Civil 3D Training : Latitude/Longitude တွေသုံးပြီး လိုင်းဆွဲမယ်

ACTC-Myanmar ကနေပြီးတော့ Latitude၊ Longitude တန်ဖိုးများ အသုံးပြုပြီး လိုင်းဆွဲသားနည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ စာနဲ့ရေးသားပေးထားသလို လက်တွေ့ရေးဆွဲထားတဲ့ video လည်း ပူးတွဲထည့်ပေးထားပါတယ်ခင်ဗျာ။

တခါတလေမှာ ဒေတာတွေကို လတ္တီတွဒ်၊ လောင်ဂျီတွဒ် တန်ဖိုးများနဲ့သာ ရနိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလို အခါမျိုးမှာ ဒီနည်းကို အသုံးပြု ရေးဆွဲနိုင်ပါတယ်။ သို့မဟုတ် ထူးထူးဆန်းဆန်း နည်းလေးတွေကို ကိုယ်တိုင်ကလည်း သဘောကျတယ်၊ စမ်းကြည့်ချင်တယ်ဆိုရင်လည်း ဒါကို စမ်းကြည့်နိုင်ပါတယ်။ ဒီမှာ သုံးစွဲထားတဲ့ ဒေတာများကို Google Earth ကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ အရေးကြီးတာတခုက Drawing မှာ Coordinate system တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ အောက်မှာ Coordinate system သတ်မှတ်နည်းအတွက် လင့်ထည့်ပေးထားပါတယ်။

  • ပထမဆုံး Civil 3D မှာ Home Tab > Draw Panel > Line Drop-down list ကနေ Create Line by Latitude/Longitude ကို ကလစ်ပြီး command ယူပါမယ်။
  • command အသက်ဝင်လာရင် Latitude တန်ဖိုး တောင်းနေတာ တွေ့ရပါမယ်။
  • ပထမပွိုင့်ရဲ့ Latitude တန်ဖိုးကို Text ဖိုင်ကနေ Ctrl+C နဲ့ ကူးယူပြီး command လိုင်းမှာ ကလစ်ချကာ Ctrl+V နဲ့ ထည့်သွင်းပေးပါ။ ပြီးရင် Enter ၁ ချက် ခေါက်လိုက်ပါ။
  • ဒါဆိုရင် ပထမပွိုင့်ရဲ့ Longitude တန်ဖိုးကို ဆက်တောင်းနေတာ တွေ့ရပါမယ်။
  • အရင်နည်းအတိုင်းပဲ ပထမပွိုင့်ရဲ့ Longitude တန်ဖိုးကို ဆက်ထည့်သွင်းပေးပြီး Enter ၁ ချက် ခေါက်လိုက်ပါ။
  • နောက်ပွိုင့်အတွက် Latitude တန်ဖိုးကို တခါ ထပ်တောင်းနေတာ တွေ့ရပါမယ်။
  • ဒီနည်းလမ်းအတိုင်းပဲ ပွိုင့်အားလုံးရဲ့ Latitude/Longitude ကို ဆက်ထည့်သွင်းပေးပါ။
  • စတုဂံပုံ ဖော်ဖို့အတွက် ပထမဆုံးပွိုင့်ရဲ့ Latitude/Longitude ကိုပဲ နောက်ဆုံးမှာ ထည့်သွင်း ရေးဆွဲပေးပါ။
  • အားလုံး ပြီးသွားရင် Esc ၂ ကြိမ် ဆက်နှိပ်ပြီး command ပြန်ထွက်ပါမယ်။

Drawing မှာ Coordinate system သတ်မှတ်နည်းကို https://www.actcmyanmar.com/2021/10/assign-coordinate-drawing.html မှာ ကြည့်နိုင်ပါတယ်။

Google Earth မှာ Reference Point မှတ်နည်းကိုတော့ https://www.actcmyanmar.com/2021/11/create-point-ge.html မှာ ကြည့်ပေးပါ။

Latitude/Longitude ပြောင်းနည်းကိုတော့ https://www.actcmyanmar.com/2021/11/change-proj-in-GE.html မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။


 အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ် ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)