Civil 3D Tutorial : Side-Shot သုံးပြီး လိုင်းဆွဲမယ်

 ACTC-MYANMAR ကနေ အခု တင်ဆက်တဲ့နည်းလေးကတော့ ကွင်းဆင်းတိုင်းတာထားတဲ့ bearing/ distance စတဲ့ အချက်အလက်များကို သုံးပြီး ဆွဲသားရမှာ ဖြစ်တဲ့အပြင် အချိန်နဲ့ တပြေးညီ သရုပ်ဖော်ပုံလေးတွေလည်း မြင်နေရတာမို့ တကယ်ကွင်းထဲမှာ တိုင်းနေရသလို ဖီလင်မျိုးကို ဒီနည်းလမ်းက ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။

အခု စဆွဲပါမယ်။

1.      ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Side Shot ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      အခြေခံလိုင်း သို့မဟုတ် ပွိုင့်ကို သုံးပြီး ဆွဲမလားဆိုတာ ရွေးပေးရမှာ ဖြစ်ပါတယ်။

3.      ကျွန်တော်တို့ကတော့ လိုင်း အသုံးပြု ဆွဲမှာ ဖြစ်တဲ့အတွက် ဘယ်ဖက်က အဖြူရောင်လိုင်း အောက်နားကို ကလစ်လုပ် ရွေးလိုက်ပါ။ ကလစ်လုပ်တဲ့ နေရာနဲ့ နီးတဲ့အစွန်းကို Occupy Point အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။

4.      အခု ပထမပွိုင့်ရဲ့ တည်နေရာကို အခြေခံပွိုင့်ကနေ မူတည်တိုင်းတာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ထောင့်တန်ဖိုးက ၄၅ ဒီဂရီ ဖြစ်ပြီး အကွာအဝေး ၁၀၀ ပေ မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီတော့ ၄၅ လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ဆက်ပြီး ၁၀၀ လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။

5.      ဒုတိယပွိုင့်အတွက် ဆက်ထည့်ပေးရမှာ ဖြစ်တဲ့အတွက် အပေါ်ကနည်းအတိုင်း ထောင့်တန်ဖိုးက ၄၅ ဒီဂရီ နှင့် အကွာအဝေး ၂၀၀ ပေ ထည့်ဆွဲပေးပါ။

6.      ဒါဆိုရင် ပထမပွိုင့် နှင့် ဒုတိယပွိုင့်ကို ဆက်ဆွဲထားတဲ့ လိုင်းအနီရောင် တွေ့ရပါမယ်။

7.      အပေါ်ကနည်းအတိုင်း တတိယပွိုင့်အတွက် ထောင့်တန်ဖိုးက ၆၀ ဒီဂရီ နှင့် အကွာအဝေး ၁၅၀ ပေ ထည့်ဆွဲပေးပါ။

8.      ဒါဆိုရင် ဒုတိယပွိုင့် နှင့် တတိယပွိုင့်ကို လိုင်းဆက်ဆွဲပေးတာ မြင်တွေ့ရပါမယ်။

9.      ပထမပွိုင့်ကို လိုင်းဆက်ပိတ်ဆွဲမှာမို့ ထောင့်တန်ဖိုးက ၄၅ ဒီဂရီ နှင့် အကွာအဝေး ၁၀၀ ပေ ထည့်ဆွဲပေးပါ။

10.   အခုဆို အနီရောင်တြိဂံ တခု ရရှိပါပြီ။ Enter ၂ ချက် ဆင့်ခေါက်ပြီး Command အဆုံးသတ်လိုက်ပါ။



အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။

ကျွန်တော် Civil 3D သင်တန်းလည်း ဖွင့်ထားပါတယ်။ 

သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။




#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)