Civil3D Tutorial : Create Line by Angle

AutoCAD Civil3D Training Center - Myanmar ကနေ အခု ပြောပြချင်တာကတော့ Create Line by Angle နည်း ဖြစ်ပါတယ်။ 

လည်ထောင့်တန်ဖိုးများကို နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ Video ဖိုင်လည်း အောက်မှာ ထည့်ပေးထားတဲ့အတွက် အဆင်ပြေမယ် ထင်ပါတယ်။

Step by Step Guide

အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Angle ကို သွားကလစ်ပါမယ်။

  1. အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။
  2. Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။
  3. .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။
  4. .G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။
  5. အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။
  6. အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ။
  7. ၄၅ ဒီဂရီ လိုင်းလိုချင်တာ ဖြစ်တဲ့အတွက် 45 လို့ ရိုက်ထည့်ပေးပြီး Enter ခေါက်ပါမယ်။
  8. အလျားတောင်းလာရင် 150 လို့ ရိုက်ထည့်ပေးပါ။ အလျား ၁၅၀’ လားရာ ၄၅ ဒီဂရီရှိတဲ့ လိုင်းတခု ရရှိပါပြီ။
  9. နောက်တလိုင်းဆက်ဆွဲဖို့ လည်ထောင့် တောင်းနေတာ တွေ့ရပါမယ်။
  10. နာရီလက်တံပြောင်းပြန်အတိုင်း လားရာသတ်မှတ်ဖို့ Counter Clockwise ကို ကလစ်လုပ်ပါ။
  11. ထောင့်မှန်လိုင်း သတ်မှတ်မှာမလို့ 90 ရိုက်ထည့်ပြီး Enter ခေါက်ပါမယ်။
  12. အလျားကတော့ 150 ပဲ ဆက်ရိုက်ထည့်ပေးပါ။ မူလလိုင်းနဲ့ ထောင့်မှန်ကျ အလျား ၁၅၀’ ရှိ လိုင်းတခု ဆွဲပြီး ဖြစ်ပါတယ်။

ဒီလောက်ဆို Create Line by Angle နည်း ကို နားလည်သဘောပေါက်ပြီး အသုံးချနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။ 

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)