Posts

Showing posts from December, 2021

ACTC-MYANMAR : Create Line from End of Object

Image
တခါတလေ ဆွဲပြီးသား လိုင်း အတိုင်း အဖြောင့် ဆက်ဆွဲချင်တာ သို့မဟုတ် မျဉ်းကွေးကနေ Tangent လိုင်းတခု ဆက်ဆွဲဖို့ လိုအပ်တာမျိုး ကြုံနိုင်ပါတယ်။ အခု ဆွဲပြတဲ့နည်းနဲ့ဆို သိခဲ့ဖူးတဲ့ အလွယ်ဆုံးနည်းထက်တောင် ပိုလွယ်တာ တွေ့ရမှာမို့ ဆက်ကြည့်လိုက်ရအောင်။ အဲလို ရှိပြီးသား လိုင်းတခုရဲ့ သို့မဟုတ် မျဉ်းကွေးတခုရဲ့ အဆုံးကနေပြီးတော့ လိုင်းဆက်ဆွဲချင်တဲ့အခါ အလွယ်တကူ အသုံးပြုနိုင်တဲ့ ဒီနည်းလမ်းနဲ့ ရေးဆွဲနိုင်ပါတယ်။ လိုင်းကနေ ဆက်ဆွဲရင်တော့ အဖြောင့်လိုင်းပဲ ရရှိမှာ ဖြစ်ပြီး မျဉ်းကွေးကနေ ဆက်ဆွဲတဲ့ အခါမှာတော့ တန်းဂျင့်လိုင်း ရရှိမှာ ဖြစ်ပါတယ်။ Powerful ဖြစ်တဲ့ Civil 3D ရဲ့ စွမ်းဆောင်ချက်များကြောင့် ဒါကို အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ အခုစဆွဲကြည့်ပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line from End of Object ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       မျဉ်းကွေး သို့မဟုတ် မျဉ်းကို ရွေးပေးဖို့ တောင်းဆိုနေတာ Command Line မှာ မြင်တွေ့ရပါမယ်။ 3.       ရေပြင်ညီလိုင်းကို အရင် ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို ဆက်ဆွဲမယ့် အကွာအဝေး သတ်မှတ်ပေးဖို့ တောင်းပါမယ်။ 4.

Civil 3D Tutorial : How to Easily Edit Length of the Line

Image
  ACTC-MYANMAR က အခုတင်ဆက်ပေးချင်တဲ့နည်းလမ်းက Create Line by Extension နည်း ဖြစ်ပါတယ်။ လိုင်းတခုရဲ့ အလျားကို တိုစေ၊ ရှည်စေချင်တဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ ရွေးချယ်စရာ Option ၂ ခု ပါဝင်ပြီး ပြောင်းလဲချင်တဲ့ပမာဏဖြစ်စေ၊ စုစုပေါင်းအလျားကို ဖြစ်စေ သတ်မှတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AutoCAD က Lengthen အသုံးပြုနည်းနဲ့ ဆင်တူပေမယ့် ပိုပြီး လွယ်ကူ ရိုးရှင်းတာတွေ့ရပါမယ်။ ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။ အခု စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Extension ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Select Line Object ဆိုပြီး ပြောင်းလဲချင်တဲ့ လိုင်းရွေးပေးဖို့ တောင်းနေပါမယ်။ 3.       ဘယ်ဖက်က အလျား ၂၀၀’ ရှိတဲ့ လိုင်းကို ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို Specify distance to change or ( T otal) ဆိုပြီး ပေါ်လာပါမယ်။ 4.       စုစုပေါင်း အလျားကို ဖော်ပြပြီး ဆွဲမှာ ဖြစ်တဲ့အတွက် ( T otal) ကို ကလစ်လုပ်ပြီး ရွေးလိုက်ပါမယ်။ 5.       ဒါဆို Specify total distance ,

Civil 3D Tutorial : Side-Shot သုံးပြီး လိုင်းဆွဲမယ်

Image
  ACTC-MYANMAR ကနေ အခု တင်ဆက်တဲ့နည်းလေးကတော့ ကွင်းဆင်းတိုင်းတာထားတဲ့ bearing/ distance စတဲ့ အချက်အလက်များကို သုံးပြီး ဆွဲသားရမှာ ဖြစ်တဲ့အပြင် အချိန်နဲ့ တပြေးညီ သရုပ်ဖော်ပုံလေးတွေလည်း မြင်နေရတာမို့ တကယ်ကွင်းထဲမှာ တိုင်းနေရသလို ဖီလင်မျိုးကို ဒီနည်းလမ်းက ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။ အခု စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Side Shot ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       အခြေခံလိုင်း သို့မဟုတ် ပွိုင့်ကို သုံးပြီး ဆွဲမလားဆိုတာ ရွေးပေးရမှာ ဖြစ်ပါတယ်။ 3.       ကျွန်တော်တို့ကတော့ လိုင်း အသုံးပြု ဆွဲမှာ ဖြစ်တဲ့အတွက် ဘယ်ဖက်က အဖြူရောင်လိုင်း အောက်နားကို ကလစ်လုပ် ရွေးလိုက်ပါ။ ကလစ်လုပ်တဲ့ နေရာနဲ့ နီးတဲ့အစွန်းကို Occupy Point အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ 4.       အခု ပထမပွိုင့်ရဲ့ တည်နေရာကို အခြေခံပွိုင့်ကနေ မူတည်တိုင်းတာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ထောင့်တန်ဖိုးက ၄၅ ဒီဂရီ ဖြစ်ပြီး အကွာအဝေး ၁၀၀ ပေ မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီတော့ ၄၅ လို့

AutoCAD Civil3D Training Center