ACTC-MYANMAR : Create Line by Station/Offset

ATCT-MYANMAR ကနေ ဒီနေ့ ပြောပြပေးမှာကတော့ alignment တခုရဲ့ Station/Offset တန်ဖိုးများကို ကိုးကားပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။

မဆွဲခင် ဘာတေလိုအပ်မလဲ။

အခု ပြောပြမယ့်နည်းကို အသုံးပြုဖို့ alignment တခု ရှိရပါမယ်။ alignment မှာပါဝင်တဲ့ Station လို့ ခေါ်တဲ့ အကွာအဝေး သတ်မှတ်ချက်များနဲ့ ဘယ်/ညာ Offset တန်ဖိုးများကို အသုံးပြုရတာမို့ သာမန် line, polyline တို့မှာ ဒါကို အသုံးပြုလို့ မရပါဘူးခင်ဗျာ။ အောက်မှာထည့်ပေးထားတဲ့ လက်တွေ့ရေးဆွဲထားတဲ့ video ကို ကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်ခင်ဗျာ။

လက်တွေ့စဆွဲပါမယ်။

အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Station/Offset ကို သွားကလစ်ပါမယ်။

Alignment ရွေးခိုင်းနေပြီ ဖြစ်တဲ့အတွက် မိမိ အကိုးအကားပြုလိုတဲ့ alignment တခုကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံမှာပါတဲ့ Alignment ကို ကလစ်လုပ် ရွေးပေးပါ။

Alignment ရွေးပြီးချိန်မှာ Station တန်ဖိုး တောင်းနေပါပြီ။ ဒီအတွက် အစမှတ်ရှိမယ့် Station ကို 80 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

အခုဆိုရင် Alignment ကနေ ဘယ်လောက်ကွာဝေးမယ်ဆိုတဲ့ Offset တန်ဖိုး သတ်မှတ်ပေးရပါတော့မယ်။ အစမှတ်က Alignment ကနေ ဘယ်ဘက် 15’ အကွာမှာ ရှိတာဖြစ်လို့ -15 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

လိုင်းအစပြုမှတ် သတ်မှတ်ပြီးဖြစ်လို့ လိုင်းအဆုံးမှတ် ဆက်သတ်မှတ်ပေးပါမယ်။

အဆုံးမှတ်ရှိရာ Station ကို 140 လို့ ရိုက်ထည့်ပြီး Enter ခေါက် သတ်မှတ်ပေးပါ။

အဆုံးမှတ်က Alignment ဘယ်ဘက် 45’ အကွာမှာ ရှိတာဖြစ်လို့ -45 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

အခုဆို အပေါ်က နမူနာပုံအတိုင်း ရရှိပါပြီ။ Enter ၂ ချက် ဆင့်ခေါက်ပြီး Command အဆုံးသတ်ပေးပါ။

ညာဘက်က ပုံစံတူလိုင်းကိုလည်း ဒီနည်းအတိုင်း ဆက်ဆွဲပေးပါ။ ညာဘက်ဆိုတော့ အပေါင်းတန်ဖိုး ဖြစ်တဲ့အတွက် Offset တန်ဖိုး ထည့်ရာမှာ အနုတ်လက္ခဏာမပါပဲ ဒီအတိုင်း ဂဏန်းသာ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံ

ကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  https://www.actcmyanmar.com/p/training.html မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။


သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)