Civil3D Tutorial : Lines and Curves

ACTC-MYANMAR က တင်ပေးပြီးခဲ့တာလေးတွေသုံးပြီး လက်တွေ့ဆွဲကြည့်ရအောင်ပါ။

ဘယ်လိုဆွဲမလဲ? 

ပထမ လိုင်းတခုကို ကိုဩဒိနိတ် သုံးပြီးဆွဲမယ်။ အဲဒီကနေ မျဉ်းကွေးတခု ထပ်ဆွဲမယ် ။ နောက်ထပ်ပြောင်းပြန်မျဉ်းကွေးတခု ထပ်ဆွဲမယ်။ နောက်ဆုံးမှာ လိုင်းတခုနဲ့ ပြန်အဆုံးသတ်ပါမယ်။ command ၄ ခု သုံးကြည့်ပါမယ်။

ဘယ်ဖိုင်ကိုသုံးမှာလဲ?

 အရင်တလောက လက်တွေ့ဆွဲပီး Save ထားတဲ့ 0105_Legal_Parcel.dwg ဆိုတဲ့ဖိုင်ကိုပဲ ဆက်သုံးကြည့်ပါမယ်။ အရင်လေ့ကျင့်ခန်းလုပ်မထားသူများကတော့ လုပ်ပြီးသားဖိုင်ကို  https://ouo.io/yRp7NT  မှာ ဒေါင်းနိုင်သလို http://j.gs/FzVk မှာလည်း ဒေါင်းနိုင်ပါတယ်။ ဒေါင်းလုဒ်ဆွဲနည်းကို download-from-ouo.html မှာ ကြည့်ပေးပါ။ အရင်လေ့ကျင့်ခန်း ပြန်ကြည့်လိုပါက line-traverse.html မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။

ဒေါင်းပြီး စဆွဲပါမယ်။

  • ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကိုဩဒိနိတ်များကိုသုံးပြီး လိုင်းတခုဆွဲဖို့ Home Tab> Draw Panel > Line Drop-down menu > Create Line By Northing/Easting command ကို ရွေးပါမယ်။ 
  • ပြီးရင်အစ northing အတွက် 184898.42 ထည့်ပြီး enter လုပ်ပါမယ်။ 
  • နောက်ထပ် Easting အတွက် 2305136.46 ထည့်ပြီး enter လုပ်ပါ။ 
  • ထပ်ပြီးတော့ Northing/Easting သတ်မှတ်ပေးဖို့ တောင်းပါမယ်။ 
  • အဆုံးပွိုင့်အတွက် Northing 185059.94, Easting  2305413.52 ထည့်ပြီး enter လုပ်ပါ။ 
  • Esc ကို ၂ ချက်နှိပ်ပြီး command ပြန်ထွက်ပါမယ်။ 
  • ပြီးရင် Z enter , E enter လုပ်လိုက်ရင် စောနကဆွဲထားတဲ့လိုင်းကို ဘယ်ဖက်အောက်ထောင့်နားမှာ တွေ့ရမှာဖြစ်ပါတယ်။
  • လိုင်းအဆုံးကနေ Curve ဆက်ဆွဲဖို့ Create Curve From End Of Object command ကိုယူပြီး လိုင်းရဲ့ အရှေ့ဖက် ပိုင်းကို ကလစ်လုပ်ပါမယ်။ 
  • ပြီးရင် enter ခေါက်ပြီး default Radius option ကိုလက်ခံလိုက်ပါ။ 
  • Radius တန်ဖိုး 550’ ထည့်ပြီး enter လုပ်ပါ။
  • ပြီးရင်ပြထားတဲ့ [Tangent/Chord/Delta/Length/External/ Mid-ordinate] <Length>: ဆိုတဲ့ options များထဲက Delta ကိုရွေးဖို့ D enter လုပ်ပါမယ်။
  •  Delta angle ကို 40° ထားပါမယ်။ ၄၀ ဆိုတဲ့ ဂဏန်းပဲရိုက်ထည့်ရင် ရပါပြီ။ ဒီဂရီသင်္ကေတ မလိုပါဘူး။ 
  • ခုဆိုရင် လိုင်းအဆုံးမှာ R 550’ နဲ့ Delta angle 40° ရှိတဲ့ Curve တခု ရပါပြီ။ 
  • အဲဒါရဲ့အဆုံးမှာ Reverse Curve ဆွဲဖို့ Curves menu က Create Reverse Or Compound Curve ကို ကလစ်ပါမယ်။ 
  • အရာဝတ္ထုရွေးဖို့ ပြောလာရင် စောနကဆွဲထားတဲ့ Curve အဆုံးကို ကလစ်ပါမယ်။ 
  • [Compound/Reverse] options မှာ R enter လုပ်ပြီး Reverse ကိုဝင်ပါ။
  •  Radius တောင်းတဲ့အချိန်မှာ 630’ လို့ထည့်ပေးပြီး options များထဲက default length option ကို လက်ခံဖို့ enter လုပ်ပါ။ 
  • Curve Length 400’ ထည့်ပေးပြီး enter လုပ်ပါ။ ဒါဆို Reverse Curve ရပါပြီ။ 
  • အဲဒီအဆုံးကနေ tangency ကျတဲ့လိုင်းတခု ထပ်ဆွဲဖို့ Lines menu က Create Line From End Of Object ကိုရွေးပြီး အစောကဆွဲထားတဲ့ Reverse Curve အဆုံးကို ကလစ်ပါမယ်။ 
  • Distance တောင်းရင် 150’ လို့ ရိုက်ထည့်ပေးပါ။ 
  • အားလုံးပြီးသွားရင် ပုံ ၁.၄၅ အတိုင်းရပါမယ်။


 0105_Legal_Complete.dwg လို့ နာမည်ပေးပြီး save လုပ် သိမ်းဆည်းထားပါမယ်။ နောက်လေ့ကျင့်ခန်းများကိုလက်မလွတ်စေဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။ ဘော်ဒါတွေကိုလည်း ရှယ်ပေးပါအုံးနော်။

If you like this post, please share with your friends. Sharing is Caring.

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ သင်ကြားပေးတဲ့ အချက်အလက်များ နဲ့ ဆက်သွယ်မေးမြန်းရန်  သင်တန်းစုံစမ်းရန် မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။


#Mastering #Civil3D #Training #Engineer #Surveyor #Infrastructure #Road #Dam #Irrigation #Canal #Earthwork #Layout #Planning #Urban #Drainage #Grading #Myanmar #AutoCAD #Alignment #Surface #Contour #Profile #Corridor #Units #Tutorial #drawing #setting #Zone #transformation #Save


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)