Civil 3D Tutorials : Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးခြင်း

ကျွန်တော်တို့ AutoCAD Civil 3D Training Center- Myanmar ကနေပြီးတော့ ဒီနေ့ မှာ Line Tools အသုံးပြုပြီး Traverse တခု လက်တွေ့ ဖန်တီးရေးဆွဲနည်း ကို တင်ဆက်ပေးလိုက်ပါတယ်။ 

လက်တွေ့ လိုက်လုပ်ကြည့်လို့ ရအောင်လို့ လေ့ကျင့်ခန်းဖိုင်ပါ ဒေါင်းလုဒ်လင့် ထည့်ပေးထားပါတယ်ခင်ဗျာ။
ဒီနေ့တော့ အရင်ပြောထားတဲ့လိုင်းဆွဲနည်းများကို သုံးပြီးလက်တွေ့ စမ်းဆွဲကြည့်ရအောင်။ 0105_Legal.dwg ဆိုတဲ့ဖိုင်ကို ပေးထားတဲ့လင့်ကနေ ဒေါင်းပြီးဖွင့်လိုက်ပါမယ်။ Download 0105_Legal.dwg

ဒေါင်းလုဒ်ဆွဲနည်းကို ဒီမှာကြည့်ပေးပါ။ 

👉👉 https://www.actcmyanmar.com/2021/10/download-from-ouo.html

Pcloud အကောင့်ရှိသူများကတော့ မဒေါင်းဖြစ်သေးရင် မိမိတို့အကောင့်မှာ ကူးယူသိမ်းဆည်းထားနိုင်ပါတယ်။ အကောင့်မရှိသေးသူများလည်း အကောင့်ဖွင့်ထားချင်ရင် အောက်ပါလင့်ကနေတဆင့် ဖွင့်နိုင်ပါတယ်။ https://u.pcloud.com/#page=register&invite=yqzH7ZezszOX
Pcloud Premimum Account ကို တလ free စမ်းသုံးကြည့်ချင်ရင်တော့ ဒီလင့်ကနေ ဖွင့်နိုင်ပါတယ်။
Pcloud Premimum
ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကျွန်တော်တို့ မြင်ရမှာကတော့ အနီရောင်မြှားတခု နဲ့ အစိမ်းရောင် စာသား များ ဖြစ်ပါတယ်။ တကယ်လို့ dynamic input ဖွင့်ထားရင် F12 (သို့) status bar က icon ကိုနှိပ်ပြီးတော့ ခေတ္တပိတ်ထားပေးပါ။ အဲဒီနောက် Home Tab> Draw Panel> Line drop-down menu> Create Line By Bearing command ကိုရွေးပါမယ်။

  • အဆင့် ၁ စမှတ် first point ကို သတ်မှတ်ပေးဖို့ တောင်းချိန်မှာ end point osnap ကိုသုံးပြီး အနီရောင်မြှားခေါင်းထိပ်ကို ရွေးပေးပါ။
  • အဆင့် ၂ quadrant (1-4) သတ်မှတ်ပေးဖို့လိုချိန်မှာတော့ S 11° 45’ 41.4” E ဖြစ်တဲ့အတွက် quadrant 2 မှာပါဝင်တာဖြစ်လို့ 2 လို့ ရိုက်ထည့်ပေးပြီး enter ခေါက်ပါမယ်။
  • အဆင့် ၃ ထောင့်တန်ဖိုးကို တော့ 11.45414 လို့ရိုက်ထည့်ပြီး enter လုပ်ပါ။
  • အဆင့် ၄ အကွာအဝေး distance မေးလာချိန်မှာ 693.77 feet ဖြစ်လို့ 693.77’ လို့ ရိုက်ထည့်ပြီး enter လုပ်ပါ။
  • အဆင့် ၅ ကျန်ရှိနေတဲ့လမ်းကြောင်းများအတွက်ကိုတော့ အဆင့် ၂ မှ အဆင့် ၄ အထိ ပုံစံအတိုင်း ဆက်လုပ်ပီး ဆွဲပေးပါ။ 
  • အဆင့် ၆ နောက်ဆုံး ဆွဲစရာလမ်းကြောင်း ကုန်သွားချိန်မှာတော့ Esc နှိပ်ပြီး command ဖြုတ်လိုက်ပါမယ်။
  • အဆင့် ၇ အားလုံးဆွဲပြီးသွားရင် ပုံ ၁.၃၆ မှာ ပြထားသလို အကွက်ပုံတခု ရမှာ ဖြစ်ပါတယ်။

line tools traverse

0105_Legal_Parcel.dwg လို့ နာမည်ပေးပြီး Save လုပ်ထားပါ။ ဘော်ဒါတွေကိုလည်း ရှယ်ပေးပါအုံးနော်။
အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။
ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန် Training Info မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ follow and subscribe လုပ်ထားပေးပါခင်ဗျာ။

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)