Civil 3D Tutorials : Create Line By Bearing

 Surveyor များ ရင်းနှီးပြီးသား Bearing/Distance ကို အသုံးပြုပြီး လိုင်းဆွဲတာကို ACTC-Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒါကိုကြည့်ပြီးရင် ကျွန်တော်တို့ ဘာကြောင့် AutoCAD မသုံးပဲ Civil 3D ကို သုံးရသလဲဆိုတာ ပိုသိသာထင်ရှား လာပါလိမ့်မယ်။ 

မိတ်ဆက်

ဒီ command ဟာ ကျွန်တော်တို့ မကြာခဏသုံးစွဲနေတဲ့ line command နဲ့ ဆင်တူပါတယ်။ ဦးစွာ စမှတ် ကိုသတ်မှတ်ပါမယ်။ ပြီးရင် သူဆက်တောင်းတဲ့ Quadrant, Bearing, Distance values စတာတွေ အစဉ်လိုက် သတ်မှတ်ပေးသွားရမှာ ဖြစ်ပါတယ်။ အဲဒီတန်ဖိုးများကို command line မှာ ရိုက်ထည့်ခြင်း၊ screen မှာ graphically ကလစ်လုပ်ခြင်းစသည်တို့နဲ့ သတ်မှတ်ပေးနိုင်ပါတယ်။ Glyphs လို့ခေါ်တဲ့ သရုပ်ပြပုံလေးဟာ အဆင့်တိုင်းမှာ ကျွန်တော်တို့ကို လမ်းညွှန်ပေးနေမှာ ဖြစ်ပါတယ်။ လိုင်းတခုဆွဲပြီးတာနဲ့ နောက်လိုင်းကို bearing နည်းဖြင့်ဖြစ်စေ၊ Draw panel က အခြားလိုင်းဆွဲတဲ့နည်းလမ်းများ ပြောင်းပြီးဖြစ်စေ ဆက်ဆွဲနိုင်ပါတယ်။ 

သိထားသင့်သည့်များ

ပုံမှာ Coordinate System သတ်မှတ်ထားသည် ဖြစ်စေ ၊ မထားသည်ဖြစ်စေ ဒီနည်း အသုံးပြု ဆွဲသားနိုင်မှာပါ။ ရပ်ညွှန်းထောင့် ကို တောင်/မြောက်လိုင်းကို အခြေပြု တိုင်းတာသတ်မှတ်တာ ဖြစ်ပါတယ်။ Quadrant ၄ ခု ရှိရာမှာ NE,NW ၂ ခုကို မြောက်လိုင်းကနေ စတင်တိုင်းတာပြီး SE,SE ၂ ကွက်မှာတော့ တောင်လိုင်းကနေ စတင်တိုင်းတာ သတ်မှတ်တာ ဖြစ်ပါတယ်။

ဘာကိုဆွဲမှာလဲ

အခု N45°45’45”E ရှိ အလျား ၂၀၀’ လိုင်းကို အရင်ဆွဲမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီလိုင်း အဆုံးကနေ S45°45’45”E ရှိ အလျား ၂၀၀’ လိုင်းကို ဒုတိယ ဆက်ဆွဲပါမယ်။ တတိယလိုင်းကိုတော့ အဲဒီလိုင်းအဆုံးကနေ S45°45’45”W နှင့်် အလျား ၂၀၀’ ထားဆွဲပါမယ်။ နောက်ဆုံး အပိတ်လိုင်းကတော့ N45°45’45”W မှာ အလျား ၂၀၀’ ရှိမှာ ဖြစ်ပါတယ်။

စဆွဲပါမယ်။

  • လိုင်းဆွဲဖို့ Home Tab > Draw Panel မှာ ရှိတဲ့ Line Drop-down List ကို ကလစ်နှိပ်ပြီး ပေါ်လာတဲ့အထဲက Create Line by Bearing ကို ကလစ်လုပ်ရွေးပါမယ်။
  • ပြီးရင် အဆင်ပြေတဲ့ တနေရာကို ကလစ်ချပြီး base point သတ်မှတ်ပေးပါ။ မောက်စ်ကို နေရာရွှေ့ကြည့်ရင် Quadrant နဲ့ လားရာပြလိုင်း ပေါ်လာတာ တွေ့ရပါမယ်။
  • ကိုယ်ဆွဲလိုတဲ့ Quadrant ကို ကလစ်ချ သတ်မှတ်နိုင်သလို 1,2,3,4 အစရှိသဖြင့် Quadrant နံပါတ်ထည့်ပြီးလည်း သတ်မှတ်နိုင်ပါတယ်။ Quadrant 1 ကို ရွေးမှာမို့ 1 လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။
  • အခု ရပ်ညွှန်း Bearing တောင်းနေပြီမို့ 45°45’45” လို့ စက်ကနားလည်တဲ့ 45.4545 ဆိုတာကို ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ဒဿမရှေ့က တန်ဖိုးက ဒီဂရီ ဖြစ်ပြီး ဒဿမ ၂ နေရာအထိက မိနစ်တန်ဖိုး၊ သူ့နောက် ဒဿမနေရာများက စက္ကန့် တန်ဖိုးဆိုတာ Civil 3D က နားလည်ပါတယ်။
  • Bearing ကို ကလစ်ချ ပြီး သတ်မှတ်နိုင်သော်လည်း ကိုယ်လိုချင်တဲ့ တန်ဖိုး အတိအကျ ရဖို့ကတော့ ရိုက်ထည့်ပေးမှပဲ ရပါတယ်။
  • ဆက်ပြီး အကွာအဝေး တောင်းနေပြီမို့ အလျား ၂၀၀’ အတွက် 200 လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ အခုဆို N45°45’45”E ရှိ အလျား ၂၀၀’ လိုင်း ရရှိပါပြီ။
  • နောက်တလိုင်း ဆက်ဆွဲဖို့ အတွက် Quadrant သတ်မှတ်ဖို့ တောင်းနေတာ တွေ့ရပါမယ်။
  • ဒီပုံစံအတိုင်းပဲ နောက်လိုင်းများကို ဆက်ဆွဲပေးပါ။
  • အားလုံးဆွဲပြီးသွားရင် Esc ၂ ကြိမ် ဆက်နှိပ်ပြီး ပြန်ထွက်ပေးပါ။
  • ဆနွင်းမကင်းပုံ အကွက် တခု ရရှိမှာ ဖြစ်ပါတယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။ 

#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save #bearing #Line

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)