Posts

Showing posts from January, 2022

Civil 3D Tutorials : ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲသားခြင်း နောက်တနည်း

Image
ယခင်တင်ဆက်ပြီးသား ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲနည်းလေးနဲ့ သံတူကြောင်းကွဲ ဒုတိယနည်းလေးကို မိတ်ဆွေများအတွက် AutoCAD Civil 3D Training Center Myanmar ကနေပြီး ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် အဲဒီမျဉ်းကွေးကို ခံဆောင်ထားတဲ့ ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် မျဉ်းကွေး Arc ကို ခံဆောင်ထားတဲ့ အတွင်းထောင့်တန်ဖိုး သတ်မ

Civil 3D Tutorials : Chord Length အသုံးပြု Arc ဆွဲနည်း

Image
AutoCAD Civil 3D Training Center Myanmar က တင်ဆက်ချင်တဲ့ စတုတ္ထမြောက် Arc ဆွဲသားနည်းကတော့ Chord Length အသုံးပြု ဆွဲသားနည်း ဖြစ်ပါတယ်။ ဘယ်လိုဆွဲမလဲ? ဒီနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ ဗဟိုမှတ် နှင့် အဲဒီမျဉ်းကွေး ရဲ့ လေးကြိုးအလျား Chord Length တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, Center , Length ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ ဗဟိုမှတ်ကို ဆက်တောင်းပါမယ်။ အလယ်ကောင် တည့်တည့်မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး ဗဟိုမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် မျဉ်းကွေး Arc ရဲ့ လေးကြိုးအလျား Chord Length သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရ

Civil 3D Tutorials : ဗဟိုခံဆောင်ထောင့် အသုံးပြု Arc ဆွဲနည်း

Image
ACTC Myanmar ကနေ တတိယနည်းအနေနဲ့ တင်ဆက်ပေးချင်တာကတော့  ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ ဗဟိုမှတ် နှင့် အဲဒီမျဉ်းကွေး Arc ကို ခံဆောင်ထားတဲ့ အတွင်းထောင့်တန်ဖိုးများ သတ်မှတ် ဖော်ပြ ရေးဆွဲနည်း ဖြစ်ပါတယ်။ စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, Center , Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ ဗဟိုမှတ်ကို ဆက်တောင်းပါမယ်။ အလယ်ကောင် တည့်တည့်မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး ဗဟိုမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခုဆိုရင် မျဉ်းကွေး Arc ကို ခံဆောင်ထားတဲ့ အတွင်းထောင့်တန်ဖိုး သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ ခံဆောင်ထောင့် ၄၅ ဒီဂရီ ထားမှာမို့ 45 လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ 6.       အ

Civil 3D Tutorials : ဗဟိုမှတ်အသုံးပြု Arc ဆွဲနည်း

Image
AutoCAD Civil 3D Training Center Myanmar ကနေ မျဉ်းကွေး Arc ဆွဲသားနည်းများ တပိုင်းခြင်း တင်ဆက်လာရာမှာ အခု ဒုတိယမြောက်နည်းလမ်းအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။ လက်တွေ့ရေးဆွဲထားတဲ့ ဗီဒီယိုလည်း အောက်မှာ ထည့်ပေးထားပါတယ်ခင်ဗျာ။ ဘယ်လိုဆွဲရမလဲ? အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ ဗဟိုမှတ် နှင့် အဆုံးမှတ်တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, Center , End ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ ဗဟိုမှတ်ကို ဆက်တောင်းပါမယ်။ အလယ်ကောင် တည့်တည့်မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး ဗဟိုမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခု မျဉ်းကွေး နောက်ဆုံးပွိုင့် သတ်မှတ်ပေးဖို့

Civil 3D Tutorials : Arc by 3 Point

Image
AutoCAD Civil 3D Training Center Myanmar ကနေ လိုင်းဆွဲသားနည်းများ အားလုံးပေါင်း ၁၆ နည်းကို ရေးသားတင်ဆက်ပေးခဲ့ပြီးမို့ အခု မျဉ်းကွေး arc များ ဆွဲသားနည်း တင်ဆက်ချိန် ရောက်ရှိလာပါပြီ။  ပထမဆုံး တင်ဆက်ပေးချင်တဲ့ arc ဆွဲသားနည်းကတော့ မိမိလိုချင်တဲ့ ပွိုင့် ၃ ခုကို ဖော်ပြ ပြီး ဆွဲသားရမယ့် 3 -Points နည်းပဲ ဖြစ်ပါတယ်။ အခု စဆွဲကြည့်ရအောင်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > 3- Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယပွိုင့် ဆက်တောင်းပါမယ်။ ဘယ်ဖက်အစွန်ဆုံးက ပွိုင့်ကို ကလစ်လုပ်ပြီး ဒုတိယမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.       အခု မျဉ်းကွေး နောက်ဆုံးပွိုင့် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ အပေါ်ဆုံးက ပွိုင့်ကို ကလစ်လုပ်ပြီး မျဉ်းကွေး အဆုံးမှတ်အဖြစ် သတ်မှတ်ပေးလိုက

Civil 3D Tutorial : How To Easily Draw Perpendicular Line in Civil 3D

Image
 အခု ACTC-Myanmar က ပြောပြချင်တဲ့နည်းကတော့ ထောင့်မှန်ကျမျဉ်း အလွယ်ဆွဲသားနည်း ဖြစ်ပါတယ်။  ရှိပြီးသား မျဉ်းကွေး သို့မဟုတ် မျဉ်းတခုပေါ်ကို ထောင့်မှန်ကျ မျဉ်းတကြောင်း လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆွဲချင်တဲ့အခါ ဒီနည်းကို သုံးပြီး ဆွဲနိုင်မှာ ဖြစ်ပါတယ်။ မိမိ အလိုရှိတဲ့အမှတ်ကို ရွေးချယ်သတ်မှတ် ဆွဲသားနိုင်မှာပါ။ ဒီလိုဆွဲတဲ့ အခါမှာ ကိုယ်ဆွဲချင်တဲ့ဘက်ကို Cursor ရွှေ့ပြီး လားရာပြထားပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့အတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။ စဆွဲကြည့်ရအောင်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line Perpendicular from Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       ဒါဆိုရင် Select arc or line object: ဆိုပြီး ကိုယ်ဆွဲချင်တဲ့ မျဉ်း သို့မဟုတ် မျဉ်းကွေးကို ရွေးပေးဖို့ ပြောပါမယ်။ arc ကို ကလစ်လုပ်ပြီး အရင် ရွေးပေးလိုက်ပါ။ 3.       အခုဆို Specify perpendicular point : ဆိုပြီး ထောင့်မှန်ကျ ဆွဲချင်တဲ့ ပွိုင့် သတ်မှတ်ဖို့ တောင်းနေပြီ ဖြစ်တဲ့အတွက် မျဉ်းကွေးအလယ်ခန့်မှာ ရှိတဲ့ ပွိုင့်ကို ကလစ်ချပြီး သတ်မှတ်ပေးပါမယ်။ 4.       အကွာအဝေး သတ်မှတ်

Civil 3D Tutorials : Tangent မျည်း အလွယ်ဆွဲနည်း

Image
ကိုယ်ပုံလိုအပ်ချက်အရ ရှိပြီးသား မျဉ်းကွေးတခု သို့မဟုတ် မျဉ်းတခုပေါ်က အမှတ်တခုကို Tangent မျဉ်းတကြောင်း ဆွဲချင်တဲ့အခါ ဘယ်နည်းကို သုံးဖြစ်ကြသလဲခင်ဗျာ? ACTC-MYANMAR က တင်ပေးတဲ့ ဒီနည်းလေးကို သုံးကြည့်ရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆွဲနိုင်တာ တွေ့ရပါမယ်။  အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရသတဲ့။ ဒါကြောင့် ဒီနည်းလေးကို ကျွန်တော့်မိတ်ဆွေတွေကို မျှဝေလိုက်ပါတယ်။ ဘယ်လို ရလာမလဲ? လိုင်းကနေ ဆက်ဆွဲရင်တော့ အဖြောင့်လိုင်းပဲ ရရှိမှာ ဖြစ်ပြီး မျဉ်းကွေးကနေ ဆက်ဆွဲတဲ့ အခါမှာတော့ တန်းဂျင့်လိုင်း ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဆွဲတဲ့ အခါမှာ ကိုယ်ဆွဲချင်တဲ့ဘက်ကို Cursor ရွှေ့ပြီး လားရာပြထားပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့အတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။ စဆွဲကြည့်ရအောင်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line Tangent from Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       ဒါဆိုရင် Select arc or line object: ဆိုပြီး ကိုယ်ဆွဲချင်တဲ့ မျဉ်း သို့မဟုတ် မျဉ်းကွေးကို ရွေးပေးဖို့ ပြောပါမယ်။ arc ကို ကလစ်လုပ်ပြီး အရင် ရွေးပေးလိုက်ပါ။ 3.       အခုဆို Specify point

AutoCAD Civil3D Training Center