Civil 3D မှာ Deflection Angle အသုံးပြု လိုင်းဆွဲသားနည်း
AutoCAD Civil 3D Training Center Myanmar က အခု ပြောပြတင်ဆက် ပေးချင်တာကတော့ Deflection Angle အသုံးပြု လိုင်းဆွဲသား နည်း ဖြစ်ပါတယ်။
လည်ထောင့်တန်ဖိုးများကို မူတည်ရပ်ကနေ နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ အောက်မှာ လက်တွေ့ဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။
စဆွဲကြည့်ရအောင်။
အခု စဆွဲဖို့အတွက် Home Tab > Draw
Panel > Line > Create Line by Deflection ကို
သွားကလစ်ပါမယ်။
- အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။
- Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။
- .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။
- .G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။
- အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။
- အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ။
- အတွင်းထောင့် ၄၅ ဒီဂရီ လိုင်းလိုချင်တာ ဖြစ်တဲ့အတွက် 235 လို့ ရိုက်ထည့်ပေးပြီး Enter ခေါက်ပါမယ်။
- အလျားတောင်းလာရင် 150 လို့ ရိုက်ထည့်ပေးပါ။ အလျား ၁၅၀’ အတွင်းထောင့် ၄၅ ဒီဂရီရှိတဲ့ လိုင်းတခု ရရှိပါပြီ။
- နောက်တလိုင်းဆက်ဆွဲဖို့ လည်ထောင့် တောင်းနေတာ တွေ့ရပါမယ်။
- နာရီလက်တံပြောင်းပြန်အတိုင်း လားရာသတ်မှတ်ဖို့ Counter Clockwise ကို ကလစ်လုပ်ပါ။
- ထောင့်မှန်လိုင်း သတ်မှတ်မှာမလို့ 90 ရိုက်ထည့်ပြီး Enter ခေါက်ပါမယ်။
- အလျားကတော့ 150 ပဲ ဆက်ရိုက်ထည့်ပေးပါ။ မူလလိုင်းနဲ့ ထောင့်မှန်ကျ အလျား ၁၅၀’ ရှိ လိုင်းတခု ဆွဲပြီး ဖြစ်ပါတယ်။
- ဒီလောက်ဆို Create Line by Deflection နည်း ကို နားလည်သဘောပေါက်ပြီး အသုံးချနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
- ESC တချက်နှိပ်ပြီး ပြန်ထွက်လိုက်ရင် မူလ Line Command ကို ပြန်ရောက်ပါမယ်။
- စထွက်လာတဲ့ နေရာကို ပြန်ပိတ်ဖို့ C လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ အခုဆို အစမှတ်ကို ပြန်ပိတ်ပြီး ၂ နားညီ တြိဂံတခု ဖြစ်ပေါ်လာတာ တွေ့ရပါမယ်။
အလုံးစုံ မဟုတ်ရင်တောင် တခုခု
အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး
ကျော်လွှားနိုင်ကြပါစေခင်ဗျာ။
သင်တန်းစုံစမ်းရန် 👇👇👇
ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့
အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် https://www.actcmyanmar.com/p/training.html
မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
Pcloud အကောင့်ဖွင့်ဖို့ 👇👇👇
သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း
https://u.pcloud.com/#page=register&invite=yqzH7ZezszOX
ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။
500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium
Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး
အစမ်းသုံးချင်ပါက
https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။
ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account
500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက
https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2
ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
တင်တိုင်း email ပို့ပေးစေဖို့ 👇👇👇
တင်သမျှကို လက်မလွတ်စတမ်း
ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။
#AutoCAD #Civil3D #Training #Myanmar #Engineer #Surveyor #Tutorial #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Alignment #Surface #Contour #Profile #Corridor #Traverse #Construction #Landscape #ParkingLot
Comments
Post a Comment