Civil 3D Tutorial : How To Easily Draw Perpendicular Line in Civil 3D

 အခု ACTC-Myanmar က ပြောပြချင်တဲ့နည်းကတော့ ထောင့်မှန်ကျမျဉ်း အလွယ်ဆွဲသားနည်း ဖြစ်ပါတယ်။ 

ရှိပြီးသား မျဉ်းကွေး သို့မဟုတ် မျဉ်းတခုပေါ်ကို ထောင့်မှန်ကျ မျဉ်းတကြောင်း လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆွဲချင်တဲ့အခါ ဒီနည်းကို သုံးပြီး ဆွဲနိုင်မှာ ဖြစ်ပါတယ်။ မိမိ အလိုရှိတဲ့အမှတ်ကို ရွေးချယ်သတ်မှတ် ဆွဲသားနိုင်မှာပါ။ ဒီလိုဆွဲတဲ့ အခါမှာ ကိုယ်ဆွဲချင်တဲ့ဘက်ကို Cursor ရွှေ့ပြီး လားရာပြထားပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့အတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။

စဆွဲကြည့်ရအောင်။

1.      ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line Perpendicular from Point ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။

2.      ဒါဆိုရင် Select arc or line object: ဆိုပြီး ကိုယ်ဆွဲချင်တဲ့ မျဉ်း သို့မဟုတ် မျဉ်းကွေးကို ရွေးပေးဖို့ ပြောပါမယ်။ arc ကို ကလစ်လုပ်ပြီး အရင် ရွေးပေးလိုက်ပါ။

3.      အခုဆို Specify perpendicular point : ဆိုပြီး ထောင့်မှန်ကျ ဆွဲချင်တဲ့ ပွိုင့် သတ်မှတ်ဖို့ တောင်းနေပြီ ဖြစ်တဲ့အတွက် မျဉ်းကွေးအလယ်ခန့်မှာ ရှိတဲ့ ပွိုင့်ကို ကလစ်ချပြီး သတ်မှတ်ပေးပါမယ်။

4.      အကွာအဝေး သတ်မှတ်ပေးဖို့ Specify distance: ဆိုပြီး တောင်းနေပါတယ်။ အကွာအဝေး သတ်မှတ်ရာမှာ လိုချင်တဲ့အမှတ်မှာ ကလစ်ချပြီး သတ်မှတ်လို့ရသလို လိုချင်တဲ့ အတိုင်းအတာ သတ်မှတ်ပြီး ထည့်သွင်းရေးဆွဲလို့လည်း ရပါတယ်။

5.      ဒီမှာတော့ အကွာအဝေး သတ်မှတ်ပြီး ဆွဲမှာ ဖြစ်တဲ့အတွက် လိုချင်တဲ့ အကွာအဝေး ၅၀’ ကို သတ်မှတ်ဖို့ 50 လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

6.      အခုဆို မျဉ်းကွေးပေါ်ရှိ အမှတ်တခုကို ထောင့်မှန်ကျနေတဲ့ ၅၀’ အရှည် လိုင်းတခု ရေးဆွဲထားပြီး ဖြစ်ပါတယ်။


7.      အခု မျဉ်းဖြောင့်ပေါ်မှာ ထောင့်မှန်ကျလိုင်း ဆက်ဆွဲပါမယ်။

8.      Enter ထပ်ခေါက်ပြီး command ပြန်ခေါ်လိုက်ပါ။ Select arc or line object: ဆိုပြီး ကိုယ်ဆွဲချင်တဲ့ မျဉ်း သို့မဟုတ် မျဉ်းကွေးကို ရွေးပေးဖို့ ပြောချိန်မှာ အောက်က အလျားလိုက် မျဉ်းဖြောင့်ကို ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။

9.      Specify perpendicular point : ဆိုပြီး ထောင့်မှန်ကျ ဆွဲချင်တဲ့ ပွိုင့် သတ်မှတ်ဖို့ တောင်းနေချိန်မှာတော့ မျဉ်းဖြောင့် အလယ်မှတ်ကို Osnap အသုံးပြုပြီး ကလစ်လုပ် သတ်မှတ်ပေးပါ။

10.   အကွာအဝေး သတ်မှတ်ပေးဖို့ Specify distance: ဆိုပြီး တောင်းလာရင် အလျား ၁၀၀’ ရှိတဲ့လိုင်း ဆွဲမှာ ဖြစ်တဲ့အတွက် 100 လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

11.   အခုဆို အလျားလိုက် မျဉ်းဖြောင့်အလယ်မှတ်ကို ထောင့်မှန်ကျနေတဲ့ အရှည် ၁၀၀’ ရှိ မျဉ်းတကြောင်း ဆွဲသားပြီး ဖြစ်ပါတယ်။


အလုံးစုံ မဟုတ်ရင်တောင် တခုခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ဘေးကင်း လုံခြုံကြ၍ ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေခင်ဗျာ။ Civil 3D သင်တန်း တက်ရောက်လိုသူများ အနေနဲ့ သင်တန်း အကြောင်းအရာများကို https://www.actcmyanmar.com/p/training.html မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

သိုမှီးသိမ်းဆည်းစရာ Online Storage အတွက် Pcloud အကောင့်ဖွင့်လို့ပါကလည်း

 https://u.pcloud.com/#page=register&invite=yqzH7ZezszOX ကနေဖွင့်နိုင်ပါတယ်ခင်ဗျာ။

500 GB အထိ သိမ်းဆည်းနိုင်တဲ့ Premium Account ( တလ ၅ ဒေါ်လာ တန်ကို ) တလ ဖရီး အစမ်းသုံးချင်ပါက

  https://www.pcloud.com/welcome-to-pcloud/?discountcode=hhNH5WCSXhYC3xAYbKmvvmZV&locationid=1 ကနေ အကောင့်ဖွင့်သုံးပါခင်ဗျာ။

ဒါကတော့ professional များအတွက် ကိုယ်ပိုင် Premium Account 500 GB နှင့် Premium Plus 2 TB တနှစ်စာ သို့မဟုတ် life time Pcloud Storage ဝယ်လိုပါက

 https://partner.pcloud.com/r/39774 သို့မဟုတ် https://partner.pcloud.com/ref/4ae04140d2

ကနေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

တင်သမျှကို လက်မလွတ်စတမ်း ကြည့်ရှုနိုင်ဖို့ အောက်မှာ အီးမေးလ်ထည့်ပြီး follow and subscribe လုပ်ထားပေးပါခင်ဗျာ။



#AutoCAD  #Civil3D  #Training  #Myanmar  #Engineer  #Surveyor  #Tutorial  #Infrastructure  #Road  #Dam  #Irrigation  #Canal  #Earthwork  #Layout  #Planning  #Urban  #Drainage  #Grading  #Alignment  #Surface  #Contour  #Profile  #Corridor  #Traverse  #Construction  #Landscape  #ParkingLot


Comments

AutoCAD Civil3D Training Center

Popular posts from this blog

Civil 3D Training (Dam Modelling Course)

Civil3D Tutorial : Create Profile Without Surface & Alignment

Civil 3D Training (Mastering for Road Design Course)