ACTC-MYANMAR : Create Line from End of Object

တခါတလေ ဆွဲပြီးသား လိုင်း အတိုင်း အဖြောင့် ဆက်ဆွဲချင်တာ သို့မဟုတ် မျဉ်းကွေးကနေ Tangent လိုင်းတခု ဆက်ဆွဲဖို့ လိုအပ်တာမျိုး ကြုံနိုင်ပါတယ်။ အခု ဆွဲပြတဲ့နည်းနဲ့ဆို သိခဲ့ဖူးတဲ့ အလွယ်ဆုံးနည်းထက်တောင် ပိုလွယ်တာ တွေ့ရမှာမို့ ဆက်ကြည့်လိုက်ရအောင်။

အဲလို ရှိပြီးသား လိုင်းတခုရဲ့ သို့မဟုတ် မျဉ်းကွေးတခုရဲ့ အဆုံးကနေပြီးတော့ လိုင်းဆက်ဆွဲချင်တဲ့အခါ အလွယ်တကူ အသုံးပြုနိုင်တဲ့ ဒီနည်းလမ်းနဲ့ ရေးဆွဲနိုင်ပါတယ်။ လိုင်းကနေ ဆက်ဆွဲရင်တော့ အဖြောင့်လိုင်းပဲ ရရှိမှာ ဖြစ်ပြီး မျဉ်းကွေးကနေ ဆက်ဆွဲတဲ့ အခါမှာတော့ တန်းဂျင့်လိုင်း ရရှိမှာ ဖြစ်ပါတယ်။ Powerful ဖြစ်တဲ့ Civil 3D ရဲ့ စွမ်းဆောင်ချက်များကြောင့် ဒါကို အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။

အခုစဆွဲကြည့်ပါမယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line from End of Object ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      မျဉ်းကွေး သို့မဟုတ် မျဉ်းကို ရွေးပေးဖို့ တောင်းဆိုနေတာ Command Line မှာ မြင်တွေ့ရပါမယ်။

3.      ရေပြင်ညီလိုင်းကို အရင် ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို ဆက်ဆွဲမယ့် အကွာအဝေး သတ်မှတ်ပေးဖို့ တောင်းပါမယ်။

4.      အဲဒီလို အကွာအဝေး သတ်မှတ်ရာမှာ နည်းလမ်း ၂ မျိုးနဲ့ သတ်မှတ်ပေးလို့ ရပါတယ်။ လိုချင်တဲ့နေရာကို တိုက်ရိုက် ကလစ်ချပြီး သတ်မှတ်ပေးလို့ ရသလို လိုချင်တဲ့ အတိုင်းအတာ တန်ဖိုး ရိုက်ထည့် သတ်မှတ်ပြီး ဆွဲလည်း ရပါတယ်။

5.      အခု ပထမဆုံး အနေနဲ့ တိုက်ရိုက်ကလစ်ချပြီး ဆွဲကြည့်ပါမယ်။ ညာဖက်တနေရာကို ကလစ်လိုက်တာနဲ့ အဲဒီနေရာကို ဆက်ဆွဲတဲ့ မျဉ်းတကြောင်း ရရှိလာပါတယ်။ ဒီနည်းကို တိတိကျကျ အသုံးပြုနိုင်ဖို့ဆိုရင်  reference point တခု ရှိထားဖို့ လိုအပ်ပါတယ်။ နောက်တနည်း ဆက်ဆွဲကြည့်ဖို့ Ctrl+Z နှိပ်ပြီး မူလအခြေအနေ ကို ပြန်သွားလိုက်ပါ။

6.      ကီးဘုတ်က Up Arrow ကို နှိပ်ပြီးတော့ လိုချင်တဲ့ Create Line from End of Object Command ကို ရှာပြီး ရောက်ရင် Enter နှိပ်လိုက်ပါ။

7.      Command အသက်ဝင်လာရင် အရင်ရွေးထားတဲ့ လိုင်းကိုပဲ ပြန်ကလစ်ပြီးတော့ ရွေးပေးပါ။

8.      ဆက်ဆွဲမယ့် အကွာအဝေး တောင်းနေတာမို့ ဒီတခါတော့ လိုချင်တဲ့ အကွာအဝေး ၁၅၀’ ရဖို့ 150 လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ကိုယ်လိုချင်တဲ့ အတိုင်းအတာ ၁၅၀’ ရှိတဲ့ လိုင်းတခု ရရှိလာပါပြီ။

9.      အတိုင်းအတာ စစ်ကြည့််ချင်တယ်ဆိုရင် Dimlinear Command အသုံးပြုပြီး စစ်ကြည့်နိုင်ပါတယ်။

10.   နောက်တခါ မျဉ်းကွေးအဆုံးကနေ ဆက်ဆွဲကြည့်ရအောင်။

11.   အပေါ်မှာ ပြထားတဲ့ နည်းလမ်းတခုခုကို သုံးပြီး Create Line from End of Object Command ပြန်ယူပါမယ်။

12.   ဆက်ဆွဲမယ့် အရာဝတ္ထု ရွေးခိုင်းချိန်မှာ မျဉ်းကွေးကို ကလစ်လုပ် ရွေးပေးပါမယ်။

13.   ဆက်ဆွဲမယ့် အကွာအဝေး တောင်းချိန်မှာလည်း လိုချင်တဲ့ အကွာအဝေး ၁၅၀’ ရဖို့ 150 လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် မျဉ်းကွေးအဆုံးကနေ အလျား ၁၅၀’ ရှိတဲ့ တန်းဂျင့်မျဉ်း ရရှိလာပါပြီ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot 

Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)