့ 0 လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။
  • အကွာအဝေး သတ်မှတ်ဖို့ ထပ်တောင်းပါမယ်။ 200’ ရိုက်ထည့်ပြီး enter ဆက်ခေါက်ပေးပါ။
  • အလျား ၂၀၀’ ရှိတဲ့ တောင်မြောက်လိုင်း ရပြီဖြစ်သလို နောက်တလိုင်း ဆက်ဆွဲဖို့ Azimuth တန်ဖိုး ထပ်တောင်းနေတာ တွေ့ရပါမယ်။
  • ဒီနည်းအတိုင်း Azimuth 60,120,180 တို့နှင့် အလျား 200’ စီ ရှိတဲ့လိုင်းများ ဆက်ဆွဲပေးပါ။
  • နောက်ဆုံးလိုင်းကိုတော့ Azimuth 270 သတ်မှတ်ပြီး အကွာအဝေးကိုတော့ အစမှတ်မှာ ကလစ်ချပေးပြီး သတ်မှတ်ပေးပါ။ 
  • အားလုံးပြီးသွားရင် enter ၂ ကြိမ်ခေါက်ပြီး ဖြစ်စေ၊ Esc ၂ ကြိမ်နှိပ်ပြီးဖြစ်စေ Command အဆုံးသတ်ပေးပါ။



အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။

#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Tutorial #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Alignment #Surface #Contour #Profile #Corridor #Traverse #Construction #Landscape #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)