Civil 3D Tutorials : Create Line by Grid Northing/Grid Easting

AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Grid Northing/ Grid Easting အသုံးပြုပြီး လိုင်းဆွဲနည်းလေး မျှဝေပေးချင်ပါတယ်။ လက်တွေ့ရေးဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။


ဒီနည်းလမ်းကတော့ Coordinate စနစ်တခု အသုံးပြုပြီး သတ်မှတ်ထားတဲ့ Grid Northing/ Grid Easting များကို အသုံးပြုပြီး လိုင်းဆွဲသားတာ ဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုဖို့ ပုံမှာ Coordinate စနစ်တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုံမှန် Northing/ Easting ကို အသုံးပြုတာမဟုတ်ပဲ Grid Northing/ Grid Easting များကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ပုံမှာ Coordinate စနစ်တခု သတ်မှတ်နည်းကို https://www.actcmyanmar.com/2021/10/assign-coordinate-drawing.html မှာ ကြည့်နိုင်ပါတယ်။ အခုတော့ Coordinate စနစ် သတ်မှတ်ပြီးပုံကို အသုံးပြုထားတာမို့ စဆွဲကြည့်ရအောင်။

1. Home – Draw Panel က Create Line by Grid Northing/Grid Easting ကို ကလစ်လုပ်ရွေးပါ။

2. စဆွဲမယ့်ပွိုင့်ရဲ့ Grid Northing တန်ဖိုးထည့်ပြီး Enter ခေါက်ပါ။

3. စဆွဲမယ့်ပွိုင့်ရဲ့ Grid Easting တန်ဖိုးဆက်ထည့်ပြီး Enter ခေါက်ပါ။

4. ကျန်တဲ့ ဆက်ဆွဲရမယ့် ပွိုင့်များအတွက်လည်း ဒီနည်းလမ်းအတိုင်း ဆက်ဆွဲပေးပါ။

5. နောက်ဆုံး ဆွဲပြီးသွားရင်တော့ Esc ၂ ချက် နှိပ်ပြီး command အဆုံးသတ်ပါမယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။


ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။

#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Tutorial #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Alignment #Surface #Contour #Profile #Corridor #Traverse #Construction #Landscape #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)