Civil 3D Tutorial : How to Easily Edit Length of the Line

 ACTC-MYANMAR က အခုတင်ဆက်ပေးချင်တဲ့နည်းလမ်းက Create Line by Extension နည်း ဖြစ်ပါတယ်။

လိုင်းတခုရဲ့ အလျားကို တိုစေ၊ ရှည်စေချင်တဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ ရွေးချယ်စရာ Option ၂ ခု ပါဝင်ပြီး ပြောင်းလဲချင်တဲ့ပမာဏဖြစ်စေ၊ စုစုပေါင်းအလျားကို ဖြစ်စေ သတ်မှတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AutoCAD က Lengthen အသုံးပြုနည်းနဲ့ ဆင်တူပေမယ့် ပိုပြီး လွယ်ကူ ရိုးရှင်းတာတွေ့ရပါမယ်။ ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။

အခု စဆွဲပါမယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Extension ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Select Line Object ဆိုပြီး ပြောင်းလဲချင်တဲ့ လိုင်းရွေးပေးဖို့ တောင်းနေပါမယ်။

3.      ဘယ်ဖက်က အလျား ၂၀၀’ ရှိတဲ့ လိုင်းကို ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို Specify distance to change or (Total) ဆိုပြီး ပေါ်လာပါမယ်။

4.      စုစုပေါင်း အလျားကို ဖော်ပြပြီး ဆွဲမှာ ဖြစ်တဲ့အတွက် (Total) ကို ကလစ်လုပ်ပြီး ရွေးလိုက်ပါမယ်။

5.      ဒါဆို Specify total distance, or (Change) ဆိုပြီး ပြောင်းသွားပါမယ်။ အခု အလျား ၁၅၀’ လိုချင်တာ ဖြစ်တဲ့အတွက် 150 လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

6.      အလျား ၂၀၀’ ရှိတဲ့လိုင်းက အလျား ၁၅၀’ သာရှိတဲ့ လိုင်းအဖြစ် ပြောင်းသွားတာ တွေ့ရပါမယ်။

7.      နောက်ထပ် ပြောင်းလဲချင်တဲ့ ပမာဏကို ဖော်ပြရေးဆွဲဖို့အတွက် Enter ၁ ချက် ထပ်ခေါက်ပြီး Command ယူလိုက်ပါမယ်။

8.      လိုင်းရွေးခိုင်းရင် အလျား ၅၉’ ကျော်ရှိတဲ့ လိုင်းကို ကလစ်လုပ် ရွေးပေးပါ။

9.      ဒါဆို ပြောင်းချင်တဲ့ ပမာဏ သတ်မှတ်ပေးလို့ ရပြီဖြစ်တဲ့အတွက် ၁၀၀’ ထပ်ရှည်ချင်တာမို့ 100 လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

ဒါဆို အလျား ၁၅၉’ ကျော်ရှိတဲ့ လိုင်းအဖြစ် ပြောင်းသွားတာ မြင်တွေ့ရပါမယ်။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)