Civil 3D Tutorials : Arc by 3 Point

AutoCAD Civil 3D Training Center Myanmar ကနေ လိုင်းဆွဲသားနည်းများ အားလုံးပေါင်း ၁၆ နည်းကို ရေးသားတင်ဆက်ပေးခဲ့ပြီးမို့ အခု မျဉ်းကွေး arc များ ဆွဲသားနည်း တင်ဆက်ချိန် ရောက်ရှိလာပါပြီ။ 

ပထမဆုံး တင်ဆက်ပေးချင်တဲ့ arc ဆွဲသားနည်းကတော့ မိမိလိုချင်တဲ့ ပွိုင့် ၃ ခုကို ဖော်ပြ ပြီး ဆွဲသားရမယ့် 3-Points နည်းပဲ ဖြစ်ပါတယ်။

အခု စဆွဲကြည့်ရအောင်။

1.      ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > 3- Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။

3.      ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။

4.      ဒါဆို ဒုတိယပွိုင့် ဆက်တောင်းပါမယ်။ ဘယ်ဖက်အစွန်ဆုံးက ပွိုင့်ကို ကလစ်လုပ်ပြီး ဒုတိယမှတ် အဖြစ် သတ်မှတ်ပေးပါ။

5.      အခု မျဉ်းကွေး နောက်ဆုံးပွိုင့် သတ်မှတ်ပေးဖို့ ဆက်တောင်းတာ တွေ့မြင်ရပါမယ်။ အပေါ်ဆုံးက ပွိုင့်ကို ကလစ်လုပ်ပြီး မျဉ်းကွေး အဆုံးမှတ်အဖြစ် သတ်မှတ်ပေးလိုက်ပါ။

အခုဆို ကျွန်တော်တို့ သတ်မှတ်ခဲ့တဲ့အတိုင်း မျဉ်းကွေး Arc တခု ရရှိပါပြီ။

အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Civil 3D သင်တန်းလည်း ဖွင့်ထားတဲ့အတွက် တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။


#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)